ကမ္ဘောဒီးယား အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အာဏာရ CPP ပါတီက နေရာအများစုကို အနိုင်ရလိုက်တဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ အထက်လွှတ်တော်ဥက္ကဌ ဖြစ်လာဖို့ ရှိနေပါတယ်။ ကမ္ဘောဒီးယားရဲ့ နိုင်ငံရေး ရှေ့မျက်နှာစာကို ဟွန်ဆန် ပြန်ရောက်လာမှာပါလား။ AFP သတင်းပေါ်အခြေခံပြီး ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကမ္ဘောဒီးယား အထက်လွှတ်တော် ရွေးကောက်ပွဲမှာ အာဏာရ CPP ပါတီက နေရာအများစုကို အနိုင်ရလိုက်တဲ့အတွက် ဝန်ကြီးချုပ်ဟောင်းလုပ်ခဲ့သူ လက်ရှိ CPP ပါတီဥက္ကဌ ဟွန်ဆန်ဟာ အထက်လွှတ်တော် ဥက္ကဌ ဖြစ်လာဖို့ ရှိနေပါတယ်။ ကမ္ဘောဒီးယားရဲ့ နိုင်ငံရေး ရှေ့မျက်နှာစာကို ဟွန်ဆန် ပြန်ရောက်လာမှာပါလား။
တရုတ်ပြည်တွင်းမှာ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ လေယာဥ်အမျိုးစားသစ်ကို စင်္ကာပူက နိုင်ငံတကာလေယာဥ်ပြပွဲမှာ စတင်မိတ်ဆက်ပြသလိုက်တဲ့အကြောင်းနဲ့ စီးပွားရေးကျဆင်းမှု ကြုံလာနေတဲ့ ဂျပန်နိုင်ငံမှာတော့ ပြည်သူတွေ အသုံးစားရိတ် ချွေတာနေကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အညာဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အများဆုံးရှိပါတယ်။ အဖွဲ့လေးတွေကွဲပြားနေတာကြောင့် မကြာခန အချင်းချင်း ပဋိပက္ခဖြစ်တာလည်းရှိပါတယ်။ တော်လှန်ရေးအတွက် စုစည်းမှုအရေးပါပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တစ်ရန်ကို ဒေါ်လာ(၄၀၀) နီးပါးတန်ဖိုးရှိ၊ ရွှေရောင်ရှူးဖိနပ်တမျိုးကို Philadelphia မြို့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ စီးပွားရေးမှာ ဥပဒေအရ လှည့်ဖျားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ နယူးယောက်တရားရုံ:ချုပ်က သူ့ကို ဒေါ်လာ(၃၅၅)သန်း ဒဏ်ငွေရိုက်ခဲ့ပြီးနောက် ဖိနပ်တွေကို ဈေးကွက်ထဲချပြလာတာပါ။
ကိုဗစ် ကပ်ဘေးလွန်ကာလ ၊ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်ခွင့်ကို မြောက်ကိုးရီယားက စတင် လက်ခံလိုက်ချိန်မှာ ရုရှားခရီးသွားတွေ ပထမအသုတ်အဖြစ် ဝင်လာကြတဲ့အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံမှာတော့ တရုတ်နှစ်သစ်ကူးကာလ ဈေးဝယ်ရာမှာ အရင်ကထက် ငွေကြေး ပိုသုံးစွဲခဲ့ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် အညာမြေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းက နွေဦးတော်လှန်ရေး အခြေအနေကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
"တိုးမြစ်"တိုက် ပိုင်ရှင် ဦးဝင်းဇော်လတ်ဆီ အကြောင်းကြားစာထဲမှာတော့ သမိုင်းပညာရှင် ဒေါက်တာ အောင်ခင်ရေးတဲ့ ‘စိတ်ဓာတ်တော်လှန်ရေး’ စာအုပ်ကို ထုတ်ဝေလို့ တိုးမြစ်တိုက်ကို ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းရတာလို့ ဖော်ပြထားကြောင်း "တိုးမြစ်" စာအုပ်တိုက်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖြေရှင်းထားတာပါ။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ပြဌာန်းခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေ ပုဒ်မ(၈)ပါ အချက်တွေနဲ့ ငြိစွန်းလို့ဆိုပြီး ရန်ကုန်အခြေစိုက် "တိုးမြစ်" စာအုပ်တိုက်ထုတ်ဝေသူ ဦးဝင်းဇော်လတ်ရဲ့ ထုတ်ဝေခွင့်လိုင်စင်ကို ရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီပိုင် သတင်းစာနဲ့ ဆိုရှယ်မီဒီယာတွေမှာ ဖေါ်ပြခဲ့ပါတယ်။
ထိုင်းနဲ့တရုတ် နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့အတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးမယ့် သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးလိုက်ကြတဲ့အကြောင်းနဲ့ တောင်ကိုရီးယားရဲ့ Hyundai ကုမ္ပဏီက၂၀၂၃ နှစ်ကုန်ပိုင်း ၃ လပတ်မှာ အမြတ်အစွန်း ကြီးကြီးမားမား ရရှိခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
