မြန်မာနိုင်ငံက တချို့သော မူဆလင်တွေနဲ့ ဟိန္ဒူတွေဟာ မှတ်ပုံတင်တခု လက်ဝယ် ပိုင်ဆိုင်ခွင့်ရဖို့ကိစ္စမှာ ခွဲခြားဆက်ဆံခံနေရတယ်လို့ မြင်ကြပြီး ၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးချင်ပေမယ့် မှတ်ပုံတင်မရှိလို့ အခက်ကြုံနေရတာကို ငြီးတွားပြောဆိုကြတဲ့ အကြောင်း AFP သတင်းတပုဒ်ကို ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ် ။
မြန်မာနိုင်ငံက တချို့သော မွတ်စလင်တွေနဲ့ ဟိန္ဒူတွေဟာ မှတ်ပုံတင်တခု လက်ဝယ်ပိုင်ဆိုင်ခွင့်ရဖို့ ကိစ္စမှာ ခွဲခြားဆက်ဆံခံနေရတယ်လို့ မြင်ကြပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးချင်ပေမယ့် မှတ်ပုံတင်မရှိလို့ အခက်ကြုံနေရတာကို ညည်းတွားပြောဆိုနေကြပါတယ်။
ပြည်နယ်နဲ့တိုင်း ဒေသကြီးတချို့မှာ ကိုဗစ်ကူးစက်မှု အလျှင်အမြန် တိုးလာတာကြောင့် မြန်မာတနိုင်ငံလုံးက စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ပြီး အနာဂတ် ပညာသင်ကြားရေးကဏ္ဍမှာ စိန်ခေါ်မှုတွေ ရှိလာနိုင်ကြောင်း ကျောင်းသားမိဘတွေနဲ့ ဆရာတချို့က သုံးသပ်ပြောဆိုတာကို တင်ပြချင်ပါတယ်။
အမေရိကန်ရဲ့ Shake Shack ဟမ်ဘာဂါဆိုင်တွေ တရုတ်နိုင်ငံမှာ တိုးချဲ့ ဖွင့်လှစ်လာတဲ့အကြောင်းနဲ့ ကိုဗစ် တကြော့ပြန်ဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ ကူးစက်မှု လျော့ချရေးအတွက် အဆင့်မြင့်နည်းပညာသုံး ဘတ်စ်ကားမှတ်တိုင်တွေ ဖန်တီးလာတဲ့အကြောင်း Ira Mellman ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
သြဂုတ် ၂၇၊ ၂၀၂၀ -၂၀၁၅ မှာ လက်မှတ်ထိုးကြတဲ့ NCA အပစ်ရပ်စာချုပ်မှာ ကြားကာလအတွင်း ဆောင်ရွက်ရမယ့် အစီအစဉ်တွေကို ဖေါ်ပြထားပါတယ်။ ဒီကာလအတွင်း အပစ်ရပ်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ခိုင်မာလာရင် ငြိမ်းချမ်းရေး အလားအလာကောင်းကြောင်း ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
နိုင်ငံရဲ့အမြင့်ဆုံး ရွေးကောက်ခံရာထူးကို ၁၉၉၄ ခုနှစ်ကစလို့ ချုပ်ကိုင်လာခဲ့တဲ့ Belarus နိုင်ငံရဲ့ နှစ်ရှည်ကြာ သမ္မတ Alexander Lukashenko က သြဂုတ်လ(၉)ရက် ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာလည်း သူ နောက်ထပ် တောင်ပြိုကမ်းပြို အနိုင်ရလိုက်တယ်လို့ ကြေညာခဲ့ပါတယ်
ဗီယက်နမ်နိုင်ငံမှာ အစွန့်ပစ်ခံ ကြောင်လေးတွေနဲ့ ဆော့ကစား၊ အပန်းဖြေနိုင်မယ့် ကော်ဖီဆိုင်ကို လူတွေစိတ်ဝင်စား လာကြတဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံမှာ အလှပုံလေးတွေ ဖန်တီးနိုင်တဲ့ လမ်းဘေးဓါတ်ပုံရိုက်စက်တွေ ခေတ်စားလာတဲ့အကြောင်း Ira Mellman ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
သြဂုတ် ၂၀၊ ၂၀၂၀ - အစိုးရတပ်နဲ့ KNU တပ်ဖွဲ့တွေ အပစ်ခတ် ရပ်စဲထားတာ (၈) နှစ်လောက် ရှိလာပြီဖြစ်ပေမဲ့ လက်တွေ့ ကရင်ပြည်နယ်မှာ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကျနော် ဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကျဆင်းလာနေတာက မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကိစ္စမှာ စိန်ခေါ်မှုတွေ ပိုကြီးထွားလာနိုင်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသူတချို့က သုံးသပ်ကြပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုအရှိန် တစစ မြင့်လာတာကြောင့် တရုတ်နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံနေတဲ့ ဂျပန်ကုမ္ပဏီတွေ အာဆီယံနိုင်ငံတွေဘက် ရွှေ့ပြောင်းဖို့ စိုင်းပြင်းနေကြတဲ့အထဲမှာ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းတွေ ဘယ်လိုရှိလာနိုင်မလဲ ဆိုတဲ့အကြောင်း စုစည်း တင်ပြထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆန်တဲ့ ဥပဒေအဖြစ် မပြင်ဆင်နိုင်သေးခင် ကာလစပ်ကြား ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေကို လွတ်လပ်ပြီး လုပ်ပိုင်ခွင့်ပိုရှိတဲ့ လွှတ်တော်တွေဖြစ်လာအောင် ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ကြိုးပမ်းသွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောဆိုလိုက်ပါတယ်။
ကိုဗစ်ကာလ ကန့်သတ်ချက်တွေကို ကျော်လွှားတဲ့အနေနဲ့ ဂျပန်နိုင်ငံက တံငါသည်တွေ အွန်လိုင်းမှာ ငါးမျိုးစုံ ရောင်းချလာတဲ့အကြောင်းနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံတာကိုဆန့်ကျင်တဲ့ ကမ္ဘာတလွှားလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအဖြစ် အိန္ဒိယနိုင်ငံမှာလည်း အသားရေဖြူစေတဲ့ လိမ်းဆေးခရင်ရောင်းချမှုကို ဆန့်ကျင်သူတွေ ရှိလာတဲ့ပါတယ်
သြဂုတ် ၁၃၊ ၂၀၂၀ - အစိုးရတပ်နဲ့ KNU ကရင်တပ်ဖွဲ့ကြား အပစ်ရပ် သဘောတူထားတာ ၈ နှစ်ရှိလာခဲ့ပါပြီ။ ဒါပေမဲ့ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်မှာ သံလွင်ငြိမ်းချမ်းရေးဥယာဉ် တည်ထောင်ဖို့ အခက်ခဲရှိနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကျနော် ဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အရင် ၂၀၁၅ ရွေးကောက်ပွဲထက် ပိုပြီး အလားအလာကောင်းတယ်လို့ သုံးသပ်သူတချို့က ရှုမြင်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ပြည်သူ့လွှတ်တော်ထဲကို ရောက်ခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးကိစ္စကို အဓိက ဦးစားပေး အကောင်ထည်ဖေါ်သွားမယ်လို့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်ယှဉ်ပြိုင်မယ့် UNDP ပါတီဥက္ကဌ ဦးဒေးဗစ်လှမြင့်က ပြောကြားလိုက်ပါတယ်။
VOA to Asia ဌာနရဲ့ အပတ်စဉ်စီးပွားရေးကဏ္ဍမှာတော့ အိန္ဒိယနိုင်ငံ ဆင်းရဲသားရပ်ကွက်ကလူတွေဆီမှာကိုရိုနာဗိုင်းရပ်စ်လက္ခဏာ ရှိမရှိ အဆင့်မြင့်နည်းပညာသုံး ဦးထုတ်နဲ့ လိုက်လံစစ်ဆေးပေးနေတဲ့ အကြောင်းနဲ့ ကိုဗစ်ကာလ ပါကစ္စတန်နိုင်ငံမှာတော့ ဆိတ်၊ နွား စတဲ့တိရိစ္ဆာန်တွေကို အွန်လိုင်းကတဆင့် ရောင်းချလာကြတဲ့အကြောင်းတင်ပြမှာပါ
သြဂုတ် ၆၊ ၂၀၂၀ - အစိုးရစစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်နဲ့ ပြည်ပရောက် တရုတ်စီးပွားရေးသမားတွေ ထိုင်းမြန်မာနယ်စပ်မှာ တည်ဆောက်နေတဲ့ တရုတ်မြို့သစ်တွေအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကျနော် ဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေဟာ လူမှုစီးပွား အကျပ်အတည်းကြီးကို ရင်ဆိုင်လာရဖွယ် ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကြောင့် ၆ လကြာပိတ်ထားခဲ့ရတဲ့ တရုတ်နိုင်ငံက ရုပ်ရှင်ရုံတွေ ပြန်ဖွင့်လာပြီ ဆိုတဲ့အကြောင်းနဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်း သွားဆေးခန်းတွေ ပြန်ဖွင့်ကြပေမဲ့ ကိုဗစ်မကူးစက်ရအောင် တင်းကြပ်တဲ့ အကာကွယ် အစီမံတွေနဲ့ ဆောင်ရွက်နေကြတဲ့အကြောင်း Ira Mellman ရဲ့သတင်းကို တင်ပြမှာပါ ။ ကျနော် ဉာဏ်ဝင်းအောင်ပါခင်ဗျား။
ဇူလိုင် ၃၀၊ ၂၀၂၀ - စစ်တပ်ရန်ပုံငွေအတွက် ရွှေတိဂုံဘုရားလမ်းက စစ်သမိုင်းပြတိုက်ဟောင်းကို ဟိုတယ်နဲ့ ဘဏ်စုံရုံးကြီးအဖြစ် အသွင်ပြောင်းနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကျနော် ဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်