[Zawgyi/Unicode]
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့နဲ့ တခြားနေရာတွေက ရုန်းရင်းဆန်ခတ် ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ ရာနဲ့ချီတဲ့ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လွှတ်ထားတဲ့အပေါ် အမေရိကန် အစိုးရရှေ့နေချုပ် William Barr က အင်္ဂါနေ့မှာ အခိုင်အမာ ကာကွယ်ပြောဆိုခဲ့ပါတယ်။
ပို့တ်လန်းမြို့က တရားရုံးမှာ ဖက်ဒရယ်လုံခြုံရေးတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဝေဖန် ပြောဆိုချက်တွေကို အောက်လွှတ်တော် တရားရေးကော်မတီရှေ့ အင်္ဂါနေ့ ကြားနာပွဲအတွင်း William Barr က ချေပပြောဆိုသွား ပါတယ်။
SEE ALSO: အမေရိကန် ရဲတပ်ဖွဲ့ ပြုပြင်ရေး အထက်လွှတ်တော် Republican တွေရဲ့ ဥပဒေမူကြမ်း အောင်မြင်မှုမရ"တရားရုံးပတ်ဝန်းကျင်မှာ ညစဉ်ဖြစ်ခဲ့တာတွေကို ဆန္ဒပြပွဲလို့ လက်ခံခေါ်ဆိုဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါဟာ အမေရိကန်ပြည်ထောင်စု အစိုးရအပေါ် တိုက်ခိုက်မှုပဲဖြစ်ပါတယ်။" လို့ ရှေ့နေချုပ် William Barr ကပြောပါတယ်။
ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်နေတယ်ဆိုပြီး အတိုက်အခံ ဒီမိုကရက်တွေက ရှေ့နေချုပ်ကို စွပ်စွဲထားပါတယ်။
ပို့တ်လန်းမြို့မှာ လုပ်ဆောင်တာတွေဟာ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် ပြန်အနိုင်ရအောင် ပံ့ပိုးလုပ်ဆောင်နေတာလို့လည်း စွပ်စွဲကြပါတယ်။
အင်္ဂါနေ့ကကြားနာပွဲဟာ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော် တရားရေးကော်မတီမှာ William Barr အနေနဲ့ ရှေ့နေချုပ်အဖြစ် ပထမဆုံးအကြိမ် ဖြေဆို တုံ့ပြန်တာဖြစ်ပါတယ်။
တရားရေးကော်မတီဥက္ကဋ္ဌ ဒီမိုကရက်အမတ် Jerrold Nadler
ဆန္ဒပြပွဲတွေကိုနှိမ်နင်းဖို့ ဖက်ဒရယ်လုံခြုံရေးတွေကို လွှတ်တဲ့အပေါ် မကျေမနပ်ဖြစ်နေတဲ့ ဒီမိုကရက်အမတ်တွေက ၅ နာရီကျော်ကြာတဲ့ အဲဒီကြားနာပွဲအတွင်း အပြင်းအထန် မေးခွန်းထုတ် ပြောဆိုခဲ့ကြပါတယ်။
ပြည်နယ်နဲ့ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ကန့်ကွက်တဲ့ကြားက ဖက်ဒရယ်လုံခြုံရေးတွေ လွှတ်ပြီးတော့ နိုင်ငံတဝန်းမှာ ကြောက်ရွံ့ထိတ်လန့်စိတ်ပေါ်လာအောင် လုပ်နေတယ်လို့ တရားရေးကော်မတီဥက္ကဋ္ဌ ဒီမိုကရက်အမတ် Jerrold Nadler က မစ္စတာ Barr ကို ဝေဖန်ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
ဖယ်ဒရယ်လုံခြုံရေးတပ်သုံးပြီး ဆန္ဒပြပွဲများနှိမ်နင်းမှု ကန် ရှေ့နေချုပ်ခုခံကာကွယ်
[Unicode Version]
SEE ALSO: ကန် ရွေးကောက်ပွဲမတိုင်ခင် ဝင်ရောက်စွက်ဖက်မှုတွေရှိနေငွိမျးခမြျးတဲ့နညျးလမျးနဲ့ ဆန်ဒပွသူတှရေဲ့ အခှင့ျအရေးကို ခြိုးဖောကျနတေယျဆိုပွီး အတိုကျအခံ ဒီမိုကရကျတှကေ ရှေ့နခြေုပျကို စှပျစှဲထားပါတယျ။