စစ်မှန်တဲ့ ဆွေးနွေးပွဲလုပ်ဖို့ လမ်းဖွင့်ထားကြောင်း ယူကရိန်းသမ္မတ ပြောကြား

  • ဗွီအိုအေမြန်မာပိုင်း

Ukraine's President Zelenskiy speaks during a joint news conference with Czech Prime Minister Fiala in Kyiv

ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားနိုင်ငံနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ သူ့တိုင်းပြည်က စဉ်းစားလိုကြောင်း အင်္ဂါနေ့ကပြောပါတယ်။ ဥတုရာသီပြောင်းလဲမှုဆိုင်ရာညီလာခံ တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရှေ့ မိန့်ခွန်းမပြောခင်မှာ ယူကရိန်းသမ္မတက အဲဒီလိုပြောတာပါ။  

စစ်မှန်တဲ့ ဆွေးနွေးပွဲလုပ်ဖို့ လမ်းဖွင့်ထားကြောင်း ယူကရိန်းသမ္မတ ပြောကြား

{{Zawgyi/Unicode}}
ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားနိုင်ငံနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ သူ့တိုင်းပြည်က စဉ်းစားလိုကြောင်း အင်္ဂါနေ့ကပြောပါတယ်။ ဥတုရာသီပြောင်းလဲမှုဆိုင်ရာညီလာခံ တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရှေ့ မိန့်ခွန်းမပြောခင်မှာ ယူကရိန်းသမ္မတက အဲဒီလိုပြောတာပါ။ ယူကရိန်းနယ်စပ်တွေ ပြန်ထိန်းချုပ်နိုင်မယ်၊ ရုရှားတို့ရဲ့ကျူးကျော်စစ်တွေ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသူတွေအတွက်လေ ျှာ်ကြေးရမယ်၊ ပြစ်မှုကျူးလွန်ထားသူတွေကို တာဝန်ခံမှုရှိစေရေး ကျိုးပမ်းဆောင်ရွက်မယ်ဆိုရင်တော့ ရုရှားအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ယူကရိန်းဖက်က ပြသတာမျိုး မြင်ချင်ပါတယ်လို့ အမေရိကန်သမ္မတရဲ့ ပြောဆိုချက်ကို Washington Post သတင်းစာကြီးက ဖော်ပြလိုက်ပြီးနောက်မှာပဲ ယူကရိန်းသမ္မတရဲ့ပြောဆိုချက်ထွက်လာတာပါ။ အဲဒီလိုဆန္ဒရှိမှသာလ ျှင် ယူကရိန်းအစိုးရအပေါ် နိုင်ငံကာရဲ့အားပေးထောက်ခံမှု အားကောင်းလာစေမယ်လို့လည်း သတင်းမှာရေးထားပါတယ်။

ယူကရိန်း နိုင်ငံတော်လုံခြုံရေးကောင်စီအကြီးအကဲ Oleksiy Danilov ကလည်း အဲဒီလိုတွေ့ဆုံဆွေးနွေးဖို့စဉ်းစားတဲ့နေရာမှာ ယူကရိန်းရဲ့နယ်မြေနဲ့ ဂုဏ်သိက္ခာတွေ ပြန်လည်ဆောင်ကျည်းနိုင်အပေါ် အဓိကမူတည်နေတယ်လို့ပြောပါတယ်။

ယူကရိန်းအတွက် နိုင်ငံကာရဲ့အကူအညီ တွေဆက်လက်လိုအပ်ကြောင်း ပြောဆိုခဲ့တဲ့ Danilov က လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ လေယာဉ်တွေ၊တင့်ကားတွေနဲ့ တာဝေးပစ်မစ်ဇိုင်းဒုံးတွေ ဆက်ပြီးလိုအပ်နေတာကိုလည်းထည့်သွင်းပြောဆိုသွားပါတယ်။

Your browser doesn’t support HTML5

စစ်မှန်တဲ့ ဆွေးနွေးပွဲလုပ်ဖို့ လမ်းဖွင့်ထားကြောင်း ယူကရိန်းသမ္မတ ပြောကြား

..............................................................................


{{Zawgyi/Unicode}}


