ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်တွေ အထူးလိုက်နာကြဖို့ မလေးရှားမြန်မာသံရုံးဘက်က အထူးသတိပေးသလို-အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ ဂျပန်နိုင်ငံမှာလည်း စည်းမျဉ်း စည်းကမ်းတွေပိုတင်းမြှင့်ချထားတဲ့အခြေအနေနဲ့ တောင်ကိုရီးယားဘက်မှာလည်း မြန်မာတွေ သတိနဲ့နေထိုင်သွားလာနေကြရပါတယ်။
၂၀၂၀ရွေးကောက်ပွဲမှာ မဲစာရင်းအမှားအယွင်းတွေနဲ့ မဲမသမာမှုတွေရှိခဲ့တယ်လို့ တပ်မတော်နဲ့ အတိုက်အခံကြံ့ခိုင်ရေးပါတီက ကန့်ကွက်ပြောဆိုမှုအပေါ် ရွေးကောက်ပွဲကော်မရှင်ဘက်က စုံစမ်းဖြေရှင်းသင့်ပါတယ်လို့ ယူဆမှုတချို့ရှိပါတယ်။
ဂျပန်နိုင်ငံမှာ နှစ်သစ်ကူးကာလ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှု မြင့်မားလာနေတဲ့အတွက် မြို့တော်တိုကျိုနဲ့ အနီးတဝိုက်က ခရိုင်သုံးခု ကို အရေးပေါ်အခြေအနေကြေညာဖို့ပြင်လာနေတာကြောင့် ဂျပန်ရောက်မြန်မာတွေကြား စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့ မူဘောင်အောက်မှာ ပါတီစွဲမထားပဲ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ဝန်ကြီးချုပ်ကစ တာဝန်ပေးသွားဖို့ ကချင်ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါက်တာမနမ်တူးဂျာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ခေါင်းဆောင်အသီးသီးရဲ့ နိုင်ငံကိုပြောကြားတဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာတွေထဲ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးရဖို့ အဓိကထားဆောင်ကျဉ်းပေးသွားမယ်လို့ ပြည်သူကို ကတိပြုကြသလို ပြည်သူတွေဘက်ကလည်း နိုင်ငံ့အရေး ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းကြပါတယ်။
ရခိုင်ပြည်နယ်တွင်း နောက်ဆက်တွဲရွေးကောက်ပွဲတွေကို ဒီနှစ်မကုန်ခင် ကျင်းပပေးဖို့ ရခိုင်ပါတီ အဖွဲ့အစည်းတွေက တောင်းဆိုနေပေမယ့်၊ ဒီနှစ်အတွင်း ကျင်းပနိုင်ခြေ အလားအလာကတော့ မျှော်လင့်ချက် နည်းနေပါတယ်။
အာဏာရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အရေး တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေဆီကို ပထမဆုံး သွားရောက်ကြဖို့ ဒီကနေ့ နေပြည်တော်က ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
Bhashan Char ကျွန်း ဆိုတာကတော့ မြန်မာနိုင်ငံက တိမ်းရှောင်ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေထိုင်တဲ့ လူဦးရေ ထူထပ်များပြားလွန်းလှတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တချို့ကို ရွှေ့ပြောင်းနေရာချထားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားတဲ့ ပင်လယ်ထဲက မြေနုကျွန်း တကျွန်းဖြစ်ပါတယ်။
အခု လာမယ့် ၂၀၂၁ NLD အစိုးရ ဒုတိယသက်တမ်းမှာတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ အမှန်တကယ်လုပ်ဖို့ လိုမယ်လို့ လှုပ်ရှားသူတွေက တောင်းဆိုနေပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်မားနေဆဲကာလ ပြည်သူတွေ လူထုအခြေပြုဆေးခန်းတွေဆီ လာပြတာ အတော်လေးနည်းပါးသွားတဲ့အခြေအနေဟာ စိုးရိမ်စရာပါလို့ လူထုအခြေပြုဆေးခန်း တာဝန်ခံဒေါက်တာကျော်မင်းထွန်းကပြောပါတယ်။