စစ်တပ်ပြိုကွဲမယ့် အလားအလာများ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် စစ်ကောင်စီတပ် ပြိုကွဲနိုင်မယ့် လမ်းစတွေ ပေါ်လာနေပြီလား ဆိုတာနဲ့ပတ်သက်လို့ ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
လာမယ့် ၂၀၅၀ ပြည့်နှစ်ရောက်ရင် ကမ္ဘာပေါ်မှာကင်ဆာရောဂါသည် ၃၅သန်းကျော်အထိ တိုးလာနိုင်တယ်လို့ WHO က သတိပေးလိုက်ပါတယ်။ ဆေးလိပ်နဲ့အရက် သောက်သုံးမှု၊ အဝလွန်ခြင်းနဲ့ လေထုညစ်ညမ်းတာတွေက ကင်ဆာဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းတွေလို့ WHO အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ AFP သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
လာမယ့် ၂၀၅၀ ပြည့်နှစ်ရောက်ရင် ကမ္ဘာပေါ်မှာကင်ဆာရောဂါသည် ၃၅သန်းကျော်အထိ တိုးလာနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတိပေးလိုက်ပါတယ်။ ဆေးလိပ်နဲ့အရက် သောက်သုံးမှု ၊ အဝလွန်ခြင်းနဲ့ လေထုညစ်ညမ်းတာတွေက ကင်ဆာဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းတွေဖြစ်တယ်လို့ WHO ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ယာယီတဲထဲမှာ မုန့်ကို ပလပ်စတစ်အိပ်ထဲထည့်ကျွေးပြီး ကျင်းပရတဲ့ ဂါဇာ မင်္ဂလာပွဲ၊ ရုရှားစတိုးဆိုင်က လူချစ်များတဲ့ ဝန်ထမ်း ကြောင်လေး၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြား သတင်းတွေကို ကိုဉာဏ်ဝင်းအောင်နဲ့ မအိသန့်စင်တို့ တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အခြေစိုက် Shift Robotics နည်းပညာကုမ္ပဏီက − သာမာန်ထက် (၃)ဆ မြန်အောင် လျှောက်နိုင်တဲ့ ဉာဏ်ရည်တုသုံး ဖိနပ်တမျိုးကို တီထွင် မိတ်ဆက်လိုက်ပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုဥာဏ်ဝင်းအောင် တင်ပြထားပါတယ်။
တရုတ်ရဲ့ ပိုးလမ်းမသစ် မဟာစီမံကိန်းအရ တောင်အမေရိကကုန်သွယ်ရေးလမ်းကြောင်းကို တိုးချဲ့ရင်း ပီရူးမှာ ဆိပ်ကမ်းသစ်တခုတည်ဆောက်နေတဲ့အကြောင်းနဲ့ စစ်ပွဲအန္တရာယ် ရှိနေပေမဲ့လည်း လုပ်အားခ ဈေးကောင်းပေးတဲ့ အစ္စရေးမှာ သွားရောက်လုပ်ခွင့်ရဖို့ အိန္ဒိယနိုင်ငံသားတွေ ကြိုးပမ်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အမေရိကန်လွှတ်တော်မှာ Burma Caucus အဖွဲ့ပေါ်လာတာကြောင့် လွှတ်တော်အမတ်တွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံ တိုက်တွန်းနိုင်လိမ့်မယ်လို့ မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့တွေက မျှော်လင့်နေပါတယ်။ Los Angeles Myanmar Movement (LA2M) အဖွဲ့တာဝန်ခံ ဦးဂျိမ်းရွှေကို Zoom ကတဆင့် ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်ထားပါတယ်။
အမေရိကန်လွှတ်တော်မှာ မြန်မာ့အရေးကို အာရုံစိုက်လုပ်ဆောင်မယ့် Burma Caucus အဖွဲ့ပေါ်လာတာကြောင့် လွှတ်တော်အမတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတိုက်တွန်းနိုင်လိမ့်မယ်လို့ မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့တွေက မျှော်လင့်နေပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် စစ်တပ်ကို အလွဲသုံးစားလုပ်ပြီး ၊ တိုင်းသူပြည်သားကို ရန်သူလိုသဘောထားတဲ့ စစ်ခေါင်းဆောင်တွေကြောင့် စစ်ကောင်စီတပ်ထဲမှာ စစ်တိုက်ချင်စိတ် ကုန်ခန်းလာရပုံကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဂျပန်ရဲ့ Honda ကားကုမ္ပဏီက ၂၀၂၆ အမေရိကန် ဈေးကွက်ကို ထိုးဖေါက်မယ့် ခေတ်ရှေ့ပြေး လျှပ်စစ်ကား ဒီဇိုင်းအသစ်တွေကို ထုတ်ဖေါ် ပြသလိုက်တဲ့အကြောင်းနဲ့ ဘူတန်နိုင်ငံမှာတော့ စီးပွားရေးကို ပြုပြင်ပြောင်းလဲချင်တဲ့အတွက် ခေါင်းဆောင် အပြောင်းအလဲဖြစ်အောင် ပြည်သူတွေ မဲပေးခဲ့ကြတဲ့အကြောင်းကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်