ကန် အမျိုးသားထောက်လှမ်းရေးညွှန်မှူး အောက်လွှတ်တော်ကြားနာ

Joseph Maguire

Joseph Maguire

အမေရိကန်သမ္မတ Donald Trump ကို အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမယ့်အထိ ဖြစ်လာခဲ့တဲ့ အတွင်းလူတယောက်ရဲ့ တိုင်ကြားချက်ကို မထုတ်ပြန်ဖို့ ဟန့်တားခဲ့တဲ့ အမျိုးသား ထောက်လှမ်းရေးဌာန ယာယီညွှန်ကြားရေးမှူးဟာ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီရှေ့မှောက် ဒီကနေ့ ထွက်ဆိုပါတယ်။

အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ Joseph Maguire ဟာ အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဝင်တွေ ရှေ့မှောက်မှာတော့ တံခါးပိတ် ထွက်ဆိုသွားမှာပါ။ အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ လွှတ်တော်မှာ ထွက်ဆိုဖို့ ရှိနေချိန်မှာပဲ တိုင်ကြားချက်နဲ့ ပတ်သက်လို့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက အများပြည်သူ သိနိုင်ဖို့ ထုတ်ပြန်လိုက်ပါတယ်။

တိုင်ကြားချက်ထဲမှာတော့ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း အမေရိကန် အစိုးရ တာဝန်ရှိသူတွေထံက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သမ္မတဟာ သြဇာအရှိန်အဝါသုံးပြီး ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ ပြည်ပက စွက်ဖက်လာအောင် အကူအညီ တောင်းခဲ့ကြောင်း ဖော်ပြထားတာပါ။ တိုင်ကြားချက် အပေါ်မှာတော့ သမ္မတရဲ့ ရီပတ်ဘလစ်ကန်ပါတီက ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံ ဒီမိုကရက်တွေကြား သုံးသပ်ချက်တွေ ကွဲပြားနေကြတာပါ။

ဒီမိုကရက်တွေကတော့ တိုင်ကြားချက်အရ သမ္မတလုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူးဆိုပြီး ဝေဖန်ခဲ့ကြသလို၊ ရီပတ်ဘလစ်ကန်တွေကတော့ အများပြည်သူ သိနိုင်အောင် ထုတ်ပြန်ခဲ့မယ် ဆိုရင်တောင် သမ္မတကို ထိခိုက်စရာ မရှိနိုင်ဘူးဆိုပြီး ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဝင် Ben Sasse ကတော့ စိတ်အနှောက်အယှက် ဖြစ်စရာကိစ္စတွေ ပါဝင်ကြောင်း သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဘယ်လိုအကြောင်းအရာမျိုးတွေ ပါဝင်နေသလဲဆိုတာကို သေသေချာချာ မသိရသေးဘဲ ရီပတ်ဘလစ်ကန် ပါတီဝင်တွေ အနေနဲ့ သမ္မတကို ကာကွယ်ဖို့သက်သက် မလုပ်သင့်သလို၊ ဒီမိုကရက်တွေ အနေနဲ့လည်း သမ္မတကို အရေးယူဖို့ဆိုတဲ့ စကားလုံးတွေ မပြောသင့်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။

......................

{Unicode}







Your browser doesn’t support HTML5

ကန် အမျိုးသားထောက်လှမ်းရေးညွှန်မှူး အောက်လွှတ်တော်ကြားနာ