ကပ်ဘေးရောဂါ အတွက် ကြိုတင်ပြင်ဆင်ရေး သဘောတူစာချုပ် ပေါ်ထွက်ရေး WHO ဆော်သြ

WHO အကြီးအကဲ Tedros Adhanom Ghebreyesus

WHO အကြီးအကဲ Tedros Adhanom Ghebreyesus

(Zawgyi/Unicode)

ကပ်ဘေးရောဂါ ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနဲ့ တုံ့ပြန်မှုဆိုင်ရာ နိုင်ငံတကာ စာချုပ်တရပ် ထွက်ပေါ်လာရေး တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆွေးနွေးမှုတွေ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ အကြီးအကဲက တနလာၤနေ့မှာ တောင်းဆိုလိုက်ပါတယ်။

"WHO ကိုရော ကမ္ဘာ့ကျန်းမာရေး ဆိုင်ရာ လုံခြုံမှု အတွက်ရော အခိုင်မာဆုံး ဖြစ်စေမယ်လို့ ယူဆတဲ့ အကြံပြုချက်ကတော့ ကပ်ဘေးရောဂါဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနဲ့ တုံ့ပြန်မှုဆိုင်ရာ သဘောတူ စာချုပ် ထွက်ပေါ်လာရေး ဖြစ်ပါတယ်။ ဒီစာချုပ်ဖြစ်လာခဲ့ရင် အဖွဲ့ဝင် နိုင်ငံတွေကြား ဆက်ဆံရေး၊ နောက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့မှာလည်း တိုးတက်လာနိုင်ကြောင်းနဲ့ ဒီစာချုပ် ဖြစ်လာရေး အချိန်တန်ပြီ" လို့လည်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က WHO နှစ်ပတ်လည် ညီလာခံအပိတ် ဝန်ကြီးအဆင့် ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ အဖွဲ့အစည်း တခုဖြစ်တဲ့ WHO မှာ လိုအပ်တဲ့ ရန်ပုံငွေ ရရှိဖို့လည်း လိုအပ်ကြောင်း သူက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ကာလကြီး အတွင်း လက်ရှိ အနေအထား အရ WHO အနေနဲ့ COVID-19 တုံ့ပြန်ကိုင်တွယ်ရေးကို ဆက်လက် ဆောင်ရွက်နိုင်ရေး အတွက် အခက်အခဲကြီးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း WHO အကြီးအကဲက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ကပ်ဘေးရောဂါ အတွက် ကြိုတင်ပြင်ဆင်ရေး သဘောတူစာချုပ် ပေါ်ထွက်ရေး WHO ဆော်သြ


.............


(Unicode)


