ကန်-တာလီဘန် ငြိမ်းချမ်းရေး အဖုအထစ်ရှိ

အာဖဂန်သမ္မတ Ashraf Ghani. (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀)

အာဖဂန်သမ္မတ Ashraf Ghani. (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အာဖဂန် တာလီဘန်အဖွဲ့နဲ့ အမေရိကန်ကြား ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ၂၄ နာရီ မပြည့်သေးတဲ့ အချိန်မှာပဲ စာချုပ်အတိုင်း ကျင့်သုံးဆောင်ရွက်မှုမှာ ပထမဆုံးသော အခက်အခဲတခုနဲ့ ကြုံတွေ့နေရပါပြီ။

တာလီဘန်နဲ့ တခြား အာဖဂန်အဖွဲ့တွေကြား ဆွေးနွေးပွဲစနိုင်ရေးအတွက် သတ်မှတ်ချက်တခုဖြစ်တဲ့ ထောင်နဲ့ချီတဲ့ တာလီဘန် အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကို အာဖဂန်အစိုးရဘက်က ကတိပြုမထားဘူးလို့ သမ္မတ Ashraf Ghani က ကဘူးလ်မြို့တော်မှာ တနင်္ဂနွေနေ့က ကြေညာထားပါတယ်။ အကျဉ်းသားတွေ လွှတ်ပေးရေးက အမေရိကန်ရဲ့ အခွင့်အာဏာ မဟုတ်ကြောင်း၊ အာဖဂန်အစိုးရရဲ့ အခွင့်အာဏာဖြစ်ကြောင်း သမ္မတ Ghani က ပြောဆိုပါတယ်။

စနေနေ့က လက်မှတ်ထိုးခဲ့တဲ့ အမေရိကန်နဲ့ တာလီဘန်ကြား သဘောတူညီချက်အရ ပဋိပက္ခမှာ ပတ်သက်နေတဲ့ အာဖဂန် အဖွဲ့အစည်းတွေ အနေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ အနာဂတ် အာဏာခွဲဝေမှု သဘောတူညီချက်အတွက် တိုက်ရိုက်ညှိနှိုင်းမှုတွေကို မတ်လ ၁၀ ရက်နေ့ ဒါမှမဟုတ်လည်း အဲဒီအချိန်ဝန်းကျင်မှာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အာဖဂန် ထောင်တွေထဲမှာ ထိန်းသိမ်းထားတဲ့ တာလီဘန်အကျဉ်းသား ၅,၀၀၀ ကို လွှတ်ပေးရမှာဖြစ်ပြီး တာလီဘန်ဘက်ကလည်း အစိုးရတပ်ဖွဲ့ဝင် ၁,၀၀၀ ကို ပြန်လွှတ်ပေးရမှာ အပါအဝင် ဆောင်ရွက်စရာတချို့ ရှိနေပါတယ်။

တာလီဘန်ဘက်က အခုအချိန်ထိ အာဖဂန်သမ္မတ Ghani အစိုးရကို အသိအမှတ်ပြုဖို့ ဒါမှမဟုတ်လည်း အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ငြင်းဆိုထားပါတယ်။

အကျဉ်းသားလွှတ်ပေးရေးကိစ္စကို အမေရိကန်နဲ့ သဘောတူထားတာ ဖြစ်ကြောင်း တာလီဘန်ဘက်က ပြောဆိုနေပါတယ်။

အမေရိကန်နဲ့ တာလီဘန်ကြား လက်မှတ်ရေးထိုးပွဲ အကြိုမှာ အကျဉ်းသား လွှတ်ပေးရေး အပါအဝင် တခြားကိစ္စတွေ ဆွေးနွေးဖို့အတွက် အာဖဂန်အစိုးရ ကိုယ်စားလှယ်အဖွဲ့က ဒိုဟာကို လာခဲ့ပေမယ့် တာလီဘန်အဖွဲ့ဘက်က တွေ့ဆုံဖို့ ငြင်းဆိုခဲ့ပါတယ်။

-------------------------------

(Unicode)









Your browser doesn’t support HTML5

ကန်-တာလီဘန် ငြိမ်းချမ်းရေး အဖုအထစ်ရှိ