[Zawgyi/Unicode]
အမေရိကန်သမ္မတ Donald Trump
တရုတ်နည်းပညာကုမ္ပဏီ နှစ်ခုက ထုတ်လုပ်ထားတဲ့ Application နှစ် ခုကို အမေရိကန်ပြည်ထောင်စုမှာ မသုံးဖို့ သမ္မတ Donald Trump က တားမြစ်မိန့်ထုတ်ပြန်လိုက်ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီ ByteDance က ထုတ်လုပ်ထားတဲ့ TikTok app၊ Tencent ကုမ္ပဏီပိုင် WeChat app တွေနဲ့ အမေရိကန်ကုမ္ပဏီတွေ တွဲမလုပ်ဖို့ ကြာသပတေးနေ့မှာ အမိန့်ထုတ်ပြန်လိုက်တာပါ။
ဒီအမိန့်က ၄၅ ရက်အတွင်း စတင်အသက်ဝင်မှာဖြစ်ပါတယ်။ သမ္မတ Trump မှာ အဲဒီလိုတားမြစ်နိုင်တဲ့အခွင့်အာဏာ ရှိရဲ့လားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
SEE ALSO: အမေရိကန်မှာ TikTok သုံးတာ ပိတ်မယ် - သမ္မတ TrumpTikTok နဲ့ WeChat application တွေ အသုံးပြုခြင်းအားဖြင့် ပုဂ္ဂိုလ်ရေးအချက်အလက်တွေပေါက်ကြားနိုင်ခြေရှိတဲ့အပေါ်သမ္မတ Trump အစိုးရအဖွဲ့နဲ့ အမေရိကန်လွှတ်တော်အမတ်တွေ စိုးရိမ်မှုရှိနေတဲ့အချိန်မှာပဲ သမ္မတအမိန့်ထုတ်ပြန်လိုက်တာပါ။ ဒါပေမဲ့လည်း ပုဂ္ဂိုလ်ရေးအချက်အလက်ပေါက်ကြားမှု ရှိမရှိဆိုတဲ့ သက်သေအထောက်အထားမျိုးတွေတော့ မရှိပါဘူး။
တရုတ်ကုမ္ပဏီ နှစ်ခုစလုံးကတော့ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တရုတ်အစိုးရဆီပေးအပ်တာမျိုး မရှိဘူးလို့ ပြောပါတယ်။ ဒီလုပ်ရပ်အပေါ် တရုတ်ဘက်က အလားတူ တုံ့ပြန်ဆောင်ရွက်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေခန့်မှန်းနေပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း လုံခြုံရေးကြောင့် တရုတ်application တွေကို အမေရိကန် App စတိုးဆိုင်တွေမှာ ရောင်းချခွင့်မပြုဘူးလို့ ဗုဒ္ဓဟူးနေ့မှာပြောဆိုခဲ့တာပါ။ လူကြိုက်များတဲ့ TikTok နဲ့ WeChat application သုံးစွဲသူ ကမ္ဘာတဝန်း သန်းချီရှိပါတယ်။
Your browser doesn’t support HTML5
TikTok နဲ့ WeChat အမေရိကန်မှာမသုံးဖို့ သမ္မတထရမ့်ပ် တားမြစ်မိန့်ထုတ်
[Unicode Version]
SEE ALSO: TikTok ရဲ့ အမေရိကန်ဆိုင်ရာ စီမံခန့်ခွဲမှုကို စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားရောင်းချဖို့ သမ္မတ Trump ရာဇသံပေးTikTok နဲ့ WeChat application တှေ အသုံးပွုခွငျးအားဖွင့ျ ပုဂ်ဂိုလျရေးအခကြျအလကျတှပေေါကျကွားနိုငျခွရှေိတဲ့အပေါျသမ်မတ Trump အစိုးရအဖှဲ့နဲ့ အမရေိကနျလှှတျတောျအမတျတှေ စိုးရိမျမှုရှိနတေဲ့အခြိနျမှာပဲ သမ်မတအမိန့ျထုတျပွနျလိုကျတာပါ။ ဒါပမေဲ့လညျး ပုဂ်ဂိုလျရေးအခကြျအလကျပေါကျကွားမှု ရှိမရှိဆိုတဲ့ သကျသအေထောကျအထားမြိုးတှတေော့ မရှိပါဘူး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo