ဆီဒိုးနားဟိုတယ် ရောင်းတော့မည် 

ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ် (မေ ၂၅၊ ၂၀၀၈)

ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ် (မေ ၂၅၊ ၂၀၀၈)

မြန်မာနိုင်ငံက ဆီဒိုးနားဟိုတယ်ကို ပြန်ရောင်းတော့မယ်လို့ ဟိုတယ်ပိုင် စင်္ကာပူလုပ်ငန်းစုကြီးက ကြေညာလိုက်ပါတယ်။ ဒေါ်လာ ၅၇.၄ သန်းနဲ့ ရောင်းတော့မယ်လို့ Keppel ကော်ပိုရေးရှင်းက ကြေညာတဲ့အကြောင်း ဂျပန်အခြေစိုက် Nikkei သတင်းက ဖော်ပြလိုက်တာပါ။

ကိုဗစ်-19 ကမ္ဘာ့ကပ်ရောဂါဒဏ်နဲ့ ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုဒဏ် ၂ ခု ဆက်တိုက်ခံနေရတဲ့ မြန်မာ့ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ကျဆင်းနေချိန်မှာ အခုလို ဆီဒိုးနားဟိုတယ်ကို ပြန်ရောင်းမယ်လို့ စင်္ကာပူလုပ်ငန်းကြီးက ပြောလိုက်တာပါ။ စီးပွားရေးတိုးတက်မယ့် အခွင့်အလမ်းသစ်တွေမှာ ရင်းနှီးဖို့ ဆီဒိုးနားဟိုတယ်ကို ရောင်းချ ငွေဖော်မှာဖြစ်တယ်လို့ Keppel Corp ရဲ့ ဒီသီတင်းပါတ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ် (ဇူလိုင် ၆ဈ ၂၀၁၃)

ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ် (ဇူလိုင် ၆ဈ ၂၀၁၃)

ဆီဒိုနားဟိုတယ်ကို စင်္ကာပူမှာ မှတ်ပုံတင်ထားတဲ့ Spring Blossom Ventures လုပ်ငန်းစုက ဝယ်ယူမှာဖြစ်တယ်လို့လည်း Nikkei သတင်းထဲမှာ ရေးထားပါတယ်။ Spring Blossom Ventures လုပ်ငန်းကတော့ ကဏ္ဍစုံရင်းနှီးမြုပ်နှံမှုနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကို အဓိက စီးပွားရေးလုပ်ကိုင်နေတဲ့ လုပ်ငန်းအဖြစ် ဖော်ပြထားပါတယ်။ ဟိုတယ်ရောင်းချမှုကို အခု ၂၀၂၃ ဇွန်လမကုန်ခင် အပြီးသတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဆီဒိုးနားဟိုတယ်ကို ၁၉၉၆ ခုနှစ်မှာ စတင်ဖွင့်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ အစောပိုင်းထဲက ဖွင့်လှစ်ခဲ့တဲ့ ဟိုတယ်တခုဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆီဒိုးနားဟိုတယ် ရောင်းတော့မည်