ရိုဟင်ဂျာတွေ သေဆုံးထိခိုက်မှုတွေ ဖြစ်နေရတဲ့အခြေအနေ၊ ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာလည်း လုံခြုံမှုကင်းမဲ့နေတဲ့ အနေအထားဖြစ်လာနေတဲ့အပေါ် ရိုဟင်ဂျာတို့ စိုးရိမ်ချက်တွေကို စုစည်းပြီး မဆုမွန် တင်ပြပေးထားပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံတွေနဲ့အကြား ပဋိပက္ခတွေရှိလာပြီး၊ ဒေသ သတင်းမီဒီယာတွေမှာ ရိုဟင်ဂျာတွေအပေါ် လိုရာဆွဲ တဖက်သတ်ပုံဖေါ်ပြောဆိုလာကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ AFP သတင်းကို အခြေခံပြီး မဆုမွန်ပြောပြပါမယ်။
ကျိုက်ထိုမြို့နယ်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်နေပြီး ရွာသားတွေနဲ့အတူလက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ အဖမ်းခံရပြီးနောက် သုံးဦးအသတ်ခံရကြောင်း ကျိုက်ထိုတော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒီနေ့မနက်ပိုင်းမှာ အင်းစိန်ထောင်ဗူးဝအနီး ထောင်ဝင်စာပါဆယ်ထုပ်တွေထဲ မိုင်းထည့်ပြီး ဖေါက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် အကျဉ်းထောင်တပ်သား ၃ ဦးနဲ့ ပါဆယ်ထုပ်လာပို့တဲ့ အရပ်သား အမျိုးသမီး ၅ ဦး စုစုပေါင်း ၈ ဦး မိုင်းစထိမှန်သေဆုံးသွားခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး မြို့နယ်တွင်း ဆိုင်ကယ်စီးခွင့် အာဏာပိုင်တွေက ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခရီးသည်တင် ဆိုင်ကယ်ဘေးတွဲ အသွားအလာကတော့ မြို့တွင်းမှာ ဆက်ရှိနေတယ်လို့ ပြောပါတယ်။
“ကတ္တရာလမ်းကြီးဗျ။ အဲ့ဒါကို မြောင်းပုံစံကြီးတူးပြီး ဟိုဘက်နဲ့ဒီဘက်ကို ဆိုင်ကယ်ရော၊ ကားတွေရော၊ လူရောပါသွားလို့မရအောင် ဖျက်လိုက်တာဗျ။ အဲ့ဘက် လမ်းကြောတကြောလုံးမှာရော တချို့နေရာတွေမှာက ကာကွယ်ရေးတပ်သားတွေနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေရှိတဲ့ခါကျတော့ သူတို့ အသေအပျောက်တွေ များတာကိုး။” (ကိုသန်းကျော်ဦး-ဒေသခံ)
မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လက်နက်ကြီးကျည်ကျပြီး လူသေဆုံးတဲ့အထိ နှစ်နိုင်ငံနယ်စပ်လုံခြုံရေး အတော်လေးကို စိုးရိမ်စရာအနေအထား ဖြစ်လာလို့ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာသံအမတ်ကို ဆက်တိုက်ဆင့်ခေါ်သတိပေးနေပါတယ်။
“ကျနော်က INGO တခုမှာလုပ်တယ်။ လစာကျတော့ ၃,၀၀၀ နဲ့မရဘူး။ KBZ က ပြောတာတော့ နိုင်ငံခြားငွေနဲ့ရပေမယ့် ကျနော်ကပြည်တွင်းမှာရှိလို့ မရဘူးလို့ပြောတယ်။ သတ်မှတ်ဈေးပဲ ဖြတ်ပေးတယ်။ KBZ တခုပဲ ဖြစ်နေတာဗျ။ ကျနော့်အဒေါ်က အမေရိကားကနေ မုန့်ဖိုး ဒေါ်လာ ၁၀၀ ကို Western Union ကလွှဲတာ ၃,၀၀၀ နဲ့ဖြတ်ပေးတယ်။” (ကိုကောင်းမြတ်)
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာမှာ စက်တင်ဘာ ၂၇ ရက်၊ မနေ့က မြန်မာစစ်တပ်ဘက်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျတဲ့အတွက် အရပ်သားတဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့က VOA ကို ပြောပါတယ်။
“ နိုင်ငံရေးအကျဉ်းသားဆိုတာကိုကျနော်တို့ နားမလည်ပါဘူး။ တည်ဆဲဥပဒေကိုချိုးဖောက်တဲ့အတွက် သက်ဆိုင်ရာတရားရုံးတွေကနေပြီးတော့ ပြစ်ဒဏ်တခုနဲ့လာရောက်ပို့ဆောင် သူတွေပဲ ရှိပါတယ်။ အဲတော့နိုင်ငံရေးအကျဉ်းသားလို့ပြောရင် ကျနော်တို့က နားမလည်တော့ပါဘူးခင်ဗျာ။” (အကျဉ်းထောင်ဦးစီးဌာန တာဝန်ရှိသူတဦး)
