ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကြားတိုက်ပွဲကြောင့် အိုးအိမ်ပြစ်ထွက်ပြေးခဲ့ကြတဲ့ မိုင်းယော်တိုက်နယ်ဒေသခံတချို့နေရပ်ပြန်စဉ် မိုင်းနင်းမိလို့ ကလေး ၁ ယောက်အပါအဝင် ၃ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၂ ယောက် စစ်ဆေးရုံမှာ ကုသနေပါတယ်။
မြန်မာနိုင်ငံမှာ ပဋိက္ခတွေကြောင့် ပြည်တွင်းအိုးအိပ်စွန့်ခွါထွက်ပြေးရသူ ဒုက္ခသည် အရေအတွက်ဟာ ၂ ဆတိုးလာတာကြောင့် မြန်မာနိုင်ငံမှာ အရေးပေါ် လူသားခြင်းစာနာမှု အထောက်အပံတွေလည်း ပိုမိုလိုအပ်လာတယ်လို့ UNHCR က သောကြာနေ့မှာပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆင်ရေးတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လုယက်တာ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်မိုးကျော်ကပြောပြပါမယ်။
ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ်တရားစွဲဆိုထားတဲ့အမှုကို လာမယ့် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ ပြန်လည်ကြားနာဖို့ရှိပါတယ်။ NUG အစိုးရကရော၊ အာဏာသိမ်းစစ် ကောင်စီဘက်ကပါ ကိုယ်စားပြုခွင့်တွေေ လျာက်တင်ထားပါတယ်။ ဥပဒေရှုဒေါင့် အပါအဝင် အလားအလာတချို့ကို ကိုဇော်မိုးကျော် ဆက်သွယ်မေးမြန်း စုစည်း တင်ပြထားပါတယ်။
တရုတ်လူမျိုးတွေအတွက် နှစ်သစ်ကူးတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၁ နှစ်ပြည့်တဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို ကိုဇော်မိုးကျော် ကပြောပြမှာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည် ပြန်နိုင်ရေး ဝေဝါးနေဆဲဖြစ်တယ်လို့ ရခိုင်ရိုဟင်ဂျာသမဂ္ဂ(ARU) ကနေ၊ OIC နိုင်ငံတကာအစ္စလမ္မစ်အဖွဲ့ အပါအဝင်၊ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့စည်းအသီးသီးကို ပေးပို့တဲ့အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ အပြည့်အစုံကို ကိုဇော်မိုးကျော် ကတင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖဲ့တွေ အဓိကပါဝင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ၂၀၁၁ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားခဲ့ပါတယ်။
ကိုဗစ် ၁၉ ရောဂါဟာအနာဂတ်မှာလည်းရှိနေဦးမှာဖြစ်တဲ့အတွက် ဒီရောဂါနဲ့အတူ ဘယ်လိုနေ ထိုင်မလဲဆိုတာကိုလေ့လာသင်ယူကြရလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO အကြီးအကဲ Tedros Ghebreyesus က တနင်္လာနေ့မှာပြုလုပ်တဲ့ အဖွဲ့ကြီးရဲ့ အမှုဆောင်အစည်းအဝေးဖွင့်ပွဲမှာ သတိပေးလိုက်ပါတယ်။
ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ လူနာတွေကို ကုသရာမှာ အသုံးပြုဖို့ ဆေးသစ် ၂ မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထောက်ခံချက် ပေးလိုက်ပါတယ်။
စစ်ပြေးဒုက္ခသည်တွေဟာ သီပေါမြို့နယ် ဘော်ကြိုဘုရားဘက်ကို လာရောက် တိမ်းရှောင်နေကြတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းမွမ်းမွမ်းပေါင်းက VOA ကို ပြောပါတယ်။
တူရကီလူငယ်တွေကို အစ္စလာမ်ရိုးရာ တန်ဘိုးတွေကို အလေးထားတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်လာအောင် တူရကီသမ္မတက ကြိုးပမ်းနေပါတယ်။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ သူအနိုင်ရဖို့ အဓိက စိန်ခေါ်ချက်က ဒီလူငယ်တွေ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ Dorian Jones ပေးပို့တဲ့သတင်း ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။
အာစီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ဝေဖန်မှုတွေအမျိုးမျိုးရှိနေတဲ့ကြားကဘဲ မြန်မာနိုင်ငံကိုသောကြာနေ့မှာရောက်ရှိလာတော့ မှာဖြစ်ပါတယ်။ သူ့ရဲ့ခရီးစဉ်ဟာ ASEAN ကနေအရေးယူထားတဲ့မြန်မာစစ်ခေါင်း ဆောင်တွေကို အသိအမှတ်ပြုရာကျတယ်ဆိုပြီးဆန့်ကျင်ကန့်ကွက်မှုတွေ လည်းရှိပါတယ်။
ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က ဖက်ဒရယ်အခြေခံမူ နဲ့ ရှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးဆွဲထားပြီး ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအားလုံးနဲ့ အတူ ပူးပေါင်းအတည်ပြုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းပြည်နယ်က နိုင်ငံရေးအခြေအနေတွေကို ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။
NDAA အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအသုံးစားရိတ်ဥပဒေမှာမြန်မာနိုင်ငံဆိုင်ရာ အချက်အလက်တချို့ထည့်သွင်းပြင်ဆင်ချက်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က သမတ ဘိုင်ဒင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် အတည်ဖြစ်လာပါတယ်။
ကပ်ရောဂါဘေးကြောင့် ရပ်နားခဲ့ရတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ နာလန်ပြန်ထနိုင်ဖို့ အားယူနေရတဲ့ကာလမှာပဲ နိုင်ငံရေးပဋိပက္ခတွေကြောင့် ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးကို တရားဝင်ထိထိရောက်ရောက်ကူညီနိုင်ဖို့ တိုးချဲ့ပြင်ဆင်လိုက်တဲ့ မူကြမ်းတရပ်ကို အမေရိကန်အထက်လွှတ်တော်က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အတည်ပြု လိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ်မှာလူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အပေါ်စွဲဆိုထားတဲ့အမှုကို အာဂျင်တီးနားတရားရုံးမှာကြားနာစစ်ဆေးနေပါတယ်။ အမှုအသွားအလာအခြေအနေတွေကိုသိရှိနိုင်ဖို့ ဦးထွန်းခင် နဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးတို့ကိုဆက်သွယ်ပြီး၊ ကိုဇော်မိုး ကျော်ကတင်ပြပေးပါမယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး အခြေအနေတွေ ကျဆင်းလာနေတဲ့အပေါ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာပဲ ကုလသမဂ္ဂ တာဝန်ရှိသူတွေ သတိပေးပြောဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေနဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေး တင်းကျပ်ထားပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ အများစု အပါအဝင် မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ဝင်လာနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၉ ရက်နဲ့ ၁၀ ရက် မှာ သမ္မတ Joe Biden က ဦးဆောင်ပြီး အွန်လိုင်းကနေ ဒီမိုကရေစီ ထိပ်သီး ဆွေးနွေးပွဲတရပ် ကျင်းပဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲကို ကမ္ဘာ့ခေါင်း ဆောင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ နဲ့ ပုဂ္ဂလိက ကဏ္ဍက ကိုယ်စားလှယ်တွေ ပါဝင်တက် ရောက်ကြမှာ ဖြစ်ပါတယ်။ ကိုဇော်မိုးကျော်က တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်