ရုရှားဝင်ရောက်ကျူးကျော် တိုက်ခိုက်တာ ခံနေရတဲ့ ယူကရိန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာနဲ့အတူ စားနပ်ရိက္ခာရဖို့လည်း တဖြည်းဖြည်း ခက်ခဲလာနေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အဓိက လိုအပ်နေတဲ့ စွမ်းအင်ကဏ္ဍလိုအပ်ချက်ကို လေစွမ်းအင်လို ပြန်ပြည့်မြဲစွမ်းအင်နဲ့ ဖြည့်ဆည်းပေး နိုင်ပါသလား။ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
Rare Earth Metal မြေရှားသတ္တုကို မြန်မာနိုင်ငံမှာ ဘယ်လို တူးဖေါ်နေတယ် ဆိုတာကို ဓါတ်သတ္တုရှာဖွေရေးနဲ့ တူးဖေါ်ရေးပညာရှင် ဦးစောနောင်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
နယ်သာလန်နိုင်ငံ သဟိဘ်မြို့ ICJ တရားရုံးမှာ ဂမ်ဘီယာနဲ့ မြန်မာအမှု ကြားနာပွဲအတွင်း ICJ အနေနဲ့ ဒီအမှုကို လက်ခံ စီရင်ပိုင်ခွင့်မရှိသလို ဂမ်ဘီယာအနေနဲ့လည်း တင်ပြစွဲဆိုပိုင်ခွင့်မရှိဘူးလို့ မြန်မာဖက်က ချေပသွားပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း ကို တာဝန်ကျ အယ်ဒီတာ ဒေါ်ခင်မျိုးသက် က မေးမြန်းထားပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲမှာ အိုးအိမ်စွန့်ဘေးလွတ်ရာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ကျန်းမာရေးဆိုင်ရာ အခက်အခဲများစွာ ကြုံနေရပါတယ်။ ယာယီစစ်ဘေးရှောင်စခန်းတွေမှာလည်း နာတာရှည်ရောဂါအခံရှိသူ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုရဖို့ တော်တော်လေးလိုအပ်နေပါတယ်။
စစ်တပ်အာဏာသိမ်းချိန်မတိုင်ခင်က IT နည်းပညာထွန်းကာလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်တနှစ်အကြာ အင်တာနက်နည်းပညာအသုံးပြုတဲ့အခြေအနေဘယ်ရှိနေပါလဲ။ အမေရိကန်က IT နည်းပညာရှင် Stenley ဇေယျ ကို ဒေါ်ခင်မျိုးသက် က ဆက်သွယ်ပြီး ဒီသီတင်းပတ် သိပ္ပံ နဲ့ နည်းပညာကဏ္ဍမှာ တင်ပြထားပါတယ်ခင်ဗျာ။
နိုင်ငံတနိုင်ငံရဲ့ အနေထားကို ပြောင်းလဲအောင်လုပ်နိုင်တဲ့ နည်းပညာနဲ့ တီထွင်ကြံဆမှုတွေရအောင် ဆင်းရဲတဲ့အာဖရိကမှာ လုပ်ဆောင်နေတာကိုပြောပြမှာပါ
လူနေအထူထပ်ဆုံး ရန်ကုန်မြို့အတွက် မီးအန္တရာယ် သတိထားဖို့ လိုအပ်တာတွေကို ရန်ကုန်မီးသတ်ဌာန အရာရှိဟောင်း ဦးဖော်ဝင်းကပြောပြမှာပါ
မြန်မာ့လူဦးရေ ဆယ်ပုံတပုံနေတဲ့ ရန်ကုန်မှာ သောက်သုံးရေ ုဖြန့်ဝေပေးတဲ့ အနေထားကို မြို့ပြစီမံကိန်း ပညာရှင်ဒေါက်တာကျော်လတ်က ပြောပြမှာပါ
သွားရေးလာရေး ခက်ခဲနေတဲ့ ရန်ကုန်မြို့ ပြဿနာကိုဘယ်လိုဖြေရှင်းဖို့ ကျိုးစားနေတယ်ဆိုတာ မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောပြမှာပါ
ပုဂံလို ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးထားမြတ်နိုးကြဖို့၊ ထိမ်းသိမ်းစောင့်ရှောက်ဖို့ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်
ပုဂံဒေသ ရှေးအဆောက်အဦးတွေမှာ ဘယ်လို ထူးခြားတဲ့ နည်းပညာမျိုး သုံးပြီး တည်ဆောက်ထားတယ် ဆိုတာကို ဗိသုကာပညာရှင် ဒေါက်တာကျော်လတ်က ပြောပြမှာပါ
ဓါတုပစ္စည်းတွေရဲ့ ဂုဏ်သတ္တိကိုနားမလည်ပဲ ကုန်လှောင်ရုံမှာသိုလှောင်မိလို့ ကြုံရတဲ့ အန္တရာယ်ကို ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပြမှာပါ
သိပ်သေးငယ်တဲ့ Nutreno အမှုန်ဟာ အလင်းထက်မြန်အောင် ပြေးနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ကြောင့် သိပ္ပံပညာရှင်တွေ ခေါင်းရှုပ်ကုန်ကြတာကို ပြောပြမှာပါ
၂၀၁၁ခုနှစ်ထဲမှာ ထူူးထူးခြားခြား ဖြစ်ပွါးခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဖြစ်ရပ်ကလေးတွေကို စုစည်းတင်ပြထားပါတယ်
လူတွေနေထိုင်ရာ ကမ္ဘာကြီးအပါအဝင် စင်္ကြာဝဠာကြီး ပေါ်ပေါက်လာစေဖို့ အခြေခံ အကျဆုံးအရာဟာ ဘာလဲဆိုတာကို သိပ္ပံပညာရှင်တွေ ရှာဖွေနေကြပါတယ်
ရွှေသယံဇာတ ရှာဖွေရာမှာသုံးလေ့ရှိတဲ့ ဓါတုပစ္စည်းတွေကြောင့် မြန်မာ့ မြစ်ချောင်းတွေထဲက ငါးသယံဖာတတွေ မဆုံးရှုံးအောင် ကာကွယ်ကြဖို့လိုပါတယ်
ငလျင်ဇုံ-၄-ထဲက မြစ်ဆုံဒေသမှာ ဆည်တမံကြီးတွေ ဆောက်မယ်ဆိုရင် တွေ့နိုင်တဲ့ အန္တရာယ်အတိုင်းအတာကို မြေငလျင်ကော်မတီက ဦးစိုးသူရထွန်းက ပြောပြမှာ
နောက်ထပ်ကြည့်ရှုရန်