မျိုးဗီဇ DNA ဆိုတာ ဘာပါလဲ။ ဒီ DNA ပုံတူပွါးမှု စတင်တဲ့နေရာ အရင်းအမြစ်ကို ဘာ့ကြောင့် ရှာဖွေနေကြတာပါလဲ။ သိပ္ပံသုတေသနတွေထဲက DNA နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ မျိုးဗီဇရဲ့ မူလအရင်းအမြစ်အတွက် Mississippi တက္ကသိုလ်မှာ သုတေသနလုပ်နေတဲ့ ဒေါက်တာရွှေစင်ဦးကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်က ကျောက်ကြီးရဲစခန်းကို သောကြာနေ့မနက်အစောပိုင်းမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ နောက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ၂ ကြိမ် တိုင်တိုင် ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရူပဗေဒပညာရပ်ကို အသုံးချပြီး မျိုးဗီဇ DNA မျိုးဗီဇ အရင်းအမြစ်ဆန်းစစ်တာအပါအဝင် လူသားအကျိုးပြု သုတေသနတွေ လုပ်နေတဲ့ အမေရိကန်ပြည်ထောင်စု Mississippi တက္ကသိုလ်က မြန်မာသုတေသီ ဒေါက်တာရွှေစင်ဦးနဲ့ ဒေါ်ခင်မျိုးသက်က မိတ်ဆက်ပေးမှာပါ။
ခုတပတ်မှာတော့ ဆောက်ထားတဲ့ အဆောက်အအုံတွေ ဖြိုဖျက်တာ အပါအဝင် မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းခွင့် အန္တရာယ်ကင်းအောင် ဘာတွေ လုပ်သင့်တယ် ဆိုတာကို စင်္ကာပူ အလုပ်သမားဝန်ကြီးဌာနက ဘေးအန္တရာယ်ကင်းရေးဆိုင်ရာ အရာရှိ အင်ဂျင်နီယာ ဦးအေးငြိမ်းကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
"တရားမဝင်ဆေးကို သုံးတာက တော်တော် အန္တရာယ်ရှိတယ်။ ကျနော် အကြံပေးချင်တာကတော့ register ပါတဲ့ဆေးကိုပဲ သေချာ သုံးစေချင်တယ်။ ဆေးတွေမှာ register နံပါတ်ပါတယ်။ ဗူးခွံတွေမှာ ပါတယ်။ သေချာလေး ရွေးဝယ်ဖို့ လိုအပ်တယ်။" (ဒေါက်တာကျော်မင်းထွန်း-အထွေထွေရောဂါကု)
စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်က မြကန်သာရပ်ကွက်ကို စစ်တပ်က ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့လို့ ကလေးငယ်တဦးနဲ့ အမျိုးသားတဦး သေဆုံးသွားခဲ့ပြီး ပုလဲမြို့ပေါ်မှာတော့ စစ်တပ် တပ်စွဲထားတဲ့ ပုလဲ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
"တကယ်တန်းထိတွေ့ဆောင်ရွက်သင့်တာတော့ ပြည်သူ့ mandate နဲ့ဖြစ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြီးတော့ သက်ဆိုင်ရာနယ်မြေတွေမှာရှိနေတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ။ ERO တွေနဲ့ထိတွေ့ဆောင်ရွက်မှသာ တကယ်ဒုက္ခရောက်နေတဲ့ပြည်သူတွေဆီကို တိုက်ရိုက်ရောက်ရှိမှာဖြစ်ပါတယ်။" (ဦးနေဘုန်းလတ်-NUG ဝန်ကြီးချုပ်ရုံး)
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဟာ မကွေးနဲ့စစ်ကိုင်းတိုင်းတွေအတွင်းနဲ့ ချင်းပြည်နယ်ဘက်တွေမှာ အရှိန်မသေသေးသလို စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောကြပါတယ်။
အော်ဂဲနစ် ပယင်း ထင်းရူး မျိုးနွယ်ပင်တွေက ထုတ်ပေးတဲ့ အော်ဂဲနစ်ဓါတ်ပေါင်း သစ်စေးကနေ ပယင်း ဘယ်လိုဖြစ်လာတယ် ၊ ပယင်းရဲ့ ထူးခြားချက်တွေနဲ့ ပယင်းကို အတုလုပ်လို့ ရမရ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ရန်ကုန်နဲ့ စင်္ကာပူအတွက် ဗြိတိန်ဗိသုကာပညာရှင် ဒေါက်တာ ဝီလီယံမောင်ဂိုမာရီရဲ့ သြဇာမကင်းခဲ့တဲ့ မြို့ပြစီမံကိန်းတွေဟာ စင်္ကာပူလွတ်လပ်ရေးရပြီးနောက်ပိုင်း ပညာရှင်တွေရဲ့လက်ထဲ ဖွံ့ဖြိုးခဲ့ပေမယ့် ရန်ကုန်ကတော့ ဆုတ်ယုတ်သွားခဲ့တယ်လို့ စင်္ကာပူက အင်ဂျင်နီယာ ဦးအေးငြိမ်းကပြောပါတယ်။ ဒေါ်ခင်မျိုးသက် တင်ဆက်ထားပါတယ်။
