မထက်ထက်ဦးဟာ အမေရိကန်သမ္မတဟောင်း George W. Bush ဖွင့်လှစ်ထားတဲ့ ၂၀၁၇ ခုနှစ် Liberty and Leadership Forum ရဲ့ ဇွန်လ ၂၆ ရက်က Texas ပြည်နယ် Dallas မြို့ရှိ Bush Center မှာ ကျောင်းဆင်းခဲ့တဲ့ မြန်မာလူငယ်ခေါင်းဆောင် ၂၀ အနက်ပါဝင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးရေးညှိုနှိုင်းရေးဌာနမှာ ပြန်ကြားရေးအရာရှိအဖြစ်လဲ တာဝန်ထမ်းဆောင်နေတဲ့အပြင် ကိုယ်ပိုင်အစီအစဉ်အရ ချို့တဲ့တဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သူလဲ ဖြစ်ပါတယ်။ သူရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ မထက်ထက်ဦးနဲ့ တွေ့ဆုံမေးမြန်းထားတာကို ဒီသတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
Htet Htet Oo, 2017 CLASS, BURMA, LIBERTY AND LEADERSHIP FORUM
Your browser doesn’t support HTML5
၂၀၁၇ Bush ခေါင်းဆောင်မှု သင်တန်းဆင်း မထက်ထက်ဦး