ဇင်ဘာဘွေနိုင်ငံမှာ သမ္မတ Robert Mugabe ရဲ့ ကာလရှည်ကြာတဲ့ အုပ်စိုးမှု ဆုံးခန်းတိုင်အောင် ဇွဲနပဲ ကြီးစွာကြိုးပမ်းခဲ့သူ အတိုက်အခံခေါင်းဆောင် Morgan Tsvangirai ကွယ်လွန်သွားပါပြီ။ ဆယ်စုနှစ်တွေနဲ့ အုပ်စိုးလာခဲ့ပြီးတဲ့နောက် ဖိအားပေးမှုတွေကြောင့် Robert Mugabe နုတ်ထွက်သွားပြီး လပိုင်းအကြာမှာပဲ Morgan Tsvangirai ကွယ်လွန်သွားတာဖြစ်ပါတယ်။
Zimbabwe အတိုက်အခံခေါင်းဆောင် Morgan Tsvangirai
အသက် ၆၅ နှစ်ရှိနေပြီဖြစ်တဲ့ Tsvangirai ဟာ ကင်ဆင်ရောဂါဖြစ်ပွားနေခဲ့ပြီး ဗုဒ္ဓဟူးနေ့က တောင်အာဖရိကနိုင်ငံမှာ ကွယ်လွန်သွားတာပါ။ Morgan Tsvangirai ဟာ ဇင်ဘာဘွေနိုင်ငံရေး ပြောင်းလဲရေးတာဝန်ကို သူ့ဘဝနောက်ဆုံး အချိန်ထိ ပြင်းပြင်းထန်ထန်လုပ်ဆောင်သွားခဲ့သူဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ MDC ခေါ် “ဒီမိုကရေစီကူးပြောင်းရေးလှုပ်ရှားမှု” ကို အောင်ပွဲရတဲ့အထိ ဦးဆောင်နိုင်ခြင်းမရှိခဲ့ပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေဟာ သိပ်ကို အရေးကြီးတယ်လို့ သူ့ကို ထောက်ခံသူတွေက ဆိုကြပါတယ်။
Morgan Tsvangirai ဟာ Mugabe ကို ပထမဦးဆုံးစတင် ဆန့်ကျင်ရဲတဲ့ သတ္တိရှိသူဖြစ်တယ်လို့ MDC အဖွဲ့ဝင် Austin Moyo ကဆိုပါတယ်။ Morgan Tsvangirai ဟာ Robert Mugabe ရဲ့ ညွန့်ပေါင်းအစိုးရမှာ ပါဝင်ပြီး ဝန်ကြီးချုပ်အဖြစ် ၂၀၀၉ ကနေ ၂၀၁၃ အထိ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလုပ်ရပ်အတါက် လူထုကြား ဝေဖန်ပြောဆိုမှုရှိခဲ့ပြီး ညွန့်ပေါင်းအဖွဲ့လည်း ပျက်ပြားသွားခဲ့ပါတယ်။
Your browser doesn’t support HTML5
Zimbabwe အတိုက်အခံခေါင်းဆောင် Morgan Tsvangirai (အသက် ၆၅) ကွယ်လွန်