ဂျပန်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ Liberal Democratic Party အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကို သိသိသာသာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဂျပန် အကြီးတန်း သုတေသီတယောက်က ပြောလိုက်ပါတယ်။
November လ ၂၆ ရက်နေ့ကစလို့ Indonesia နိုင်ငံ Yogyakarta မြို့က စခဲ့တဲ့ အာဆီယံ ၁၀ နိုင်ငံနဲ့ India နိုင်ငံကိုယ်စားပြု မော်တော်ကားတန်းကြီးဟာ ထိုင်းနိုင်ငံကတဆင့် ဒီကနေ့မှာ မန္တလေးမြို့ကို ရောက်ရှိလာပါတယ်။
ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင် အလုပ်လုပ်ခွင့် လက်မှတ်ရှိမှ အလုပ်လုပ်နိုင်မယ့် မူဝါဒသစ်ကြောင့် လူမှောင်ခိုနဲ့ အလုပ်သမားတွေအကြွေးတင်မှု ပိုလာနိုင်ဖွယ်ရှိပါတယ်။
လက်ပံတောင်းတောင် သပိတ်ဖြိုခွဲချိန်မှာ ဒဏ်ရာအပြင်းဆုံးရသွားတဲ့ ဦးတိက္ခဉာဏကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံမှာ ကုသမှု ခံယူဖို့ ဆောင်ရွက်နေပါတယ်။
ကယားပြည်နယ်၊ မော်ချီးသတ္ထုတွင်းလုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ သန့်ရှင်းရေရဖို့ အခက်တွေ့မှုတွေအပြင် ဒေသခံတွေ အကျိုးအမြတ်ခံစားခွင့်အကြောင်း အစီရင်ခံစာတစောင် ထုတ်ဝေပါတယ်။
မြန်မာ့ ပြောင်းလဲမှု နှုန်းထက် ပြောင်းလဲမှု အနှစ်သာရကို ပိုပြီး အာရုံစိုက်ပါ လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်
လက်ပံတောင်းတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဒေသခံပြည်သူတွေ ဆန္ဒပြခဲ့ကြသလို မြို့အတော်များများက သံဃာတွေလည်း တပြိုင်တည်းသပိတ်မှောက်ဖို့ စီစဉ်ထားပါတယ်။
မုံရွာဆေးရုံက မီးလောင်ဒဏ်ရာရ သံဃာနဲ့လူပုဂ္ဂိုလ် ၁၀၀ ကျော် မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့လိုက်တဲ့အတွက် မန္တလေးဆေးရုံမှာ နေရာ အခက်အခဲဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် သမ္မတဦးသိန်းစိန်အမိန့်နဲ့ ဒီဇင်ဘာ ၁ ရက်က ဖွဲ့ခဲ့ပြီးနောက် အဖွဲ့ဝင်တချို့ ပြင်ဆင် ဖွဲ့စည်းတဲ့ ကြေညာချက် ဒီကနေ့ ထပ်မံထွက်ပေါ်လာပါတယ်။
တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဥပဒေကြောင်းအရ ရပိုင်ခွင့်တွေ အခိုင်အမာ အကာအကွယ်ရအောင် ဘယ်လိုလုပ်မှာလဲဆိုတဲ့ စိုးရိမ်မှုတချို့ကို တုံ့ပြန်တဲ့အနေနဲ့ ကြေညာချက် ထုတ်ပြန်ရတာဖြစ်ပါတယ်လို့ တရုတ်သံရုံးပြောခွင့်ရကပြောပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေကို မကျေနပ်ကြတဲ့ မန္တလေးမြို့နဲ့ ရန်ကုန်မြို့တွေမှာ သံဃာတော်တွေ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေနဲ့ တာဝန်ရှိသူတွေကြားမှာ ညှိုနှိုင်းလို့ ရတဲ့ အခြေအနေရှိနေတဲ့ကြားက ဆန္ဒပြသံဃာတွေကို ရဲလုံခြုံရေးက အင်အားသုံး နှိမ်နှင်းတယ်လို့ ပြဿနာကို ကြားဝင်စေ့စပ်ဖြေရှင်းပေးနေတဲ့ ပုလဲ NLD အမတ် ကပြောပါတယ်။
မြန်မာနိုင်ငံတရားစီရင်ရေးမှာ အုပ်ချုပ်ရေးက ဝင်ရောက်စွက်ဖက်မှုကင်းအောင်လုပ်ဖို့ လိုအပ်ဟု ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီဆို
သမ္မတ အိုဘားမား အကြို ခရီးစဉ်အတွက် ရန်ကုန်မြို့မှာ ထူးထူးခြားခြား ပြင်ဆင် ထားတာမတွေ့ရပေမဲ့လို့ လုံခြုံရေးတော့ သိသိသာသာ တင်းကျပ်ထားပါတယ်။
တနင်္လာနေ့မှာ မြန်မာနိုင်ငံကိုရောက်လာမဲ့ အမေရိကန်သမ္မတ Barack Obama ဟာ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။
နေရူးအောက်မေ့ဖွယ်မိန့်ခွန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယရဲ့လွတ်လပ်ရေးကြိုးပမ်းမှုကို ချီးကျူးခဲ့ပြီး ဂန္ဒီနဲ့ နေရူးတို့ရဲ့သူ့အပေါ် လွှမ်းမိုးမှုကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အပြောင်းအလဲတွေလုပ်ဖို့ လုပ်ပိုင်ခွင့်အာဏာလိုအပ်တဲ့အတွက် လုပ်ချင်တဲ့အပြောင်းအလဲတွေ လုပ်နိုင်ဖို့ အာဏာလိုအပ်တယ်။ (ဒေါ်အောင်ဆန်းစုကြည်နှင့် The Hindu Press)
နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယ ခရီးစဉ်အတွင်း အိန္ဒိယအစိုးရပိုင်းနဲ့ရော သူတက်ဖူးတဲ့ကျောင်းကိုလည်း သွားရောက်ပြီး မြန်မာမိသားစုတွေနဲ့ပါ တွေ့ဆုံမှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက္ကသိုလ်ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ တင်သွင်းခဲ့တဲ့ အဆို၂ ရပ် ကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
နိုဝင်ဘာလ တတိယပါတ်မှာ အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ အမေရိကန်သမ္မတအိုဘားမား မြန်မာ၊ ကမ္ဘောဒီးယား၊၊ ထိုင်းနိုင်ငံတွေဆီကို သွားမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်