စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ အထက်တန်းကျောင်းနဲ့ စာသင်ဆောင်တွေမှာ စစ်ရှောင်ကလေးငယ်တွေ ကျောင်းပြန်တက်နေကြပါပြီ။
ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ရိုဟင်ဂျာတွေအတွက် စားနပ်ရိက္ခာဖိုးတွေဆက်တိုက် ဖြတ်တောက်နေတဲ့အပေါ် ရိုဟင်ဂျာအရေးလှုပ်ရှားသူလည်းဖြစ် NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် အထိနာခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဇွန်လ ၁ ရက်၊ ဒီကနေ့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ပြီး၊ ကျောင်းအပ် ဆက်လက်ခံနေတယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။
"...တရုတ်ရဲ့ သဘောထားအတိုင်း NUG နဲ့မပူးပေါင်းရေး၊ PDF တွေနဲ့မပေါင်းစပ်ရေး ဒီလှုပ်ရှားမှုမှာမပါဝင်ရေး ဆိုတဲ့ တရုတ်ရဲ့သဘောတိုင်းဖြစ်လာမှာပါ။ ဒီထပ်ပိုတိုးလာရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာတတ်နိုင် သလောက်ပါဝင်ကူညီရေးထိဖြစ်လာနိုင်ပါတယ်။ "
ဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြီး လူ့အသက်တွေမသေအောင် ကာကွယ်နိုင်ရဲ့နဲ့ ရိုဟင်ဂျာတွေ ထိခိုက်သေဆုံး ပျောက်ဆုံးမှု များပြားခဲ့ရတာဟာ စစ်ကောင်စီဘက်ကရည်ရွယ်ချက်ရှိရှိ တမင်လုပ်ဆောင်သလိုဖြစ်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့က သတင်းထုတ်ပြန် ပြောဆိုပါတယ်။
မုန်တိုင်းမိုခါ ဒဏ်နဲ့ ရိုဟင်ဂျာတွေ ထိခိုက်သေဆုံးမှု များပြားခဲ့ရတာဟာစစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ တမင်လုပ်ဆောင်သလိုဖြစ်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဋ္ဌဦးထွန်းခင်ကို မဆုမွန်ဆက်သွယ်မေးမြန်းထားပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မေလ ၁၇ ရက်နေ့ကစပြီး အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ၄ ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့တာကြောင့် ကျေးရွာ ၃၀ ကျော်လောက်က ဒေသခံတွေ စစ်ဘေးရှောင်ခဲ့ရတာပါ။
မြန်မာနိုင်ငံသားတွေကို ခေါ်ယူနေပေမဲ့ မြန်မာဘက်ကတော့ နယ်စပ်ဖြတ်ကျော်ခွင့်ကို ကန့်သတ်ချက်တွေနဲ့ ထုတ်ပေးနေတာကြောင့် မူဆယ်မြို့ပေါ်မှာ ထောင်နဲ့ချီတဲ့လူတွေ လနဲ့ချီပြီး စောင့်ဆိုင်းနေရပါတယ်။
မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်မှု အားနည်းခဲ့တာကြောင့် ဆိုင်ကလုန်းမိုခါရဲ့ဘေးဒဏ်ကို ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းတွေထက် ရခိုင်စစ်တွေက ရိုဟင်ဂျာစခန်းတွေကပိုခံခဲ့ရပါတယ်။သေဆုံးထိခိုက်မှုက လက်ရှိစာရင်းတွေထက်ကို ပိုများပြားနိုင်ခြေရှိတယ်လို့ဆိုကြပါတယ်။မဆုမွန် စုစည်းတင်ပြထားပါတယ်။
