အခုအချိန်ဟာ တိုင်းရင်းသားဒေသတွေကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးထွက်နေတဲ့ အချိန်ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ NLDပါတီ ဘယ်လောက်အထိ လက်တွဲနိုင်မယ်၊ အကျိုစီးပွါးချင်း တူညီမှု ရှိသလား၊ ထိပ်တိုက်တွေ့နိုင်သလား ဆိုတာတွေကို ဒီတပါတ် အင်္ဂါ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ NLDတိုင်းရင်းသားအရေးတာဝန်ခံ ဦးထွန်းထွန်းဟိန်၊ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းတို့နဲ့ ဆွေးနွေးထားပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်အမတ် ဦးဖေသန်း ရဲ့ အမြင်၊ SNLD ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးခွန်ထွန်းဦးတို့ရဲ့ ပြောကြားချက်တွေကိုလည်း တင်ပြထားပါတယ်။
တိုင်းရင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် NLD
DASSK Taung Gyi advocacy trip( Photo from NLD-June Naing's FB) January 26, 204)