NATO မဟာမိတ်အဖွဲ့ကြီးကို ခေတ်နောက်ကျ ကျန်နေခဲ့ပြီလို့ မဲဆွယ်စည်းရုံးပွဲတွေမှာ ပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတ Donald Trump က NATO အဖွဲ့အပေါ် အမေရိကန်ရဲ့ တာဝန်ခံမှုကို ထပ်လောင်းအာမခံပါတယ်လို့ NATO အဖွဲ့အကြီးအကဲနဲ့ တွေ့ဆုံချိန်မှာ ပြောသွားပါတယ်။ Zlatika Hoke သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်နေတာတွေကို ဆက်ပြီးသည်းခံမှာမဟုတ်တော့ဘဲ ပိုမိုတင်းကြပ်တဲ့လူဝင်မှုကြီးကြပ်ရေးစနစ်နဲ့ အရေးယူသွားမယ်လို့ရှေ့နေချုပ် Jeff Sessions ကကြေညာလိုက်ပါတယ်။ Zlatika Hoke ရဲ့သတင်းလွှာကိုဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
ဒီနှစ်အတာသင်္ကြန်မှာ..ပြည်သူတွေနားယဉ်နေတဲ့ သင်္ကြန်သီချင်းတွေ ၊ ခေတ်ပေါ်မြူးကြွ တဲ့ တေးသံတွေ နဲ့ အတူ မြန်မာ့ရိုးရာ သံချပ်တွေလည်းကြားကြရမှာပါ။ဒါ့ကြောင့် ဒီနှစ်သံချပ်တွေမှာ ဘာတွေများ ထူးထူးခြားခြား သံချပ်တွေ စပ်ဆိုကြမလဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။
အမေရိကန်သမ္မတအိမ်ဖြူတော်က မတည်မငြိမ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံအပေါ် စစ်ရေးအရ ရေးယူနိုင်ဖွယ် ရှိတယ်လို့ ဒီတပတ်ထဲမှာ အရိပ်အမြွက်ပြောခဲ့ပေမဲ့ ဆီးရီးယားသမ္မတ အာဆတ်ကို ဖယ်ရှားရေးကတော့ ဦးစားပေးမယ့်လုပ်ရပ်တခုမဟုတ်ဘူးလို့မနေ့က ကြေညာလိုက်ပြန်ပါတယ်။WilliamGalloရဲ့သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
ဆီးရီယားအစိုးရက Idlib မြို့က အရပ်သားတွေကို အဆိပ်ငွေ့လို့ မသင်္ကာရတဲ့ ဓါတုလက်နက်နဲ့ အင်္ဂါနေ့က တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို အိမ်ဖြူတော်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ သမ္မတ Bashar Al Assad အနေနဲ့ ဓါတုလက်နက်တွေကို စွန့်လွှတ်ဖို့ နိုင်ငံတကာက ဖိအားပေးနေကြပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
အမျိုးသား ရင်ကြားစေ့ရေးအတွက် ဦးတည် ကြိုးစားနေတဲ့ NLD အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသား ဒေသတွေမှာ ရှုံးနိမ့်ခဲ့တာဟာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေး အတွက် စိုးရိမ်စရာ ဖြစ်လာနေပါသလား။ NLD အနေနဲ့ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတာကို ဆွေးနွေးထားပါတယ်။
နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ဝင် ၆၈ နိုင်ငံက ကိုယ်စားလှယ်တွေရဲ့ IS အကြမ်းဖက် အဖွဲ့ချေမှုန်းရေး မဟာဗျူဟာမြောက် ညီလာခံမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ အဓိကကျတဲ့ အခန်းကနေ ဦးဆောင် ဆွေးနွေးနေပါတယ်။IS ချေမှုန်းရေးလုပ်ငန်းတွေအကြောင်းCindySaineသတင်းလွှာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
လေယာဉ်ပေါ် အီလက်ထရောနစ်ပစ္စည်းသယ်ဆောင်ခွင့်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson က IS အကြမ်းဖက်အဖွဲ့ကိုချေမှုန်းရေး အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့ရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ နိုင်ငံပေါင်း ၆၈ နိုင်ငံက တာဝန်ရှိသူတွေကိုဖိတ်ခေါ်ပြီးညီလာခံတရပ်ကျင်းပဖို့ရှိပါတယ်။CindySaineသတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။
နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေသစ် ထုတ်ပြန်ဖို့ရှိ
အမေရိကန်သမ္မတ Donald Trump အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက်ထောက်ခံသွားဖို့ ပါတီကြီး နှစ်ရပ်စလုံးက အခိုင်အမာ ရပ်တည်နေကြပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်။ သံအမတ်ကြီးကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကျပ်အတည်းတချို့ ရင်ဆိုင်ရတယ်ဆိုပေမယ့်လည်း မြန်မာအစိုးရရဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ မျှော်လင့်နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိနေဆဲဖြစ်တဲ့အကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည်က ပြောဆိုပါတယ်။
ဦးအောင်ကြည်နဲ့ ငြိမ်းချမ်းရေး
ပဋိပက္ခလွန် ရခိုင်ပြည်နယ်တွင်းက လိုအပ်ချက်တွေအတွက် အာဆီယံနိုင်ငံအချို့ရဲ့ အကူအညီတွေကို အစိုးရဖက်က စီမံဆောင်ရွက်တဲ့အတွက်၊ အကူအညီတွေ စနစ်တကျဖြစ်ပြီး လူမှုအသိုင်းအဝိုင်းအားလုံး ခံစားခွင့်ရစေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေကို ပြောပါတယ်။
ရခိုင်ပြည်နယ်အတွက် အင်ဒိုနီးရှားနိုင်ငံ ပေးအပ်တဲ့ အကူအညီတွေဟာ နှစ်နိုင်ငံ သံတမန်နည်းလမ်းနဲ့ စနစ်တကျ ဖြန့်ဝေနေတာဖြစ်ပြီးလူမျိုးဘာသာမရွေးအားလုံးကို ပေးအပ်မှာဖြစ်တဲ့အကြောင်းVOA မြန်မာပိုင်းအစီအစဉ်က ဒေါ်ခင်စိုးဝင်းက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားစဉ်လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပြပါတယ်။
၂၀၁၆ ခုနှစ်အတွင်း NLD အစိုးရ ရင်ဆိုင်ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ လုံခြုံရေးစတဲ့ နယ်ပယ်အသီးသီးက ဖြစ်ထွန်းမှုတွေကို VOA ရဲ့ နှစ်ချုပ် နိုင်ငံရေးစကားဝိုင်းမှာ ဒေါက်တာရန်မျိုးသိမ်း၊ ဦးစည်သူအောင်မြင့်နဲ့ ဦးခိုင်မောင်ရည်တို့နဲ့အတူ ဒေါ်ခင်စိုးဝင်းက သုံးသပ် ဆွေးနွေးထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ်နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းချက်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေက လက်နက်ကိုင်အကြမ်းဖက်သမားတွေကို ဖေါ်ထုတ်ဖမ်းဆီးရာမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် သက်သေအထောက်အထားအခိုင်အမာနဲ့ တင်ပြနိုင်ရင် မြန်မာအစိုးရက ပူးပေါင်းကိုင်တွယ် သွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြီးတန်းတာဝန်ရှိသူတဦးကပြောဆိုလိုက်ပါတယ်။
အမေရိကန်မဲဆန္ဒရှင်တွေက Donald Trump ကို နောက်တက်မယ့်သမ္မတသစ်အဖြစ် ရွေးချယ်ခဲ့ကြပါပြီ။ သမ္မတရာထူးအတွက် သဘောထားကွဲပြားမှုတွေနဲ့ အချိန်အတော်ကြာ ခါးခါးသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီးတဲ့နောက် အမေရိကန်ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ကို အလေးထားတဲ့အနေနဲ့ အေးဆေးတည်ငြိမ်စွာ အာဏာလွှဲပြောင်းပေးရေးအတွက် လုပ်ငန်းတွေ စတင်နေကြပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်