အာရှနိုဘဲလ်ဆုလို့ တင်စားကြတဲ့ Ramon Magsaysay ဆုကို ဒီနှစ်အတွက် ချီးမြှင့်ခံရသူ ၅ ဦးအနက် မြန်မာနိုင်ငံက အခမဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူလည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ သူ့ရဲ့ဇနီးဖြစ်သူကိုလည်း ကျေးဇူးတင်ထိုက်သူတွေ စာရင်းထဲမှာ ထည့်သွင်းပြောကြားသွားခဲ့ါတယ်။ နာရေးကိစ္စတွေဖြစ်တဲ့အခါမှာ ကျန်ရစ်သူမိသားစု အခက်အခဲတွေ ငြိမ်းအေးဖို့အတွက် တတ်အားသမျှ ကူညီပေးနေတဲ့ နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ်ကစပြီးတော့ အကယ်ဒမီနှစ်ထပ်ကွမ်း သရုပ်ဆောင် ဦးကျော်သူနဲ့ ရွှေဇီးကွက်လို့ လူသိများတဲ့ ဇနီး ဒေါ်မြင့်မြင့်ခင်ဖေတို့က မ တည်ခဲ့ကြတာပါ။ ပါရမီဖြည့်ဘက် တယောက်အနေနဲ့ ဆောင်ရွက်ခဲ့တဲ့ ဒီနာရေးကူညီမှု လုပ်ငန်းတွေအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်လှလှသန်းက ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
Ramon Magsaysay ဆုရှင် ဦးကျော်သူရဲ့ ပါရမီဖြည့်ဘက် ဒေါ်ရွှေဇီးကွက်နဲ့ မေးမြန်းချက်
Shwe Zi Kwat