ရှုပ်ထွေး နက်နဲတဲ့ ရခိုင်ပြည်နယ်ထဲက ပြဿနာတွေအတွက် ဘက်မလိုက်ဘဲ သမာသမတ်ကျကျနဲ့ အဖြေရှာသွားမယ်လို့ ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ Noble ငြိမ်းချမ်းရေးဆုရှင် ကုလသမဂ္ဂအတွင်းအရေးမှူးချုပ်ဟောင်း Kofi Annan ကပြောကြားလိုက်ပါတယ်။
ကင်ညာနိုင်ငံက သူ့နိုင်ငံထဲမှာရှိနေတဲ့ ဒုက္ခသည်တွေကို ပြန်ပို့မယ့် အရိပ်အယောင် ပြောကြားပြီး မကြာပါဘူး။ ဆူဒန်နိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံနဲ့ တခြားနိုင်ငံတွေကလဲ သူတို့ဆီမှာ ရှိနေတဲ့ ဒုက္ခသည်တွေ ကို ပြန်ပို့မယ် ဆိုတာမျို ပြောသံတွေ ထွက်လာကြပါတယ်။
ကမ္ဘာ့မှာ ပဉ္စမမြောက် စီးပွားရေး အင်အား အကြီးဆုံးဖြစ်တဲ့ ဗြိတိန်နိုင်ငံက တနိုင်ငံထဲ ရပ်တည် သွားတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာတဝန်း စီးပွားရေး ဈေးကွက်မှာ ဆက်ပြီး မတည် မငြိမ်ဖြစ် နေပါတယ်။ စတာလင်ပေါင်ဈေးဟာ ၃၁ နှစ်အတွင်း အနိမ့်ဆုံးဈေးကို ကျဆင်းခဲ့ပါတယ်။
လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဥပေဒတွေကို နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ အညီဖြစ်အောင် ဆက်ပြီး လုပ်သွားဖို့အတွက်လဲ EU က မြန်မာအစိုးရကို အားပေးပါတယ်။
FBI ညွှန်ကြားရေးမှူး James Comey ပြောပြချက် အရ ကတော့ သေနတ်သမားကို ပြည်ပကနေ ညွှန်ကြား ခိုင်းစေတဲ့ အထောက်အထား ရှင်းရှင်းလင်းလင်း အခုထိ မတွေ့ရသေးပါဘူး။ သူ့ကို ညွှန်ကြားတဲ့ အထောက်အထားတွေလဲ ခုထိ မတွေ့ရပါဘူး။
မေလ ၃၀ ရက်နေ့စွဲနဲ့ အိတ်ဖွင့် ပန်ကြားလွှာထဲမှာ ၂၀၁၅ သြဂုတ်လ ၁၂ ရက် နေ့တုန်းက ပါတီဌာနချုပ်ရုံးကို အင်အားသုံးပြီး စီးနင်းရှာဖွေခဲ့တဲ့ ကိစ္စဟာ တည်ဆဲဥပဒေတွေကို လိုက်နာခြင်းမရှိဘူးဆိုတာကို ထပ်မံ ထောက်ပြထားပါတယ်။
သမ္မတသက်တမ်းတလျှောက်မှာ သူလုပ်ဆောင် ချန်ထားနိုင်တဲ့ အမွေအနှစ်တွေက ဘာတွေလဲ ဆိုတာကို ပြနိုင်ဖို့ ကြိုးစားတဲ့ အမေရိကန်သမ္မတ Obama ဟာ အင်္ဂါနေ့ညတုန်းက နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက် ပွင့်လင်းမြင်သာမှုရှိရေး လိုအပ်နေသေးတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပြော