ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Cox’s Bazar ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့လက UNFP ခေါ် ကုလသမဂ္ဂ လူဦးရေဆိုင်ရာအဖွဲ့အစည်းရဲ့ ချစ်ကြည်ရေးသံတမန် နာမည်ကြီး ရုပ်ရှင်မင်းသမီး Ashley Judd သွားရောက်ခဲ့ပြီး ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ မိန်းခလေးငယ်တွေရဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး အသိပညာပေး လုပ်ဆောင်ခဲ့ပါတယ်။ တချိန်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ် လူထုပညာပေး ဆရာဝန်တွေကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကြား လူဦးရေထိန်းချုပ်ဖို့ အရေးကြီးတဲ့အကြောင်း တိုက်တွန်းမှုတွေ လုပ်ခဲ့ကြပါတယ်။
ဒါ့ကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီးတွေကြား မိသားစုစီမံကိန်း ချမှတ်နိုင်ဖို့ ဘယ်လောက် အရေးကြီး ပါသလဲ ဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
Your browser doesn’t support HTML5
Cox's Bazar ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ စိုးရိမ်ဖွယ်မျိုးပွားမှုနှုန်း