ယူကရိန်း ဒရုန်းတပ်ဖွဲ့ ထူထောင်မည်

APTOPIX Russia Ukraine War Drones

APTOPIX Russia Ukraine War Drones

ဒရုန်းတပ်ဖွဲ့တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အသုံးပြုလိုတယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

နောက်ဆုံး နည်းပညာတွေကို အသုံးပြုထားတဲ့ ဒရုန်းတပ်မတော်တရပ်ကို တည်ထောင်ဖို့ အစိုးရက ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့ ယူကရိန်းအစိုးရ ဒစ်ဂျစ်တယ်နည်းပညာပြောင်းလဲရေးဝန်ကြီး မစ်ခေးလို ဖီဒါရော့ဗ် (Mykhailo Federov) က ပြောပါတယ်။

ဒီနှစ်အကုန်မှာ သူတို့အားထုတ်မှုရဲ့တန်ဖိုးကို မြင်ရပါလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ ဒီနှစ်မှာ ဒရုန်းယာဥ်ပျံမှူး တသောင်းကျော်ရှိလာမယ်လို့ ယူကရိန်း အစိုးရက မျှော်လင့်ထားတာပါ။ စစ်ပွဲရဲ့အဆင့်အသစ်တရပ် မကြာခင်စမယ်လို့ ဝန်ကြီး ဖီဒါရော့ဗ် က ပြောပါတယ်။

သမရိုးကျလက်နက်တွေနဲ့ နှိုင်းယှဥ်လိုက်တဲ့အခါ ဒရုန်းတွေက ကုန်ရကျိုးနပ်တဲ့ လက်နက်ဖြစ်တယ်လို့ ဒရုန်းနဲ့ တိုက်ပွဲဝင်နေကြသူတွေက ယူဆကြပါတယ်။ ကိုယ့်ဘက်က အသက်ဆုံးရှုံးရမယ့်အန္တရာယ်လည်းနည်းပါးသလို သမရိုးကျ လက်နက်တွေထက် ပစ်မှတ်ကိုပိုပြီး တိတိကျကျပစ်နိုင်တာကြောင့် ယူကရိန်းက ပိုလို့ အားထားလာတာပါ။

တင့်ကားတွေနဲ့ သံချပ်ကာကားတွေကို ဖျက်စီးနိုင်ရုံတင်မက စစ်မြေပြင်ရဲ့ အနေအထားကို ပုံဖော်ပေးနိုင်ပါတယ်။ ဒရုန်းစစ်ပွဲရဲ့ အောင်မြင်မှုက ထပ်တလဲလဲ လေ့ကျင့်တိုက်ပွဲဝင်ပြီး စစ်မြေပြင်နဲ့လျော်ညီစွာ ထိုးထွင်း တီထွင်ဖန်တီးနိုင်တာပဲ ဖြစ်တယ်လို့ ယူကရိန်း ဒရုန်းတပ်မှူး Giocondo က ပြောပါတယ်။

Your browser doesn’t support HTML5

ယူကရိန်း ဒရုန်းတပ်ဖွဲ့ ထူထောင်မည်