မိုင်ပေါင်း သောင်းနဲ့ချီ မောင်းနှင်ရတဲ့ဒဏ်၊ ရာသီဥတု အပြောင်းအလဲ ဒဏ်တွေကြားက သတ်မှတ်ထားတဲ့ အချိန်အတိုင်း ခရီးရောက်အောင် မဖြစ်မနေ မောင်းနှင်ရတာဟာ သူတို့ရဲ့ အဓိက စိန်ခေါ်မှုအခက်အခဲ ဖြစ်ကြောင်း မော်တော်ဆိုင်ကယ် ကိုယ်စီနဲ့ မြန်မာကနေ ဗြိတိန်နိုင်ငံထိ မောင်းနှင်နေတဲ့ Motourlogue ခရီးသွားနှစ်ဦးဖြစ်တဲ့ စိုင်းဇွမ်ဖ နဲ့ ကိုအောင်ကျော်ဝင်းတို့က ပြောပါတယ်။
မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ခရီးစဉ်အပေါ် ဖြတ်သန်းခဲ့တဲ့နိုင်ငံတွေက ဘယ်လိုတုန့်ပြန်ကြသလဲ၊ အဲဒီမှာရောက်နေတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပုံတွေနဲ့ ဒေသန္တရ ဗဟုသုတ အတွေ့အကြုံတွေထဲက ထူးခြားချက်တွေကို နော်ဝေနိုင်ငံကို ရောက်နေတဲ့ Motourlogue ခရီးသွားနှစ်ဦးကို Skype ကနေ မအင်ကြင်းနိုင်က တိုက်ရိုက် ဆက်သွယ်မေးမြန်းထားပါတယ်။
Your browser doesn’t support HTML5
ကမ္ဘာပတ် မြန်မာ မော်တော်ဆိုင်ကယ်သမား ၂ဦး အတွေ့အကြုံ skype နဲ့ ဆက်သွယ်မေးမြန်း