ဆလိုဗေးနီးယား(Slovenia) နိုင်ငံရဲ့ မြို့တော် (Ljubljana) လူဗျာနာကို နဂါးမြို့တော်လို့ တင်စားပြောကြပါတယ်။ တချိန်က နဂါးတွေရှိခဲ့တယ်လို့ပြောကြတဲ့ မြို့ဆီကို မစုမြတ်မွန်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ကြရအောင်ပါ။
မြန်မာနိုင်ငံကို ဒီမိုကရေစီအစိုးရစနစ်ပြန်ထွန်းကားအောင် တတ်နိုင်တဲ့နည်းနဲ့ ရန်ပုံငွေရှာ ပံ့ပိုးနေကြသူတွေထဲက အမေရိကန်ပြန်ထောင်စု Texas ပြည်နယ် Dallas မြို့မှာနေထိုင်တဲ့ မြန်မာနွယ်ဘွားတွေ ဘယ်လိုရန်ပုံငွေရှာကြသလဲဆိုတာ မစုမြတ်မွန်က လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ စစ်ရေးအရအရေးပါတဲ့ မအီမြို့က တံတား ၂ စင်းကို စစ်တပ်က ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာ သင်္ဘောနဲ့အပျော်ခရီးထွက်သူတွေ ပိုများလာမယ်လို့ ခရီးသွားလုပ်ငန်းတွေက ခန့်မှန်းထားပါတယ်။ သင်္ဘောစီးပြီး ဇိမ်ခံခရီး၊ စွန့်စားခရီးသွားနေကြသူတွေ ဘာကြောင့်ပိုများလာသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
မြန်မာနိုင်ငံမှာ စစ်ဖြစ်နေတဲ့နေရာတွေကို ကိုယ်တိုင်သွားပြီး ဓါတ်ပုံရိုက်ကူးခဲ့တဲ့ ဓါတ်ပုံသတင်းထောက် Y.A.T က ဓါတ်ပုံတချို့နဲ့ အဲဒီဓါတ်ပုံတွေရဲ့ နောက်ကွယ်က အကြောင်းတွေ မစုမြတ်မွန်နဲ့ မျှဝေထားတာကို လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
အီတလီနိုင်ငံ ရောမမြို့တော်က ကြယ် ၅ ပွင့်ဟိုတယ်တခုမှာ တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းလက်ရာမျိုးစုံကို အများပြည်သူ ဝင်ရောက်ကြည့်ခွင့် ပြုထားပါတယ်။ တော်ဝင်မိသားစုတွေ ၊ ကြွယ်ဝချမ်းသာသူတွေသာ တည်းခိုကြလေ့ရှိတယ်။ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
အမေရိကန်မှာ ရုံးတွေ ဆေးရုံဆေးခန်းတွေသွားရင် စကားပြန်လိုသူတွေအနေနဲ့ ဘာတွေသိထားသင့်ပါသလဲ။ ကျန်းမာရေးဆိုင်ရာ စကားပြန် Gina ကို မစုမြန်မွန်ကမေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
အာမေးနီးယားက ဒီလီဂျန် တောင်ပေါမြို့လေးမှာ ကမ္ဘာကျော် Hollywood ရုပ်ရှင်ဇာတ်လမ်းတွဲကြီးထဲမှာပါတဲ့ အိမ်ပုလေးတွေလိုမျိုး ဟိုတယ်ခန်းတွေ ရှိပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်နိုင်အောင် ထူးထူးခြားခြားလုပ်ထားတဲ့ တည်းခိုခန်းတွေရှိရာကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ အဟာပြည့်ဝအောင်စားနိုင်ဖို့ ခက်ခဲတဲ့ စစ်ဘေးဒုက္ခသည်တွေ၊ အထူးသဖြင့် ကလေးငယ်တွေအတွက် အဟာရအလှူလုပ်ပေးနေတဲ့ Clean Yangon အဖွဲ့က မသဉ္ဇာအေးကို မစုမြတ်မွန်ကမေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
ပုံမှန်အပျော်ခရီးထွက်ရတာမျိုးထက် ထူးထူးခြားခြား စွန့်စားရတဲ့ ခရီးမျိုးထွက်ချင်သူတွေအတွက် ရေခဲပင်လယ်ထဲမှာ ရေကူးနိုင်တဲ့ ခရီးမျိုးလည်းရှိပါတယ်။ Finland နိုင်ငံကနေ ရေခဲပင်လယ်ထဲကို ရေခဲခွဲသင်္ဘောကြီးစီးသွားပြီး ရေခဲပင်လယ်ထဲမှာ ရေကူးနိုင်ဖို့ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်
ဟူသီသူပုန်တွေရဲ့ရန်ကြောင့် ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ကို ကုန်တင်သင်္ဘောကြီးတွေရှောင်ပြီး သွားနေကြရပါတယ်။ ဒါဟာ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအတွက် ဘယ်လောက်ထိခိုက်သလဲဆိုတာ ကုန်သွယ်ရေကြောင်းကျွမ်းကျင်သူ Captain မျိုးမြင့်အောင်ကို မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
Radio Taiwan International သတင်းဌာန မြန်မာပိုင်းအစီအစဉ်က Thomas Chen ကို ရွေးကောက်ပွဲ ရလာဒ် ထွက်မလာခင်လေးမှာ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။
ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ ခံစားချက်ကို ပန်းတွေကနေတဆင့် သိမြင်အောင်လုပ်တဲ့ ပန်းကုထုံးအကြောင်း ပန်းကုထုံးအထူးပြုဆရာမ မမွန်မြတ်ကို မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
Christmas နဲ့နှစ်သစ်ကူးကာလကို ဆောင်းရာသီအရသာ အစစ်အမှန်နဲ့ ခံစားချင်ကြသူတွေ Finland နိုင်ငံမြောက်ပိုင်းက Lapland ဒေသကို သွားလည်နေကြပါတယ်။အတွေ့အကြုံသစ်တွေရနိုင်သလို ကံကောင်းရင် ဥတ္တရအလင်းတန်းတွေကို အနီးကပ်တွေ့မြင်နိုင်တဲ့ Lapland ဒေသဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်
အမေရိကန်ပြည်ထောင်စု San Francisco မြို့မှာရှိတဲ့ ပထမမြန်မာနှစ်ခြင်းအသင်းတော် FBBCSF ကတိုင်းရင်းသားလူမျိုးစုံ ခရစ်ယာန်ဘာသာဝင်တွေ Christmas အချိန်မှာ မြန်မာနိုင်ငံအတွက် မေတ္တာနဲ့ ကောင်းချီးမင်္ဂလာတွေကို အထူးမျှဝေကြတဲ့အကြောင်း မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
ခရစ္စမတ်ရောက်တိုင်း မီးအလှထွန်းကြတဲ့ ကမ္ဘာတဝန်းက နိုင်ငံတချို့မှာ ဒီနှစ်ဘယ်လိုပြင်ဆင်မှုတွေလုပ်ထားသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ သွားကြည့်ရအောင်ပါ။
UNHCR ရဲ့ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာညီလာခံကို Switzerland နိုင်ငံမှာ ၄ နှစ်တကြိမ်ကျင်းပပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒုက္ခသည်တွေကို ဘယ်လိုထောက်ပံ့ကူညီမှုတွေ လုပ်ပေးနေပါလဲ။ မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြားဖြစ်နေတဲ့ စစ်ပွဲကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်းထိခိုက်နေပါတယ်။ အီဂျစ်နဲ့ လက်ဘနွန်နိုင်ငံတွေက ခရီးသွားလုပ်ငန်း အခြေအနေတွေကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးအာမခံဝယ်ဖို့ အခက်အခဲဖြစ်နေသူတွေ၊ ကျန်းမာရေးထောက်ပံ့မှုရဖို့ စာရွက်စာတမ်း မရှိသေးသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုရအောင် AACF ဆိုတဲ့ NGO အဖွဲ့က ကူညီပေးနေပါတယ်။ AACF က ကိုမင်းရှိန်ကို မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
မျိုးသုဉ်းတော့မယ့် အခြေအနေကြုံနေတဲ့ ကိုဝါလာလေးတွေကို ဧည့်သည်တွေအနေနဲ့ ဓါတ်ပုံတွဲရိုက်တဲ့ ချစ်စရာ အကောင်လေးတွေထက် တောရိုင်းသတ္တဝါလေးတွေအဖြစ် ကာကွယ်စောင့်ရှောက်နိုင်အောင် ဩစတေးလျမှာ ကြိုးစားနေတာမို့ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်