[[Zawgyi/Unicode]]
ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်မှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ မီးရထား ဝန်ထမ်းတွေ ဒီကနေ့ သပိတ်မှောက် ဆန္ဒပြကြပါတယ်။
လစာနဲ့ အလုပ်အကိုင်လုံခြုံရေးဆိုင်ရာဖြေရှင်းပေးဖို့ ရထားလမ်း စီမံခန့်ခွဲမှု၊ ရထားနဲ့ရေကြောင်း ပို့ဆောင်ရေးအလုပ်သမားများသမဂ္ဂနဲ့ တနင်္လာနေ့က ဆွေးနွေးပြောဆိုမှုတွေလည်း မအောင်မြင်ခဲ့ပါဘူး။ ဗြိတိန်နိုင်ငံမှာ ကိုဗစ် ကပ်ရောဂါကူးစက်မှုတွေကြောင့် အသွားအလာ ကန့်သတ်ထားတာတွေ ပြန်ဖွင့်ပေးပြီးနောက်ပိုင်း ရထားလုပ်ငန်း အပြည့်အဝပြန်မလည်ပတ်နိုင်သေးတာကြောင့် ဝန်ထမ်းတွေအလုပ်အကိုင် မရေမရာဖြစ်နေပါတယ်။
နှစ်ပေါင်း ၄၀ ကျော် ကာလအတွင်း အဆိုးဆုံးအခြေအနေကိုရောက်ရှိနေတဲ့ ငွေကြေးဖောင်းပွမှုအနေအထားကိုလိုက်ပြီး လုပ်ခလစာတိုးမပေးနိုင်တဲ့အတွက် ဝန်ထမ်းတွေ အခုလို သပိတ်မှောက် အလုပ်မဆင်းတာဖြစ်တယ်လို့ သမဂ္ဂက ပြောပါတယ်။ ဒါက ၁၉၈၉ ခုနှစ်နောက်ပိုင်း ဗြိတိန်မီးရထားကွန်ယက်အပေါ် အကြီးမားဆုံး ဆန္ဒပြတာလည်းဖြစ်တယ်လို့ ရထားဝန်ထမ်းသမဂ္ဂက ပြောပါတယ်။
ကြာသပတေးနဲ့ စနေနေ့တွေမှာ သပိတ်မှောက်မယ့် ဝန်ထမ်း ၄၀,၀၀၀ လောက်ရှိတယ်လို့ သမဂ္ဂက သတိပေးပြောဆိုထားပါတယ်။ အခုလို ဝန်ထမ်းတွေ သပိတ်မှောက် ဆန္ဒပြဖော်ထုတ်နေတာကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နိုင်တယ်လို့ ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Grant Shapps ကပြောပါတယ်။
Your browser doesn’t support HTML5
06-21-2022 Britain Rail Strike for Web (TMT).mp3
=======
[[Unicode]]
=======