အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသမှာ လေပြင်းတိုက်ပြီး တောမီးပျံ့နှံ့လောင်ကျွမ်းနေတာကြောင့် မီးသတ်သမားတွေက မီးငြိမ်းသတ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေကြရပြီး ဗုဒ္ဓဟူးနေ့အစောပိုင်းအထိ အခြေအနေတွေပိုဆိုးလာနိုင်တဲ့အတွက် ဒေသ တာဝန်ရှိသူတွေက လိုအပ်တာတွေ ကြိုတင်ပြင်ဆင်နေကြပါတယ်။
တိဘက်ဒေသအတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၂၆ ဦးရှိသွားပြီဖြစ်ပြီး အပျက်အစီးတွေကြား အသက်ရှင်လျက်ကျန်ရစ်နိုင်သူတွေနဲ့ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့အထိဆက်လက်ရှာဖွေနေ ပါတယ်။
တနင်္သာရီတိုင်း ပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ဒေသတွင်း စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးပိုတင်းကြပ်လာကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ရေကြောင်းရော လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေကြောင်း အကူအညီ ပေးနေသူတွေက ပြောပါတယ်။
အမေရိကန်ရဲ့ ၃၉ ယောက်မြောက် သမ္မတ Jimmy Carter ရဲ့ ရုပ်ကလာပ်ကို လွှတ်တော်ခန်းမကြီးထဲမနေ့ညနေက သယ်ဆောင်လာခဲ့ပြီးနောက် ပါတီကြီးနှစ်ရပ်လုံးက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒုသမ္မတ Harris၊ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ တရားသူကြီးချုပ်သုံးဦးတို့ Lie in State ကို တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လူစည်ကားတဲ့နေရာတခုမှာ မနေ့က ကမ္ဘောဒီးယားနိုင်ငံ အတိုက်အခံအမတ်ဟောင်း Lim Kimya အသတ်ခံခဲ့ရတဲ့ကိစ္စ အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ ထိုင်း အတိုက်အခံ People’s Party ပါတီအမတ်တဦးက ထိုင်းအစိုးရကို တောင်းဆိုပါတယ်။
TNLA ခေါ် တအန်းတပ်မတော်က သိမ်းယူထားတဲ့ မန္တလေးတိုင်း ဒေသကြီးက မိုးကုတ်မြို့ကို ဒီနေ့ နေ့ခင်း ၁၂နာရီခွဲကျော်မှာ စစ်ကောင်စီက Y12 လေယာဉ်နဲ့ ၃ကြိမ်ထက်မနည်းလာရောက်ပြီး ဗုံး အလုံး ၂၀ကျော်ကြဲချခဲ့ပါတယ်။
ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ နေ့လည်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာကြောင့် မံစီမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီလို့KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အတည်ပြုပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့သိမ်းနိုင်ရေး ထိုးစစ်ဆင်နေတဲ့ ချင်းညီနောင်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ တိုက်ပွဲအနီးအနားမှာရှိတဲ့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံနေရပြီး အတင်းအကြပ် ခိုင်းစေခံနေရတယ်လို့ ယုံကြည်ရတဲ့ ဟောင်ကောင်ဒေသခံ ၆ ဦးရဲ့ မိသားစုတွေက အဖမ်းခံရသူတွေ လွတ်မြောက်ရေး တရုတ်အစိုးရဆီက အကူအညီယူဖို့ ဟောင်ကောင်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနယ်ဘက်က ပြန်ကယ်ထုတ်နိုင်ခဲ့တဲ့ တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ဟာ တရုတ်လူကုန်ကူး အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ ဖမ်းဆီးရောင်းစားခံခဲ့ရတာလို့ ထိုင်းရဲချုပ်ကသတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြောဆိုသွားပါတယ်။
တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားစေတဲ့ (HMPV) ဗိုင်းရပ်စ်ပိုးဟာ ဆောင်းရာသီ ပုံမှန်ဖြစ်ပွားတတ်တဲ့ ဗိုင်းရပ်စ်ပိုး တမျိုးသာ ဖြစ်တယ်ဆိုပြီး တရုတ်အစိုးရ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာနရဲ့ ပြောဆိုချက်ကို မြန်မာစစ်ကောင်စီသတင်းစာမှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ထိုင်း ငါးဖမ်းသမား ၄ ယောက်ဆီ သွားတွေ့မယ့်အစီအစဉ်ကို ဖျကသိမ်းပေးဖို့ ထိုင်း အတိုက်အခံပြည်သူ့ပါတီ အမတ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းနေပါတယ်။
ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီ Samsung ဆမ်ဆောင်းက လာ့စ်ဗေးဂတ်စ်မြို့မှာ ဇန်နဝါရီ ၇ ကနေ ၁၀ အထိ ကျင်းပတဲ့ CES လူသုံးကုန်လျှပ်စစ်ပစ္စည်း ကုန်စည်ပြပွဲမှာ စမတ်အိမ်သုံးပစ္စည်းတွေ ပြသနေပြီး အထူးသဖြင့် AI နည်းပညာသုံး ရေခဲသေတ္တာသစ်နဲ့ အနုပညာလက်ရာတွေ ကြည့်ရှုနိုင်တဲ့ တီဗွီတွေ ပါဝင်ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့စွန်က လူချမ်းသာရပ်ကွက်နားမှာ တောမီးကြီးတောက်လောင်တာ ဧက ၂၀၀ မီးထဲပါသွားပြီ ဖြစ်ပြီး ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဆန်တာမိုနီကာနဲ့ မာလီဘူကြား ပါလီဆိဒ်စ်ရပ်ကွက်မှာ တောက်လောင်နေတာ ဖြစ်ပြီး ကားနဲ့ ထွက်လာကြသူတွေနဲ့ ယာဉ်ကြောပိတ်ဆို့နေတာပါ။
ပြီးခဲ့တဲ့ တနှစ်ကျော်က ဟားမတ် စစ်သွေးကြွ အဖွဲ့ ဖမ်းသွားတဲ့ ဓားစားခံအားလုံးကို ပြန်လွှတ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုထားပြီး ဒီလိုမှ မဟုတ်ရင်တော့ ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ဆောင်ရွက်မှုနဲ့ ကြုံရမယ်လို့ ၆ ကြိမ်တိတိ ပြောခဲ့ပါတယ်။
ကာတာ စင်တာမှာ အများပြည်သူ ဂါရဝပြုနိုင်ရေး ထားရှိခဲ့တဲ့ အမေရိကန်ရဲ့ ၃၉ ယောက်မြောက် သမ္မတ ဂျင်မီကာတာရဲ့ ရုပ်အလောင်းကို အင်္ဂါနေ့မှာ ဝါရှင်တန် ဧရိယာကို သမ္မတတွေ အတွက် သီးသန့် လေယာဉ် Special Air Mission 39 နဲ့ သယ်ယူလာတာ ဖြစ်ပါတယ်။
နီပေါနဲ့ တရုတ်နိုင်ငံ အနောက်ပိုင်းက ကုန်းမြင့်ဒေသမှာ အင်းအားပြင်းငလျင်လှုပ်ခတ်မှုကြောင့် တိဘက် ဒေသမှာ အနည်းဆုံး လူ ၁၂၆ ဦး သေဆုံး၊ ရာနဲ့ချီတဲ့ အိမ်တွေ ပျက်စီးပြီး လမ်းတွေမှာလည်း အပျက်အစီးတွေနဲ့ ပျံ့ကျဲနေပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့၊ ရေပူကျေးရွာမှာ ဇန်နဝါရီလ ၆ရက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး လက်ပစ်ဗုံးမတော်တဆ ပေါက်ကွဲတာကြောင့် လက်ပစ်ဗုံးကိုင်ဆောင်ထားတဲ့ သူအပါအဝင် သူဇနီးပါသေဆုံးခဲ့ပြီးတခြား လူ ၃ ဦးကို ထိမှန်တာကြောင့် ဒဏ်ရာတွေရခဲ့ပါတယ် ။
ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာအတွက် အောက်မေ့ဖွယ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အမေရိကန်သံရုံးနဲ့ ချင်းမိုင်မြို့ အမေရိကန်ကောင်စစ်ဝန်ရုံးတွေကို ဇန္နဝါရီလ ၉ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ အမေရိကန်သံရုံးက ကြေညာပါတယ်။
၂၀၂၀ မှာ တရုတ်အစိုးရက ဒဏ်ခတ်အရေးယူစာရင်းထဲ ထည့်သွင်းထားပေမယ့် တကယ်လို့သာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြု ခန့်အပ်ခံရမယ်ဆိုရင် တရုတ်နဲ့ ဆက်ဆံဆွေးနွေးပြီး အဖြေရှာဖွေနိုင်လိမ့်မယ်လို့ လွှတ်တော်အမတ် Marco Rubio ပြောပါတယ်။ VOA သတင်းထောက် Nike Ching ရဲ့သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်