ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က သူပုန်တွေထိန်းချုပ်ထားတဲ့အပိုင်းကို လေကြောင်းကနေ တိုက်ခိုက်တာတွေကို စနေနေ့ ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံတွေအများအပြား ပြိုကျပျက်စီးသွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ၂၅ ယောက်ထက်မနည်း စနေနေ့က သေဆုံးသွားခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီရီးယားလူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောပါတယ်။ သောကြာနေ့တုန်းကတော့ ရုရှား နဲ့ ဆီးရီးယားအစိုးရတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးတွေအပါအဝင် လူ ၃၀ ထက်မနည်းသေဆုံးသွားခဲ့ပါတယ်။
ဆီးရီးယားအစိုးရက အလက်ပိုမြို့ကို ပြန်ပြီးတော့ သိမ်းယူနိုင်ဖို့အတွက် ထိုးစစ်တွေပြန်လည်စတင်သွားမယ်လို့ ကြေငြာလိုက်ပြီးနောက် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းကစတင်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အမေရိကန် နဲ့ ရုရှားတို့ကြား တပတ်လောက် အပစ်အခတ်ရပ်စဲဖို့သဘောတူခဲ့ပြီးတဲ့ ဆီးရီးယားနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲဖို့ အမေရိကန် နဲ့ ရုရှားတို့ကြား သဘောတူညီမှုရပြီး၊ တပတ်နီးနီးလောက် အပစ်အခတ်ရပ်စဲခဲ့ပြီးတဲ့နောက်မှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာခဲ့တာပါ။
လူနေရပ်ကွက်တွေ နဲ့ White Helmet လို့ခေါ်တဲ့ အကူအညီပေးရေးအဖွဲ့တွေ အသုံးပြုနေတဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းကနေ ထိုးစစ်တွေ အပြင်းအထန်ပြုလုပ်နေတာဖြစ်ပါတယ်။ အခုလို ပြန်ပြီးဗုံးကြဲတိုက်ခိုက်တာတွေ အပြင်းထန်ဆုံးတိုက်ခိုက်မှုတွေဖြစ်တယ်လို့ ဆီရီးယား လူ့အခွင့်အရေးအဖွဲ့ဝင်တဦးက အေပီ သတင်းဌာနကို ပြောပါတယ်။
Your browser doesn’t support HTML5
syria air strike