COVI-19 ကူးစက်မှုကြောင့် ဝေဒနာခံစားခဲ့ရာကနေ ပြန်ပြီးကောင်းမွန်လာတဲ့ ဒိန်းမတ်နိုင်ငံ အခြေစိုက် မြန်မာသူနာပြု ဒေါ်ခိုင်ခိုင်ဦးမြင့်က ရောဂါအန္တရာယ် ကြီးမားတဲ့ အတွေ့အကြုံကို ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ ပြည်သူအများလုံးဝမပေါ့ဆကြပဲ အထူးသတိထားကာကွယ်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်းက ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ရေးအတွက် AA ရခိုင်လက်နက်ကိုင်အဖွဲ့ရော ရခိုင်ပါတီတွေကပါ တိုက်တွန်းနေပေမယ့် အခုအချိန်အထိတော့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေဘက်က တိတိကျကျ တုံ့ပြန်တာ မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ဓါတ်ခွဲနမူနာယူစစ်ဆေးတွေ့ရှိသူ တသိန်းကျော်သွားပြီမို့၊ ဓါတ်ခွဲစစ်ဆေးမှုတွေကို အခုထက် ပိုမိုတိုး-လုပ်သွားဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ထမ်းတချို့က မြင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုံစမ်းမေးမြန်းထားပါတယ်။
ရေမဆေးကျောက်တူးသမား ရွှေ့ပြောင်းလုပ်သား သိန်းချီရှိနေတဲ့ ကချင်ပြည်နယ်ဖားကန့်ဒေသအတွင်း ကိုဗစ်၁၉ ကာကွယ်ရေး အစီအမံတွေ ပိုတင်းတင်းကျပ်ကျပ် ဆောင်ရွက်လာနေတဲ့အကြောင်း မဆုမွန် က စုစည်းတင်ပြပေးထားပါတယ် ။
လာမယ့်သီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ် Bhasan Cher ကျွန်းဆီကို ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကနေ ဒုက္ခသည်တွေ ဒုတိယအသုတ် ပြောင်းရွှေ့ကြဖို့ ပြင်ဆင်နေကြပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံးပြန်ဖြစ်လာကြောင့် ကိုရီးယားအစိုးရကနေ တင်းကြပ်မှုတွေ ပိုလုပ်လာတဲ့အတွက် ကိုရီးယားရောက်မြန်မာတွေ အထူးဂရုစိုက်လိုက်နာကြဖို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိက သတိပေးပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲ ရလဒ်အရ ဆက်ပြီးတော့ တာဝန်ယူမယ့် နောက်အစိုးရသက်တမ်းမှာ အကြောင်းအမျိုးမျိုးကြောင့်ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ အကျဉ်းထောင်ဥပဒေ ထွက်ပေါ်လာရေးအပါအဝင် အကျဉ်းသားတွေ ရဲ့ လူ့အခွင့်အရေးတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးပါလို့ NLD အစိုးရကို တိုက်တွန်းကြပါတယ်။
မြန်မာနိုင်ငံတဝန်း COVID-19 ရောဂါကူးစက်မှုက တသိန်းနီးပါး ရှိလာနေပြီး တကမ္ဘာလုံးနဲ့ယှဉ်ရင် ကူးစက်မှုနှုန်းက မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထက်ကို ကျော်လွန်သွားပြီဖြစ်တဲ့အတွက် ပြည်သူတွေ အထူးသတိထား ကာကွယ်နေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဒေါက်တာခင်ခင်ကြီးက သတိပေး ပြောဆိုလိုက်ပါတယ်။
သဘာဝဘေးအန္တရာယ်တွေနဲ့ လူမနေသင့်ဘူးလို့ ကုလနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်တကြီးတားမြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းဆီ ကိုယ့်သဘောဆန္ဒနဲ့သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဒီကနေ့ ဆိုက်ရောက်သွားကြပါပြီ။ စခန်းတွေထဲမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကရော ဒီအပေါ် ဘယ်လိုမြင်ကြပါသလဲ။
ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ပြင်းထန်တဲ့ရာသီဥတု ဆောင်းအအေးဒဏ်ခံနိုင်ရေး ဒုက္ခသည်တွေ ပြင်ဆင်နေကြသလို-စုပြုံ နေထိုင်နေကြရတဲ့မိသားစုတွေကြား အန္တရာယ်ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်