အမေရိကန်နိုင်ငံက The Wall Street Journal သတင်းစာရဲ့ သတင်းထောက် Evan Gershkovich ကို သူလျှိုလုပ်တယ်ဆိုတဲ့ သံသယရှိမှုနဲ့ ရုရှားနိုင်ငံ ယူရယ်လ်ဒေသက Yekateringburg မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ ရုရှားပြည်ထောင်စုလုံခြုံရေး FSB တပ်ဖွဲ့တွေက ဒီနေ့မှာပြောကြားလိုက်ကြောင်း ရုရှားရဲ့ Interfax သတင်းအေဂျင်စီက ဖော်ပြပါတယ်။
The Wall Street Journal သတင်းစာ မော်စကိုရုံးက အမေရိကန်နိုင်ငံသား သတင်းထောက် Gershkovich ဟာ အမေရိကန်အစိုးရအတွက် သူလျှိုလုပ်နေတယ်လို့ သံသယရှိတာကြောင့် သူရဲ့ တရားမဝင်လုပ်နေတဲ့ လှုပ်ရှားမှုတွေကို တားဆီးလိုက်တယ်လို့ FSB ရဲ့ ကြေညာချက်ကို ကိုးကားပြီး Interfax သတင်းက ဖော်ပြပါတယ်။
The Wall Street Journal သတင်းစာရဲ့ သတင်းထောက် Evan Gershkovich
ဒီကိစ္စနဲ့ ပတ်သက်ပြီး Wall Street Journal ဘက်ကတော့ တစုံတရာချက်ချင်းတုံ့ပြန်တာမရှိသေးပါဘူး။
Gershkovich ကို အမေရိကန်ဘက်က ရုရှားစစ်တပ်အတွင်းက စီးပွားရေးလုပ်ငန်းတခုရဲ့ လှုပ်ရှားမှုတွေကို စုဆောင်းဖို့ တာဝန်ပေးထားတာ ဖြစ်တယ်လို့ ရုရှားဘက်က ကြေညာချက်မှာ ပြောထားပါတယ်။ ဒါပေမဲ့ သက်သေအထောက်အထား တစုံတရာပြသထားတာတော့ မရှိပါဘူး။
Your browser doesn’t support HTML5
အမေရိကန်သတင်းထောက် ရုရှားမှာ ဖမ်းဆီးခံရ