ဦးထုပ်နဲ့ ဖိနပ်ကလွဲလို့ တကိုယ်လုံးပြာနေတဲ့ ကာတွန်းဇတ်ကောင် Smurf လေးတွေက Belgium နိုင်ငံရဲ့ နာမည်ကျော်ဖြစ်ပါတယ်။ ကာတွန်းထဲမှာမြင်ရတဲ့အတိုင်း သူတို့ဘယ်လို နေထိုင်ကြသလဲဆိုတာကို ကိုယ်တိုင်တေ့ွမြင်နိုင်ဖို့ ဖန်တီးထားတဲ့ ပခန်းကြီးဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။
ဒီမိုကရေစီအဆောက်အအုံတွေ ခိုင်မာတိုးတက်လာအောင်။ ဒီမိုကရေစီ အတွေးအမြင်တွေ ကျယ်ပြန့်လာအောင်၊ NDI အဖွဲ့အနေနဲ့ အများကြီး ကူညီပေးနိုင်မယ်လို့ ယုံကြည်ကြောင်း NDI ဥက္ကဋ္ဌအဖြစ် မကြာခင်ကမှ ရွေးချယ်ခံထားရတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell ကပြောကြားလိုက်ပါတယ်။
လန်ဒန်မြို့က Kew Garden ရုက္ခဗေဒဥယျာဉ်ကြီးထဲမှာ သမပိုင်းဇုံတွေမှာသာတွေ့ရတဲ့ အရှားပါးဆုံးနဲ့ မျိုးတုန်းလုဖြစ်နေတဲ့ အပင်မျိုးစုံကို စိုက်ပျိုးထားတဲ့ မှန်လုံအိမ်ကြီးရှိပါတယ်။ ဝိတိုရိယခေတ်ထဲက မှန်လုံအိမ်ကြီးထဲမှာက ရှားပါးပင်တွေကို လေ့လာနိုင်ဖို့ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ကြား စင်္ကာပူမှာ အင်္ဂါနေ့က သမိုင်းဝင်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပူးတွဲသဘောတူညီမှု ရခဲ့တဲ့အပေါ် နိုင်ငံတကာက သတိနဲ့ကြိုဆိုတုံ့ပြန်နေကြပါတယ်။
စပိန်နိုင်ငံအနောက်မြောက်ပိုင်းမှာ ကျင်းပတဲ့ ရုပ်သေးပွဲတော်မှာက နိုင်ငံစုံက ရုပ်သေးပညာရှင်တွေ နှစ်တိုင်း စုဝေးရောက်ရှိတတ်ကြတာပါ။ ရုပ်သေးပွဲတွေကို သိပ်နှစ်ခြိုက်ကြတဲ့ ဒေသခံတွေကြောင့်လည်း အဲဒီပွဲပေါ်ပေါက်ခဲ့ရတာဖြစ်ပါတယ်။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့စင်္ကာပူနိုင်ငံမှာ တေ့ွဆုံကြဖို့ ရက်ပိုင်းပဲလိုတော့ချိန်မှာ မြောက်ကိုရီးယားရဲ့ ဒေသတွင်း Nuclear အန္တရာယ်ဟာ ဒီထိပ်သီးတွေ့ဆုံပွဲကြောင့် ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယား အတိုက်အခံ Conservative ပါတီခေါင်းဆောင်တွေက ပြောနေကြပါတယ်။ တချိန်ထဲမှာပဲ ထိပ်သီးဆွေးနွေးမှုအတွင်း မြောက်ကိုရီးယား လူ့အခွင့်အရေးကိစ္စကို ထည့်သွင်းဆွေးနွေးဖို့ တိုက်တွန်းမှုတွေလည်းရှိနေကြပါတယ်။
မုတ်သုန်ရာသီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ သဘာဝကပ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် အကူအညီတွေ ၂ ဆ လိုအပ်နေတယ်လို့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ IRC ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်စခန်းတွေ ရေလွှမ်းသွားနိုင်တဲ့ အခြေအနေရှိနေတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးပေါ် ကူညီကြဖို့ Cox’s Bazar ကရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ IRC ဥက္ကဋ္ဌ David Miliband ကတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
Croatia နိုင်ငံက အရမ်းလှတဲ့ Dubrovnik မြို့မှာ Hollywood ရုပ်ရှင်တွေ၊ စီးရီးတွေလာရိုက်ကြလို့ မြို့ရဲ့ရှေးဟောင်းလက်ရာတွေ ထိခိုက်ပြီး UNESCO ရဲ့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရမယ့် မြို့စာရင်းကနေ ပယ်ဖျက်ခံရမှာ နယ်ခံတွေ စိုးရိမ်နေကြပါတယ်။ ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ပြထားပါတယ်။
EU ဥရောပသမဂ္ဂ၊ Canada နဲ့ Mexico နိုင်ငံတွေကနေ အမေရိကန်ကို တင်သွင်းတဲ့ သံမဏိတွေအတွက် သွင်းကုန်ခွန် ၂၅% အလူမီနီယံအတွက် ၁၀% ကောက်ခံဖို့ အမေရိကန်အစိုးရက သတ်မှတ်လိုက်ပြီးနောက် အဲဒီနိုင်ငံတွေကလည်း တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အလားတူ သွင်းကုန်ခွန်တိုးကောက်မယ်လို့ ကြေညာခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ တိုးတက်မှုမမြင်ရသေးဘူးလို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။ လူနည်းစုဘာသာကိုးကွယ်သူတွေကို လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ခုချိန်ထိရှိနေတယ်လို့ ယုံကြည်ကြောင်းနဲ့ အခုဆိုရင် ကချင်ပြည်နယ်ထဲမှာ နှိမ်နှင်းမှုတွေကို ၂ ဆတိုးလုပ်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် သံအမတ်ကြီး Sam Brownback ကပြောကြားပါတယ်။
အီတလီနိုင်ငံက Miniature Park of Italy အပန်းဖြေဥယျာဉ်မှာ ရောမခေတ်လက်ရာ အဆောက်အဦးတွေအပါအဝင် ခေတ်အဆက်ဆက် အနုပညာလက်ရာမြောက်ဖန်တီးထားတဲ့ အဆောက်အဦးပေါင်းရာကျော်ကို မူလပုံစံမပျက် အချိုးကျကျချုံ့ပြီး ပုံစံတူ အဆောက်အဦးလေးတွေ ဖန်တီးပြသတဲ့နေရာရှိပါတယ်။ ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ပြထားပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးကျော်ဝင်း နုတ်ထွက်စာတင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီကိစ္စကို NLD ပါတီအနေနဲ့ မသိဘူးလို့ ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးအောင်က ပြောပါတယ်။
ရခိုင်ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် တဖက်သတ် ဖိအားပေးနေတာကို လက်မခံနိုင်တဲ့အကြောင်းနဲ့ ရခိုင်ပြဿနာဖြေရှင်းနေတဲ့ မြန်မာအစိုးရအပေါ် အမေရိကန်နိုင်ငံက ယုံကြည်စွာနဲ့ ဆက်လက်ထောက်ခံမှုပြဖို့ တောင်းဆိုတဲ့စာကို New York မြို့က မြန်မာအသိုင်းအဝိုင်းက သမ္မတ Donald Trump ကိုပေးပို့ခဲ့ပါတယ်။
အဖြူရောင်ဘောလုံးလေးကို မြင်းပေါ်ကတုတ်ရှည်နဲ့ရိုက်ပြီးဂိုးသွင်းတဲ့ ပိုလိုကစားနည်းကို လူချမ်းသာတွေရဲ့အားကစားလို့ ပြောကြတာပါ။ ကမ္ဘာ့ထိပ်တန်းပိုလိုကစားသမားတွေရှိတဲ့ အာဂျင်တီးနားနိုင်ငံမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေပါ ပိုလိုပွဲမှာ ဝင်ကစားနိုင်ပါတယ်။ ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ပြထားပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်တွေအနေနဲ့ အမေရိကန်အစိုးရအပေါ် ထောက်ခံအောင် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ခြိမ်းခြောက်နေတယ်လို့ ပါလက်စတိုင်း ထိပ်တန်းတာဝန်ရှိသူ Hanan Ashrawi ကစွပ်စွဲလိုက်ပါတယ်။
Gaza ဒေသမှာ ပါလက်စတိုင်းဆန္ဒပြသူ ၆၀ ထက်မနည်းသေဆုံးခဲ့ရတဲ့ အစ္စရေးစစ်တပ်ရဲ့ နှိမ်နှင်းမှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ပါလက်စတိုင်းပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို့ ပါလက်စတိုင်းဖက်က အစ္စရေးကို အပြစ်တင်ပါတယ်။
ဘယ်လ်ဂျီယံတော်ဝင်မိသားစုရဲ့ ပန်းဥယာဉ်ထဲမှာ အာရှ၊ အာဖရိကနဲ့ အမေရိကတိုက်တို့က သစ်ပင်ပန်းမန်တွေနဲ့ ၁၉ ရာစု ဗိသုကာလက်ရာနဲ့ဖန်တီးထားတဲ့ မှန်လုံအိမ်ကြီးတွေကို တွေ့ရမှာပါ။ ဖန်သားချပ်တွေနဲ့ "City of Glass" လို့တင်စားတဲ့ ဥယျာဉ်ကြီးအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်