တကိုယ်ရေကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးရာမှာ နေ့စဉ် ဆီး၊ဝမ်းသွားတာကို ကိုယ့်အိမ်သာထိုင်ခုံ ကနေ ကိုယ်တိုင်စစ်ဆေး စမ်းသပ်လို့ရမယ့် စက်မျိုးကို သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ VOA သတင်းထောက် Matt Dibble သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
အိန္ဒိယနိုင်ငံမှာ ပြင်းထန်တဲ့ အပူလှိုင်းရိုက်ခတ်မှု မကြာခဏကြုံရတာဟာ နိုင်ငံသားတွေကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် စီးပွါးရေးကိုပါ ထိခိုက်ပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အန္တရာယ် ရှိလာတယ်လို့ သုတေသန စစ်တမ်း တွေမှာ ဖေါ်ပြပါတယ်။ VOA သတင်းထောက် Anjana Pasricha သတင်းကို ဒေါ်ခင်မျိုးသက် ပြောပြမှာပါ။
လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြင်းထန် လာနေတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ်တွေ တိုက်ခိုက်ခံရတဲ့ အခြေအနေ ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်လာနေပါလဲ။
သောက်သုံးရေပြဿနာအပြင် ရေကြီးရေလျှံပြဿနာပါ ကြုံရလေ့ရှိတဲ့ မြန်မာနိုင်ငံမှာ ရေအရင်းအမြစ်ကို စနစ်တကျ စုဆောင်းပြီး ထိန်းသိမ်းဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံလောက် ရေအရင်းအမြစ်မရှိတဲ့ စင်္ကာပူနိုင်ငံရဲ့ ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူ အင်ဂျင်နီယာ ဦးအေးငြိမ်းက ပြောပါတယ်။
ညစ်ညမ်းတဲ့ သဘာဝဝန်းကျင်ကို သန့်စင်ပေးပြီး မြေဆီလွှာနဲ့ မြေအောက်ရေကို ထိန်းပေးနိုင်တာကြောင့် ထိုင်းဘုရင်ကိုယ်တိုင် အားပေးစိုက်ပျိုးစေတဲ့ ဗက်တီဗာမြက်အတွက် ၇ ကြိမ်မြောက် နိုင်ငံတကာညီလာခံကို ချင်းမိုင်မှာ ကျင်းပပါတယ်။ အဏုဇီဝဗေဒပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက် မေးမြန်းပြီး တင်ပြထားပါတယ်။
မြစ်ဝကျွန်းပေါ်စိုက်ကွင်းတွေမှာ အာဆင်းနစ်အဆိပ်သင့်တာနဲ့ တောင်တန်းလှေခါးထစ်စိုက်ကွင်းတွေရဲ့ မြေဆီလွှာကို ထိန်းဖို့၊ အပူပိုင်းစိုက်ကွင်း မြေအောက်ရေထိမ်းဖို့ပါသုံးနိုင်တဲ့ ဗက်တီဗာမြက်အကြောင်း ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက် မေးမြန်းထားပါတယ်။
ကမ္ဘာတလွှား ကြုံလာရနိုင်တဲ့ သောက်သုံးရေရှားပါးမှု ပြဿနာကို ဖြေရှင်းရာမှာ ပင်လယ်ရေကို ကြိုချက်သုံးဖို့ အများဆုံးလုပ်နေတဲ့ စင်္ကာပူရဲ့ သန့်စင်မှုနည်းစနစ်၊ စိတ်ချရမှုအတိုင်းအတာကို သိရဖို့ စင်္ကာပူအလုပ်သမားဝန်ကြီးဌာန ဘေးအန္တရာယ်ကင်းရေးအရာရှိ အင်ဂျင်နီယာ ဦးအေးငြိမ်းကို ဒေါ်ခင်မျိုးသက် မေးမြန်ထားပါတယ်။
စင်္ကာပူနိုင်ငံက ရေအရင်းအမြစ်အားလုံးရဲ့ ထက်ဝက်ဟာ ကုန်းတွင်းမှာ စုဆောင်းရယူတဲ့ရေဖြစ်ပါတယ်။ ရေမြောင်း၊ ကန်ချောင်းတွေက ရေကို ဘယ်လိုစုဆောင်း သန့်စင်တာပါလဲ။ မြောင်းရေအတွက် စိတ်ချရမှုအတိုင်းအတာကရော ဘယ်လောက်ရှိပါသလဲ။ စင်္ကာပူအလုပ်သမားဝန်ကြီးဌာနက အင်ဂျင်နီယာ ဦးအေးငြိမ်းကို ဒေါ်ခင်မျိုးသက် မေးမြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကိုပါ ခံနိုင်ရည် လျော့ပါးလာပြီး သေကြေပျက်စီးမှုနဲ့ပါ ထပ်ကြုံရ နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးနေပါတယ်။ ဒီအန္တရာယ်ကို ဘယ်လို ကာကွယ်နိုင်ပါသလဲ သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မကြုံစဖူးပြင်းထန်တဲ့ လေဆင်နှမောင်းဒဏ်ကြောင့် ဧပြီလလယ်မှာ နေပြည်တော်တဝိုက် အိမ်ခြေ ၂၀၀ ပျက်စီးပြီး ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ကတော့ ရာသီဥတုဖေါက်ပြန်မှုကြောင့် ပြင်းထန်တဲ့မုန်တိုင်းပေါ်လာတာလို့ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်