သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နိုင်ငံခြားရေးနဲ့ သံတမန်ရေးစီမံခန့်ခွဲဖို့ CRPH တာဝန်ပေး

နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)

နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိ တာဝန်ဝတ္တရားတွေအပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးရာနဲ့ သံတမန်ရေးရာ ကိစ္စရပ်တွေကိုပါ စီမံခန့်ခွဲနိုင်ဖို့ဆိုပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တာဝန်ပေးလိုက်တဲ့အကြောင်း CRPH က ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဌာန၊ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီကနေ့ရက်စွဲနဲ့ အမိန့်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူထားတဲ့ စစ်ဘက် အုပ်ချုပ်ရေးကောင်စီက ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံအဖြစ် ခန့်အပ်ကြောင်း အကြောင်းကြားထားသူ ဦးတင်မောင်နိုင် နုတ်ထွက်သွားပြီဆိုတဲ့သတင်းတွေ ထွက်နေချိန်မှာပဲ CRPH ရဲ့ဒီကနေ့ အမိန့်ကြေညာချက် ထွက်လာတာပါ။

SEE ALSO: အမေရိကန်နဲ့ မြန်မာကုလ သံအမတ်ကြီးနှစ်ဦး အွန်လိုင်းတွေ့ဆုံ

ဦးတင်မောင်နိုင် နုတ်ထွက်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဗွီအိုအေက သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေသလို စစ်ဘက်ကောင်စီကလည်း ဦးတင်မောင်နိုင်ကို ခန့်အပ်တယ်လို့ ကုလသမဂ္ဂကို အကြောင်းကြားထားတာကြောင့် ကုလသမဂ္ဂအနေနဲ့ ဘယ်သူ့ကို အသိအမှတ်ပြု လက်ခံမလဲဆိုတာ ဆုံးဖြတ်ရဖို့ ရှိနေချိန် ဒီကနေ့မှာပဲ အခုလို အပြောင်းအလဲတွေဖြစ်လာတာပါ။

Your browser doesn’t support HTML5

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နိုင်ငံခြားရေးနဲ့ သံတမန်ရေးစီမံခန့်ခွဲဖို့ CRPH တာဝန်ပေး

[Unicode Version]



SEE ALSO: အာဆီယံအထူးစည်းဝေးပွဲ မြန်မာအတွက် အဖြေထွက်သလား


