စက်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ မကွေးတိုင်းအတွင်းမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ စစ်ပွဲရဲ့အကျိုးဆက်တွေကို ခံစားနေကြရပါတယ်။
ဒီတစ်ပတ်မှာတော့ အဖက်ဖက်က ယိုယွင်းနေတဲ့ မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ သွေးသွင်းကုသမှုတွေအတွက် အချိန်မီသွေးရဖို့က ခက်ခဲလာခဲ့ပါပြီ။ အစိုးရဆေးရုံတွေကလည်း လူနာတွေကို သွေးရောင်းတယ်ဆိုတဲ့ စွပ်စွဲခံရတာတွေ ရှိနေပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ရမ်းသန်းပစ်ခတ်တာမျိုးတွေကြောင့် ကရင်ပြည်နယ်၊ ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေးရွာတွေ၊ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးကာ၊ အိမ်မွေးတိရစ္ဆာန်များ သေကြေထိခိုက်မှုတွေအပြင် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာမှုတွေနဲ့အတူ အခက်ခဲမျိုးစုံ ကြုံတွေ့နေရကြောင့် ကျန်းမာရေး မကောင်းသူတွေ၊ အသက်ကြီး စစ်ဘေးရှောင်တွေ၊ သေဆုံးမှုတွေ များစွာရှိလာပါတယ်။ ဒါ့အပြင် ရာသီဥတုအခြေအနေနဲ့ နေထိုင်ရတဲ့ အခက်ခဲတွေကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာသလို ဆေးဝါးလည်း အလုံအလောက် မရရှိနေပါဘူး။
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံနဲ့တဝှမ်း ဆန့်ကျင်တော်လှန်မှုတွေ အားကောင်းနေချိန်မှာ စစ်တပ်ဘက်က သူတို့ကို ဆန့်ကျင်သူတွေနဲ့ ဆန့်ကျင်တယ်လို့ ယူဆတဲ့သူတွေကို သံသယစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်မေးမြန်းခံရရင်း သေဆုံးသွားကြရပါတယ်။
ကရင်ပြည်နယ်တွင်း KNU ထိန်းချုပ်နယ်မြေနေရာတွေမှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် လူသိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး သေဆုံးသူ အရေအတွက်တွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီလိုဖြစ်ရပ်တွေကြောင့် ကရင်ပြည်နယ်မှာ စိုက်ပျိုးရေးကို အဓိက မှီခိုနေသူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပေါ်စေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုပျက်ယွင်းနေသလို၊ တရားစီရင်ရေးပိုင်းမှာလည်း နိုင်ငံရေးအမှုတွေကို မျှမျှတတ စီရင်ဆုံးဖြတ်မှု မရှိတော့ဘူးလို့ ဝေဖန်နေကြပါတယ်။ ရာပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေဟာ ထောင်တွင်းအကျဉ်းချခံနေရပြီး၊ လွတ်လပ်မျှတတဲ့ တရားစီရင်မှု မရရှိကြပါဘူး။