တကျော့ပြန် ကချင်စစ်ပွဲတွေကြား ဆယ်စုနှစ်တခုကျော် IDP ဒုက္ခသည်စခန်းတွေထဲ ခိုလှုံနေရဆဲ ကချင်စစ်ပြေးရှောင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး လုံခြုံရေးအာမခံချက်ပေးဖို့ ခက်နေတယ်လို့ နေရပ်ပြန်ရေး ဦးဆောင်စီစဉ်ပေးနေတဲ့ ဒေါက်တာခလမ်ဆွမ်ဆောင်( Dr.Hkalam Samson) က ပြောပါတယ်။
ယူကရိန်းမှာ ကလေးငယ်တွေ လုံခြုံတဲ့နေရာကို ဘေးကင်းကင်း ရောက်နိုင်ဖို့ အကူအညီပေးတဲ့ ဖုန်းဆော့ဝဲလ်အသစ်တခုကို ယူကရိန်း အထက်တန်းကျောင်းသူ သုံးယောက် က တီထွင်လိုက်ပါတယ်။ Lesia Bakalets သတင်းပေးပို့ထားတာ မဆုမွန်ပြောပြပါမယ်။
မရိတ်သိမ်းနိုင်တဲ့ မြေယာ လယ်နဲ့ယာဆို အားလုံး ဧက ၁၀,၀၀၀ လောက် အထက်မှာပဲ ရှိတယ်။ အရင်က နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုရှိမှပဲ လက်နက်ကြီးတွေက ကျလာတယ်၊ အခုက နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုမရှိဘဲနဲ့ လက်နက်ကြီးနဲ့ထုတယ်လေး။ကျနော်တို့တောင်သူတွေက ရိတ်သိမ်းဖို့ဟာတော့ အခက်အခဲရောက်နေတာပေါ့။”(မိုးဗြဲမြို့ခံတဦး)
မြန်မာနိုင်ငံမှာ ရှေ့နှစ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံအခြေအနေတည်ငြိမ်အောင်ကြိုးစားနေပြီး ရွှေ့ဆိုင်းမယ်၊ မရွှေ့ဆိုင်းဘူးဆိုတာပြောဖို့ စောသေးတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရုရှားခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။
ရှမ်နဲ့ ကယာနယ်စပ် မိုးဗြဲမြို့ စစ်ဘေးရှောင်တွေရှိတဲ့ မွေတော် ဘုရားကျောင်းဝင်ထဲမှာ ဒီနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည် ကျပြီး ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက် အပါအဝင် ၄ ဦး ထိခိုက်သေဆုံးပြီး တခြားသူတွေလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တဲအ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြို့ခံတွေက VOA ကို ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မွေ့တုံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး မွေ့တုံ ကျေးရွာက နေအိမ်တွေ ဒါဇင်နဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးဆက်လက် ငြိမ်းသတ်နေရတဲအ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ပြောင်းလဲခဲ့တဲ့ ဝန်ကြီးချုပ်အစဉ်အဆက် ရုံးစိုက်ရာ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ ဆယ်စုနှစ်ကျော်ကြာရှိနေခဲ့တာကတော့ ကြောင်လေး Larry ပဲဖြစ်ပါတယ်။ အေပီသတင်းကို အခြေခံပြီး မဆုမွန်ပြောပြပေးပါမယ်။
ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကလည်း ပြောဆိုနေချိန် ရိုဟင်ဂျာတို့ နေရပ်ပြန်ရေး၊ လုံခြုံရေး အနာဂတ်မျှော်လင့်ချက် စိုးရိမ်ချက်တွေ ဘယ်လို ရှိပါသလဲ ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
"ကုန်ဈေးနှုန်းကတော့ တော်တော်လေးတက်ပါတယ်။ စားဆီက တပိဿာ ၁၂,၀၀၀ လောက်ရှိတယ်။ ဆားက အရင်က ၁၀၀ - ၂၀၀ နဲ့ ဝယ်တဲ့အထုပ်သေးက အခု ၅၀၀ ရှိနေပြီ။ စက်သုံးဆီကတော့ ၄,၀၀၀ ပတ်ဝန်းကျင်ရှိတယ်။" (မင်းတပ်မြို့ဒေသခံ)
မြန်မာနိုင်ငံ အခုရက်ပိုင်း ကိုဗစ်ရောဂါပိုး ကူးစက်နှုန်းတွေ တကျော့ပြန်မြင့်တက် လာနေပါတယ်။ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၇ ရက် မနေ့ကတရက်တည်း ကူးစက်ခံသူ ၂၂၃ ဦး ရှိလာပြီး အဲဒီထဲက ပြည်တွင်း ကူးစက် မှု ၂၀၉ ဦးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်