အရမ်း generalize ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မွတ်စလင် လူမျိုးစုတွေ အများကြီး ရှိပါတယ်။ ဒီလို ပြောလိုက်ခြင်းဖြင့် ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်မှု မရှိပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ် သဘောတူညီချက် လက်မှတ်ထိုးမထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ဒီလပိုင်းအတွင်းမှာ တွေ့ဆုံဖို့ ရှိနေပါတယ်။
ဆယ်တန်းက ကျက်ဖြေ စနစ်ကြီးကို ပြုပြင်ပြောင်းလဲစေချင် တယ်ဗျာ။ လေ့လာရေးပိုင်းတွေ၊ စဉ်းစား ခိုင်းတာ တွေ၊ နောက်ပြီးတော့ ဗဟုသုတတွေ ရှာဖွေခိုင်း ပြီးတော့ ကျောင်းသားတွေရဲ့ သင်ကြားမှုကို မြှင့်တင် ပေးစေချင်တယ်ဗျ။
"၂၁ ရာစု ပင်လုံလို့ သူတို့ခေါ်တဲ့အပေါ်မှာ ယေဘုယျအားဖြင့် ပင်လုံကို အခြေခံတယ်။ အခြေအနေ၊ အချိန်အခါနဲ့ ကိုက်ညီတဲ့ အနေအထားမျိုးကို ပြင်ဆင်ဖြည့်စွက်နိုင်ဖို့ ၂၁ ရာစုဆိုပြီးတော့မှ ဖြည့်စွက် ထားတယ်။"
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကို တားဆီးဖို့ဆိုရင် နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုရှိအောင် အဓိကထား ဆောင်ရွက်သင့်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။
ကျွန်တော်တို့က မြစ်ဆုံရေကာတာကို မလိုလားကြောင်း၊ အပြီးအပိုင် ရပ်ဆိုင်းဖို့ နဲ့ CPI ကုမ္ပဏီက ကချင်ပြည်နယ်ကနေ လုံး၀ ထွက်ခွာသွားဖို့ရန် အတွက် သဘောထား ဆန္ဒကို ဖော်ထုတ်ခြင်း ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေး ခရီးစဉ်ကို သွေးထွက်သံယို တိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ဒီကနေ့ဆိုရင် ၁၃ နှစ် ပြည့်သွားပါပြီ။
မကြာခင်ကာလအတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့၂၁ ရာစု ပင်လုံညီလာခံဟာ အောင်မြင်မှုရနိုင်တဲ့ အလားအလာတွေ ရှိပေမဲ့ လည်း ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေလည်းရှိတယ်လို့ ညီလာခံပြင်ဆင်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
အခု ပြည်သူက ရွေးချယ်လိုက်တဲ့ NLD အစိုးရနဲ့တော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့် ရှိသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း ပူးပေါင်း ပါဝင်ဖို့ ပြင်ဆင်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်တပ် ရှမ်းမြောက်နဲ့ အစိုးရတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား အရပ်သားတွေ သေဆုံးမှုဖြစ်ရတာ အစိုးရတပ်ကြောင့် ဆိုတဲ့ စွပ်စွဲချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ငြင်းချက်ထုတ်ပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေနဲ့ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ကချင်ပြည်နယ်တွင်းက ဖားကန့်ဒေသမှာ အခုနောက်ဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးဟာ အမည်မသိ သေနတ်သမားတွေ လက်ချက်နဲ့ နေအိမ်မှာ သေဆုံးသွားပါတယ်။
၈ လေးလုံးအရေးတော်ပုံအတွင်း အသက်ပေးခဲ့တဲ့ ကျောင်းသူ မဝင်းမော်ဦးအတွက် သူကွယ်လွန်ပြီး ၂၈ နှစ် ကြာပြီးတဲ့နောက် ဒီကနေ့မှာတော့ မိဘတွေက အမျှပေးဝေလိုက်ကြပါပြီ။
အထူးဆု ၁ အဖြစ်နဲ့ “မြန်မာပုံပြောသူများ” အဖွဲ့ကို ချီးမြှင့်လိုက်ပါတယ်။ အထူးဆု ၂ ကိုတော့ နိုင်ငံရေးသိပ္ပံပညာရှင် “ဒေါ်ခင်မမမျိုး“ ကို ချီးမြင့်လိုက်ပါတယ်။ အထူးဆု ၃ အဖြစ်နဲ့ “ပန်းရဲ့လမ်း” အဖွဲ့ကို ချီးမြှင့်လိုက်ပါတယ်။
“ပြည်သူတွေက မိုးလေဝသသတင်းတို့ အရေးပေါ်ကြေညာချက်တို့ ဒါတွေကို နားစွင့်နေဖို့ လို တာပေါ့။ ပြည်သူတွေက ပူူးပါင်းပါဝင်ဖို့ လိုတယ်။ ပြည်သူတွေက တကယ် အန္တရာယ်ရှိ တယ် ရွှေ့ပါလို့ ဆိုရင် လိုက်ရွှေ့ဖို့ လိုတာပေါ့။ ”"
မြန်မာစာပေလောကမှာ ကိုပညာ (အမရပူရ) ဆိုတဲ့ ကလောင်အမည်နဲ့ ထင်ရှားတဲ့ မန္တလေးမြို့၊ တောင်လေးလုံးကျောင်းတိုက်က ဆရာတော် ဘဒ္ဒန္တ ပညာဇောတဟာ ဒီကနေ့မနက်ပိုင်းက ပျံလွန်တော် မူသွားပါပြီ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပုံဝိုးမှာ SSPP/SSA မြောက်ပိုင်းတပ်စခန်းတွေကို အစိုးရတပ်ကလေကြောင်းနဲ့ပါ တိုက်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည် ၆၀၀ ကျော်နေပြီလို့ အကူအညီပေးနေသူတွေကပြောပါတယ်။
MPC ကတော့ မတ်လ ၃၁ရက်နေ့ကတည်းက လုပ်ငန်းတာဝန်တွေ အားလုံးက ပြီးဆုံးပါပြီ။ နောက်ချန်အဖွဲ့ အနည်းငယ်ကတော့ ဒါကို ထိန်းသိမ်းထားပြီးတော့ လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတဲ့အနေအထားပါ။
“ဒီလယ်ယာမြေဖြေရှင်းရေးနဲ့ ပတ်သက်ပြီးတော့ ဇောင်းပေးပြီး ပြဌာန်းမယ့် ဥပဒေတခုလိုပါတယ်။ အရင် ဥပဒေ တွေ၊ အထောက်အထားတွေနဲ့ ယူပြီး အဲဒီ ဥပဒေတွေနဲ့ မညီလုပ်ခဲ့ကြတာတွေ အများကြီးရှိတယ်။"
တိုက်ပွဲဖြစ်နေတဲ့ RCSS/SSA လက်နက်ကိုင်တပ်နဲ့ TNLA တအာင်းတပ်တို့အကြား တွေ့ဆုံ ညှိနှိုင်းဖို့ UNFC က ကြားဝင် စေ့စပ်ပေးနေပါ တယ်။
ရခိုင်ပြည်နယ်တွင်း ရခိုင်တပ်မတော် AA နဲ့ မြန်မာစစ်တပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်စဲဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အရေးတကြီးအဆိုတင်သွင်းပါတယ်။
နောက်ထပ်ကြည့်ရှုရန်