မိုခါမုန်တိုင်းဒဏ်သင့် ရိုဟင်ဂျာတွေရဲ့ သေဆုံးထိခိုက်ဒဏ်ရာရမှုက လက်ရှိကောက်ခံနေဆဲ မှတ်တမ်းစာရင်းတွေထက်ကို ပိုများပြားနိုင်ခြေ ရှိတယ်လို့ဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တို့ စိုးရိမ်ချက် ကြုံနေရတဲ့ နောက်ဆုံးအခြေအနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က သဲချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် လူနေအိမ်ခြေ တထောင်ကျော် ပျက်စီးသွားသလို၊ ၁၀ ဦးထက်မနည်း သေဆုံးပြီး၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သဲချောင်းဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်၊ ဘော်လခဲမြို့က ကျေးရွာတခုကို မြန်မာစစ်တပ်က ဒီနေ့ မနက်အစောပိုင်းမှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် တဦးသေဆုံးပြီး တချို့ဒဏ်ရာရသွားပါတယ်။
အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဒေသတချို့မှာ ကုန်ပစ္စည်း ရှားပါးမှုတွေနဲ့ ကြုံနေရပါတယ်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ကြုံနေရချိန်မှာ ကုန်သည်တွေ ဈေးတင်မရောင်းကြဖို့လည်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေ တိုက်တွန်းနေပါတယ်။
မြန်မာနိုင်ငံတွင်း မုန်တိုင်းအန္တရာယ် ကျော်လွန်ပြီးချိန် ဖြစ်ပေမယ့် မုန်တိုင်းရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်း ကျရောက်ပြီး၊ လှိုင်းကြီးနိုင်လို့ ပင်လယ်ပြင်ခရီး မထွက်ကြဖို့ကို မိုးလေဝသနဲ့ ဇလဗေဒဌာနက ပြောပါတယ်။
"မုန်တိုင်းလမ်းကြောင်း ဆက်လက် တည်ရှိနေတဲ့အကြွင်းအကျန်...မုန်တိုင်းအရှိန်တွေက ဆက်လက် သွားအုံးမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီနေရာတွေမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ မုန်တိုင်းဖြတ်ပြီးသွားလို့ရှိရင် မုန်တိုင်းရဲ့အရှိန်တွေက ဆက်လက် ရှိနေအုံးမှာဖြစ်တဲ့အတွက် ဒါလေးသတိပြုဖို့ လိုအပ်ပါတယ်။" (ဦးလှထွန်း-မိုးဇလ ညွှန်မှူး)
စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေလည်း နေရပ်စွန့် တိမ်းရှောင်နေကြရတာပါ။
ရိုဟင်ဂျာတို့အိမ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ကြား အပြန်အလှန်စီစဉ်နေပေမဲ့ အခုချိန်အထိ မသေချာမရေရာသေးတဲ့အခြေအနေအထားတွေအပေါ် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သဘောထား စိုးရိမ်ချက်တွေနဲ့ပတ်သက်လို့ ဒုက္ခသည်စခန်းက ကိုအောင်မြိုင်ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ ICJ မှာ ဂမ်ဘီယာက တရားစွဲထားတာကို စစ်ကောင်စီဘက်က ခုခံချေပရမယ့်ရက် တိုးတောင်းတာဟာ သပ်သပ်အချိန်ဆွဲတာ ဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက ပြောသွားပါတယ်။ မဆုမွန် ဆက်သွယ် မေးမြန်းထားပါတယ်။
ခံဝန်လက်မှတ်နဲ့ လွှတ်ပေးတာဖြစ်ပြီး အများစုဟာ ထောင်ထဲမှာ လွတ်ရက်နီးသူတွေဖြစ်တယ်လို့ ပြန်လွတ်လာသူတွေနဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။
ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားကူးစက်မှု ဧပြီလဆန်းကစပြီး မြင့်တက်လာတာကနေ သင်္ကြန်ပြီးနောက်ပိုင်း အတည်ပြုလူနာဦးရေဟာ တစထက်တစ တိုးလာနေတာပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုဟာ နေ့စဥ်နီးပါး ၁၀၀ ဝန်းကျင်အထိ ရှိလာပါတယ်။
နောက်ထပ်ကြည့်ရှုရန်