တက္ကဆက်ပြည်နယ် ကုန်တိုက်ပစ်ခတ်မှု ၈ ဦးသေ
Your browser doesn’t support HTML5
Texas ပြည်နယ်၊ Dallas မြို့က ကုန်တိုက်တခုမှာ သေနတ်သမားတယောက် လက်ချက်နဲ့ လူ ၈ ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ Allen Premium Outlets ကုန်တိုက်က ပစ်ခတ်မှုမှာ သေနတ်သမားကို အနီးဝန်းကျင်မှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တယောက်က အသေဖမ်းဆီးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောဆိုထားပါတယ်။