ရိုဟင်ဂျာ ဒုက္ခသည်တွေ တသန်းလောက် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတဲ့ ၆ နှစ်ပြည့်မှာတရားမျှတမှုနဲ့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေး ဆက်လက်ကြိုးစားနေပြီး မျှော်လင့်ချက်တချို့ ရှိလာပြီလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ပြောဆိုပါတယ်။ မဆုမွန် မေးမြန်းထားတာတွေထဲက ကောက်နုတ်တင်ပြလိုက်ပါတယ်။
စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့အဖွဲ့တွေ လက်နက်မချမချင်း၊ မတွေ့ဆုံ မဆွေးနွေးနိုင်ဘူးလို့ သြဂုတ်လ ၂၂ ရက် မနေ့က စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုလိုက်ပါတယ်။ ဒီအပေါ်မှာ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေကြတဲ့အဖွဲ့တွေရဲ့ သဘောထား ဘယ်လိုရှိပါလဲ။
ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လိုအပ်တဲ့ စည်းမျဉ်းတွေနဲ့ ချုပ်ကိုင်သွားမယ့် အကြောင်း စစ်ကောင်စီက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထပ်မံသတိပေးပြောဆိုလိုက်ပါတယ်။
ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီကို သွားရောက်လေ့လာခဲ့တဲ့ ခရီးစဉ်အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်တွေနဲ့ပါတ်သက်ပြီး မဆုမွန် စုစည်းတင်ပြထားပါတယ်။
ဒီလဆန်းပိုင်းတုန်းက ရေဘေးအန္တရာယ် ဆိုးဆိုးရွားရွား ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ခုချိန်ထိ ရေဘေး ပြန်လည်ထူထောင်ရေး အပြည့်အဝ မလုပ်နိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ပြည်တွင်းမှာ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေအပေါ် ကန့်သတ်ခံရမှုတွေ ကြုံနေချိန်မှာပဲ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ Martin Griffiths ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီ ဥက္ကဌ နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာပြီး မြစ်ရေတက်နေတာကြောင့် အနိမ့်ပိုင်း ဒေသတချို့မှာ ရေကြီးရေလျှံတာတွေ ဆက်တိုက် ကြုံနေရပါတယ်။ ရေဘေး တိမ်းရှောင်ရသူတွေ အများအပြား ရှိနေပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ စောင့်ကြည့် ဖိနှိပ်မှုတွေနဲ့ လုံခြုံရေးတင်းကျပ်မှုတွေကြားကပဲ ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေကို ရန်ကုန် နဲ့ မန္တလေး အပါအ၀င် နေရာဒေသ အတော်များများမှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပုံစံ အမျိုးမျိုးနဲ့ ကျင်းပခဲ့ကြပါတယ်။
"သူတို့ သေတာတော့ ၂ ယောက်ပေါ့နော်။ သေတဲ့ ၂ ယောက်က စည်ပင် AD တယောက်ရယ်။ နောက်ပြီးတော့ နမ္မတူကနေလာတဲ့ လျှပ်စစ်က တယောက်ရယ်။ ကျောက်မဲကို အစည်းအဝေးလာဖို့ ဆိုပြီးတော့ အဲဒီမှာ လက်ဖက်ရည် သောက်ကြတာပေါ့။ ဒဏ်ရာရတာကတော့ ဗုံးစမှန်တာ ၃ ယောက်ပါပဲ။ ... "
အာဆီယံနဲ့ဒေသတွင်းမှာပါ အထူးစိုးရိမ်စရာဖြစ်လာနေတဲ့ လူကုန်ကူးမှုအန္ထရာယ်ကို မလေးရှားအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂအနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့ ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ မှာ မလေးရှားနိုင်ငံရောက် လူကုန်ကူးမှုတိုက်ဖျက်ရေးလှုပ်ရှားသူက တောင်းဆိုပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည့်သူလွှတ်တော်အမတ်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ အင်အားသုံး လာရောက် ချိပ်ပိတ်ခဲ့ပါတယ်။
မွန်ပြည်နယ်မှာ ဒီရက်ပိုင်း မိုး ဆက်တိုက် ရွာနေပြီး ဘီးလင်းမြို့နယ် အနိမ့်ပိုင်း ရပ်ကွက် ကျေးရွာအများစု ရေလွှမ်းနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ဝင်နေတာကြောင့် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံ ၅,၀၀၀ ဝန်းကျင် မနေ့က ညတွင်းချင်း ထွက်ပြေး စစ်ရှောင်ခဲ့ကြရပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်တွေ ဒီနှစ် ၂၀၂၃ခုနှစ် ပညာသင်နှစ်ကစပြီး ပထမဆုံးအကြိမ် မြန်မာနိုင်ငံက သင်ရိုးညွန်းတမ်းနဲ့အညီ ပညာသင်ခွင့်ရမှာဖြစ်ပြီး အခုဒုက္ခသည်ကလေးပေါင်း သုံးသိန်း စံချိန်တင် စာရင်းသွင်းထားပြီးဖြစ်တယ်လို့ UNICEF က ကြေညာပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ကယား-ကရင် နယ်စပ်က သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကစလို့ နေ့စဉ်လိုလို နှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတာကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေး နေကြရပါတယ်။
စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဒီလ ၂၂ ရက်ကစလို့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့အထိဆိုရင် ၄ ရက် ဆက်တိုက် ရှိနေပါပြီ။
ကယား ခေါ် ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့ အရှေ့ခြမ်းက စစ်ပြေး ဒုက္ခသည်တွေကြား အခုရက်ပိုင်း ငှက်ဖျားရောဂါတွေ ဖြစ်နေပြီး ဆေးပစ္စည်းတွေကလည်း ပြတ်လပ်နေတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားခရိုင်တွင်း ရိုဟင်ဂျာမူဆလင်ဒုက္ခသည်စခန်းတွေထဲ ကလေးငယ်တွေအပါအဝင် လူတော်တော်များများ အရေပြားယားနာတွေဖြစ်နေတာက တကိုယ်ရေသန့်ရှင်းရေး အားနည်းတာနဲ့ အာဟာရချို့တဲ့မှုကြောင့်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကပြောပါတယ်။ မဆုမွန် တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲ ဒိုက်ဦးအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ဦး ခေါ်ထုတ်ခံရပြီး ပျောက်ဆုံးနေတာမှာ ဒီအထဲက ၈ ဦး သေဆုံးကြောင်း အတည်ပြုနိုင်တယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ရပ်ကွက်အနိမ့်ပိုင်း နေရာတွေမှာ ဒီရက်ပိုင်း မိုးများပြီး ရေကြီး ရေလျှံနေတာကြောင့် နေအိမ်တချို့ ရေနစ်မြုပ်တဲ့အထိ ဖြစ်နေပါတယ်။ ရပ်ကွက်အမြင့်ပိုင်း နေရာတွေမှာ ရေဘေးဒုက္ခသည် စခန်းဖွင့်ထားပြီး ပြောင်းရွှေ့ နေထိုင်သူတွေလည်း ရှိနေတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်