မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်း တိုင်းရင်းသားပေါင်းစုံကြားမှာ ငြိမ်းချမ်းရေးရဖို့ ဦးတည်ကြိုးပမ်းနေချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြဿနာ တစ်ခု၊ နှစ်ခုကို ကွက်ပြီး အသားပေးပြောနေကြတာကို စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဂျာမနီ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပျောက်ဆုံး မလေးလေယာဉ်ကို ရှာဖွေရာမှာ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။ ဒီကောင်းကင်ဂြိုဟ်တုကနေ ဓါတ်ပုံရိုက်ယူတာနဲ့ အချက်အလက်ရှာဖွေတာတွေကို နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်ကို မေးမြန်းပြီးတင်ပြပေးမှာပါ
"မြန်မာနိုင်ငံအတွက် အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်ကြုံနေ ချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်ဖို့ဆုံးဖြတ်ခဲ့တာအတွက် ကျမ သိပ်ဝမ်းသာ ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကိုကြည့်ပြီး ဂျာမဏီနိုင်ငံက ဘယ်လို ကူညီနိုင်မယ်ဆိုတာ ဆွေးနွေးကြမှာပါ။"
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို သီတင်း ၃ ပါတ်ကြာတဲ့အထိ မတွေ့သေးပါဘူး။ လေယာဉ်ပျောက်ရဲ့ နောက်ဆုံးသတင်း အခြေအနေနဲ့ အတူူ မြန်မာနိုင်ငံမှာ ဖြစ်ပွါးခဲ့တဲ့ လေကြောင်း မတော်တဆ ဖြစ်မှုတွေအကြောင်း အမှုတွေကို စစ်ဆေးရတဲ့ စီစစ်ရေးအရာရှိဟောင်း အင်ဂျင်နီယာဦးကျော်သန်းက ပြောပြထားပါတယ်
မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားတဲ့ ဘိုးရင်း 777 မလေးရှား လေကြောင်းခရီးစဉ် အမှတ် 370 လေယာဉ်ကို ရှာဖွေနေတာနဲ့ black box လို့ခေါ်တဲ့ လေယာဉ်ခရီးစဉ်မှတ်တမ်းတွေ အကြောင်းအပြင် လေကြောင်းမတော်တဆဖြစ်မှုတွေကို မြန်မာ့လေကြောင်းက လေယာဉ်စီစစ်ရေး အရာရှိဟောင်း အင်ဂျင်နီယာ ဦးကျော်သန်းက ပြောပြပေးမှာပါ
စကြဝဠာကြီး စတင်ဖြစ်ပေါ်လာစေတဲ့ Big Bang အယူအဆ မှန်ကန်ကြောင်း သက်သေပြဖို့ အချက်အလက်တွေ ရပြီလို့ သိပ္ပံပညာရှင်တွေက ပြောနေကြပါပြီ။ ဒါကိုသာအတည်ပြုပေးနိုင်မယ်ဆိုရင် သိပ္ပံပညာအတွက် အရေးပါတဲ့ အခြေခံအချက်ကို တွေ့ရှိလာတာတာမို့ အပြည့်အစုံသိရအောင် နက္ခတ္တဗေဒ ပညာရှင် ဒေါက်တာဝင်းသာထွေးကို မေးမြန်းတင်ပြထားပါတယ်။
အမေရိကန်အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ နာဆာက လွှတ်တင်နေတဲ့ ဂြိုဟ်တုတွေ အကြောင်းကို နာဆာက သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ
သဘာဝကပေးတဲ့ မကုန်ခန်းနိုင်တဲ့ လေကနေ စွမ်းအင်ထုတ်ယူတဲ့ ကမ်းရိုးတန်းဒေသက လေဒလက်တွေဟာ အားပြင်း ဟာရီကိန်းမုန်တိုင်းတွေကို ဘယ်လိုအားပျော့သွားစေတယ်ဆိုတာ အမေရိကန် သုသေသန ပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကို ပြောပြပေးမှာပါ
ရုပ်ရှင်နဲ့ နည်းပညာတိုးတက်မှု ရှိအောင် ပံ့ပိုးပေးနိုင်တဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဖန်တီ တီထွင်သူ ပညာရှင်တွေကို ဟောလီဝုဒ်က အကယ်ဒမီဆု ချီးမြှင့်နေပါတယ်။
ကမ္ဘာအထက် မိုင် ၂၀၀ လောက်မှာ တည်ထားတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း အကြောင်းကို အမေရိကန် အာကာသစူးစမ်းလေ့လာရေးအဖွဲ့ NASA ရဲ့ Ohio ပြည်နယ်မှာ ရှိတဲ့ John Glen သုတေသနဌာနက ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ။
အမေရိကန်အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ နာဆာက လထက်ပိုဝေးတဲ့ ဥက္ကပျံတွေရှိရာနဲ့ အင်္ဂါဂြိုဟ်အထိ သွားရောက်နိုင်ဖို့ ကျိုးစားတဲ့နေရာမှာ ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို နာဆာက သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ။
အနာဂါတ်မှာ လူသားတွေအတွက် လူနေမှုပုံစံကိုပါ ပြောင်းလဲပစ်နိုင်မယ့် အက်တမ်တလုံးစာအထူရှိပြီး၊ အလျားနဲ့ အနံပဲရှိတဲ့ ကာဗွန်အခြေခံ လူလုပ်ပစ္စည်း Graphene အကြောင်းတင်ပြထားပါတယ်။
စကြာဝဋ္ဌာတခုရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဖြစ်စဉ်တခုဖြစ်တဲ့ အနုမြူဂါမာ ပေါက်ကွဲမှုဟာ အပြင်းထန်ဆုံး ဖြစ်တဲ့အတွက် ကမ္ဘာနဲ့သာ အတော်အသင့်နီးမယ်ဆိုရင် ကမ္ဘာဟာ မီးကင်ပြီးသားဖြစ်သွားနိုင်တယ်လို့ နက္ခတ္တပညာရှင် ဒေါက်တာဝင်းသာထွေးကပြောပါတယ်။
မြန်မာ့သစ်တောတွေကို ဘာ့ကြောင့်ထိမ်းသိမ်းသင့်တယ်ဆိုတာနဲ့ လက်ရှိမှာ ထိမ်းသိမ်းရေးအတွက် ဘာတွေ လုပ်နေတယ် ဆိုတာတွေကို တင်ပြထားပါတယ်
မြန်မာနိုင်ငံတောင်ပိုင်း မြိတ်ကျွန်းစုက သေချာမထိမ်းသိမ်းနိုင်သေးတဲ့ လမ်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်နဲ့ ဒီဒေသမှာ ပျော်မွေ့နေထိုင်တဲ့ ဆလုံတိုင်းရင်းသားတွေရဲ့ သဘာဝမျိုးစိတ် ထိန်းသိမ်းစောင့်ရှောက်တဲ့ ဓလေ့တွေကို BANCA ဇီဝမျိုးကွဲနဲ့ ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့က ဒေါက်တာ စောမွန်သိမ့်က ပြောပြမှာပါ။
သိပ္ပံပညာရပ်ဆိုင်ရာနဲ့ ပါတ်သက်ပြီး ဟိုးရှေးခေတ် မြန်မာနိုင်ငံမှာ ဘယ်လောက်ထွန်းကားမှု ရှိခဲ့တယ်ဆိုတဲ့ အထောက်အထား တချို့ကို မြန်မာပညာရှင် ရွှေပြည်ဦးဘတင်ရဲ့ သား ဆရာကြီးဦးဝင်းဖေကို မေးမြန်းပြီး တင်ပြပေးထားပါတယ်
သဘာပတ်ဝန်းကျင်ကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ ကမ္ဘာတဝှမ်းလုပ်ဆောင်နေတဲ့ထဲက ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘာတွေ ထူးထူးခြားခြား လုပ်ဆောင်နိုင်ခဲ့တယ် ဆိုတာတွေကို EcoDev သဘာဝဝန်းကျင်ထိမ်းသိမ်းရေး အဖွဲ့တာဝန်ခံ ဒေါက်တာဝင်းမျိုးသူကို မေးမြန်းပြီးတင်ပြပေးထားပါတယ်။
၂၀၁၃ မှာ လူနဲ့ တခြားသက်ရှိတွေ နေနိုင်မယ်လို့ ယူဆရတဲ့ ကမ္ဘာနဲ့တူတဲ့ဂြိုဟ်အများအပြားတွေ့ခဲ့ရသလို အိန္ဒိယက အင်္ဂါဂြိုဟ်စူးစမ်းယာဉ်လွတ်တင်တာနဲ့ တရုတ်က လပေါ်စူးစမ်းတာတွေအပြင် စနေဂြိုဟ်မှာ ကမ္ဘာထက် အဆ ၃၀၀ လောက်ပိုကြီးတဲ့ သဘာဝဓါတ်ငွေ့သိုက် တွေ့တာတွေကို တင်ပြထားပါတယ်
လူနေအိမ်တွေကြားထဲတည်ဆောက်ထားတဲ့ ငရဲမီးလို့ခေါ်တဲ့ ဆာလ်ဖျူရစ်အက်ဆစ် ထုတ်တဲ့ စက်ရုံက ဒေသခံတွေအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ ဘယ်လိုအန္တရာယ်ရှိတယ်ဆိုတာတွေကို EcoDev သဘာဝဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့က ဒေါက်တာဝင်းမျိုးသူက ရှင်းပြထားပါတယ်။
မြန်မာနိုင်ငံမှာ တည်ဆောက်ထားတဲ့ ဆည်မြောင်းတာတမံစီမံကိန်းတွေထဲက ဝဲလောင်ဆည်လို ဒေသခံတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ဆည်မျိုးတွေအတွက် ဘာတွေလုပ်သင့်တယ် ဆိုတာကိုတင်ပြထားပါတယ်
နောက်ထပ်ကြည့်ရှုရန်