နိုင်ငံတကာ အာကာသစခန်း

ABŞ dövlət katini Con Kerri Cənubi Koreyada səfilik işçiləri və Amerika əsgərlərinin uşaqları ilə

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို ၁၉၉၈ ခုနှစ်က စတင်ပြီး ကမ္ဘာအထက် မိုင် ၂၀၀ လောက်အကွာ ကမ္ဘာပါတ်လမ်းထဲမှာ လွှတ်တင်ခဲ့တာပါ။ ဒီစခန်းကို အမေရိကန်၊ ရုရှား၊ ကနေဒါ၊ ဥရောပ နိုင်ငံတွေ စုပြီးဖွဲ့စည်းထားတဲ့ ဥရောပအာကာသ အေဂျင်စီ နဲ့ ဂျပန်အာကာသ အေဂျင်စီတို့က အဓိက ငွေအင်အား၊ လူအင်အားနဲ့ စက်မှုသိပ္ပံနည်းပညာ တွေနဲ့ လည်ပတ်ပေးနေတာဖြစ်ပါတယ်။

အလေးချိန် ပေါင် ၉ သိန်းကျော်ရှိပြီး ဘောလုံးကွင်း အကြီးစား တခုစာလောက် ကျယ်တဲ့ ဒီစခန်းဟာ တနေ့ကို ၁၅ ကြိမ်လောက် ကမ္ဘာပါတ်လမ်းထဲမှာ လည်ပတ်နေတာဖြစ်ပါတယ်။ နေဘက်မျက်နှာမူရာမှာ အပူချိန် ဖါရင်ဟိုက် ၂၅၀ စင်တီဂရိတ် ၁၂၀ လောက်ပူသလို နေမရှိတဲ့ ဘက်မှာ ဖါရင်ဟိုက် အနှုတ် ၂၅၀ စင်တီဂရိတ် အနှုတ် ၁၆၀ လောက် အေးတာပါ။

စခန်းထဲမှာ မိသားစု ၃ ယောက် ၄ ယောက် ကောင်းကောင်းနေနိုင်တဲ့ အိမ်အရွယ် ဓါတ်ခွဲခန်းရှိပြီး အာကာသယဉ်မှုး ၆ ယောက်လောက် နဲ့ ပုံမှန်လည်ပါတ် နေပါတယ်။ ကမ္ဘာ့ဆွဲအား မရှိတဲ့နေရာမျိုးမှာ ရုပ်သဘာဝတွေရဲ့ အနေအထားတွေကို လေ့လာရင်း နောင်မှာ အင်္ဂါဂြိုဟ်ကစပြီး စင်္ကြာဝဋ္ဌာ အစွန်းအထိ သွားရောက်နိုင်အာင် လေ့လာစမ်းသပ်မှုတွေ လုပ်နေတာပါ။

ဒါ့အပြင် ဒီ အပြည်ပြည်ဆိုင်ရာ အာကာသ ဓါတ်ခွဲခန်းဟာ ကမ္ဘာ့နေရာအနှံ့မှာရှိတဲ့ တက္ကသိုလ်တွေ၊ သုတေသန ဌာနတွေ၊ အထက်တန်း၊ အလယ်တန်းကျောင်းတွေက ဆရာ ဆရာမတွေ နဲ့ ကျောင်းသူကျောင်း သားတွေပါ ပါဝင်ပြီး သုတေသန လုပ်နေတဲ့ ဓါတ်ခွဲခန်းကြီး တခုလည်း ဖြစ်ပါတယ်။