ကန်သမ္မတနဲ့ စင်္ကာပူဝန်ကြီးချုပ် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး၊ တရုတ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံကို သွားရောက်၊ တိုင်းရင်းသားဒေသ စစ်ကောင်စီ စစ်ရေးအရှိန်မြှင့်၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့နယ်ကနေ ဆီဆိုင်မြို့နယ်ဘက် ထွက်ပြေးခိုလှုံလာကြတဲ့ ဒုက္ခသည် ၈ ထောင်ကျော်ဟာ ရေရှားပါးမှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မယ့် အခြေအနေ ရင်ဆိုင်နေကြရပါတယ်။
“ညီမတို့က စစ်ဘေးရှောင်လာကြတာပေါ့။ ယင်းမာပင်မြို့ပေါ်ဘက်က ဘုန်းကြီးကျောင်းမှာ ရွာထောင်လေးရွာက သွားရှောင်ထားတာ၊ သွားရှောင်ထားတဲ့ကြားထဲမှာ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်း- ယောက်ကျားလေးမှန်သမျှကို အကုန်ခေါ်သွားတာရှင်။ အတိအကျတော့ မသိဘူး။ ၃၀ နီးနီးတော့ ရှိတယ်ရှင်။ ကျမ အကို ဖမ်းတဲ့ထဲ ပါသွားတယ်ရှင်။ (မိသားစုဝင်)
မြန်မာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားသူတွေအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၃၆ သန်း ကူညီဖို့ရှိ၊ မြန်မာ့အရေး မျက်ခြေမပြတ်ဖို့ ကုလက နိုင်ငံတကာကို သတိပေး၊ မြန်မာငွေစက္ကူအတုသတင်း မမှန်ကြောင်း ဗဟိုဘဏ်ပြော၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်းမြန်မာသတင်းတွေကို နန်ေးလာင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က အနျူမြူဓာတ်ပေါင်းဖို မတော်တဆယိုစိမ့်ခဲ့ရတဲ့ ဂျပန်နိုင်ငံ ဖူကူရှီးမားမှာ ပြန်ပြည့်မြဲစွမ်းအင်တွေ အပြည့်အဝထုတ်ယူဖို့ အပြင်းအထန်လုပ်ကိုင်နေပါတယ်။ AFP သတင်းကိုအေခြခံပြီး နန်းလောင်ဝ်ကတင်ပြထားပါတယ်။
မြန်မာကို စစ်လက်နက်ပို့တဲ့ တရုတ်၊ ရုရှား၊ ဆားဘီးယား အီးယူ ရှုတ်ချ၊ မြန်မာ့ငြိမ်းချမ်းရေး ကူညီသူ ဆာဆာကာဝါနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံ၊ လျှပ်စစ်မီးဖြတ်တောက်မှု နေ့စဉ်လူနေမှုဘဝတွေကို ထိခိုက်၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
“ဒီမနက်အစော လေယာဉ်နဲ့လာပြီးတော့ ဗုံးလာကြဲသွားတယ်ပေါ့နော်။ ဘုရားကျောင်း တော်တော်လေးကို ထိသွားတယ်။ အဓိက သူတို့ပစ်မှတ်ထားတာတော့ ဒီဘုရားကျောင်းမှာ လူနေတယ်ထင်ပြီးတော့ ဘုရားကျောင်းကို ပစ်မှတ်ထားပြီး ဗုံးလာကြဲသွားတာ။ တိုက်ပွဲတော့ မရှိဘူး။ တိုက်ပွဲနဲ့က အဝေးကြီးပါ။” (ဒေသခံ)
တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ အိမ်နီးချင်း မကွေးတိုင်းဆောမြို့နယ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ပြည်တွင်းဒုက္ခသည်တွေဟာ သူတို့ပုန်းခိုတဲ့နေရာတွေဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေကြောင့် နောက်ထပ်လုံခြုံမယ်ထင်တဲ့ နေရာတွေဆီ မကြာမကြာ ထပ်မံပြေးလွှား ရှောင်တိမ်းနေကြရပါတယ်။
အမေရိကန်၊ အာဆီယံ ထိပ်သီးစည်းဝေးပွဲ စစ်ကောင်စီကို မဖိတ်ကြား၊ စစ်တပ် ထိုးစစ်တိုးမြှင့်မှု အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ပိုများ၊ အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စည်စီးဆင်းမှုပြတ်တောက်ပြီး ကုန်ဈေးနှုန်း တက်၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်ေးလာင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
“စာရင်းအတိအကျတွက်တာ တသောင်းကျော်ပေါ့နော်၊ မိုးဗြဲအနောက်ဘက်ခြမ်းမှာဆို စစ်ဘေးရှောင်ပေါ့နော်။ အခု ထပ်ရှောင်တဲ့ လူလည်းရှိတယ်။..... မနေ့ညက ရိက္ခာပြန်လာယူတဲ့လူတွေရှိတယ်။ အဲ့ဒါစစ်ကြောင်းနဲ့ တိုးပြီး ပစ်သတ်ခံရတဲ့ လူ ၄ ဦးရှိတာပေါ့နော်။”(ဒုက္ခသည်တွေကူညီနေသူ)
စစ်အာဏာသိမ်းပြီးနောက်ပိုင်းသဘာဝသယံဇာတထုတ်ယူမှုသုံးစွဲမှုနဲ့ တရားမဝင်မှောင်ခိုတင်ပို့မှုတွေ အဆမတန်တိုးပြီး သစ်တောပြုန်းတီးမှုလည်း အတော်ဆိုးလာတယ်လို့ စောင့်ကြည့်လေ့လာနေသူတွေကပြောပါတယ်။သက်ဆိုင်ရာကဒီကိစ္စကို ဖိဖိစီးစီးမလုပ်နိုင်ပဲသဘာဝပတ်ဝန်းကျင်သမားတွေ အဖမ်းခံရ၊ တိမ်းရှောင်နေရတာတွေလည်းရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝသယံဇာတ ထုတ်ယူမှု၊ သုံးစွဲမှုနဲ့ တရားမဝင် မှောင်ခိုတင်ပို့မှုတွေ အဆမတန် တိုးလာသလို သစ်တောပြုန်းတီးမှုလည်း အတော်ဆိုးလာတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ကြားနာ၊ မြန်မာအာဏာသိမ်း စစ်တပ်ကို လေယာဉ်ဆီရောင်းတာ ပိတ်ပင်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် မိုးဗြဲမြို့နယ် လွယ်ရင် မင်္ဂလာကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစ္စရေလ်းနိုင်ငံ ဂျေရုဆလင်မ်မြို့က အဏ္ဏဝါပြတိုက် အလယ်မှာတော့ ကမ္ဘာ့နေရာစုံက အနုပညာရှင်တွေပေးပို့လာတဲ့ ပလပ်စတစ်စတွေနဲ့ ကမ္ဘာလုံးပုံစံ တည်ဆောက်ပြီး ကမ္ဘာမြေထုကြီးအပေါ် ဘယ်လောက်ထိခိုက်ပျက်စီးစေသလဲဆိုတာ ပြသထားပါတယ်။ အေပီသတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
အာဏာသိမ်း ၁ နှစ်ပြည့် မြန်မာ့အခြေအနေ ကန်အောက်လွှတ်တော်မှာဆွေးနွေးပွဲ၊ အာဏာသိမ်းနောက်ပိုင်း အိုးအိမ်စွန့်ပြေးရသူ ၂ ဆတိုး၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက သတင်းသမားတွေအနေနဲ့ သူတို့ အလုပ်လုပ်လို့မရလောက်အောင် စစ်ကောင်စီက စည်းမျဉ်းစည်းကမ်းတွေ အလွန်တင်းကြပ်ထားတာကြောင့် မြန်မာသတင်းထောက်တွေအနေနဲ့ အဖမ်းအဆီးခံရတာတွေနဲ့တခြားဖြစ်ရပ်ဆိုးတွေ မကြုံအောင် ပုန်းလျိုးကွယ်လျိုးနဲ့ Citizen Journalist လို့ခေါ်တဲ့ ပြည်သူ့သတင်းထောက်တွေ ပိုများလာပါတယ်။
ဥတုရာသီပြောင်းလဲမှုကြောင့် လူတွေ သောက်နေကြတဲ့ ကော်ဖီတွေ ရှားပါးလာနေပြီးထပ် မထုတ်လုပ်နိုင်တော့တဲ့ အရေး ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း အာဖရိက ကော်ဖီတောင်သူတွေနဲ့ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး အဖြေရှာနိုင်ဖို့ ကြိုးပမ်းနေသလို ကော်ဖီမျိုးစိတ်သစ်တွေလည်း ပေါ်ထွက်လာပါတယ်။ နန်းလောင်ဝ်က ဆက်ပြီးတင်ပြမှာပါ။
မြန်မာ့အရေး အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဆွေးနွေးပွဲကျင်းပ၊ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တကျော့ပြန်တိုး၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်