ရုရှားဂျက်လေယာဉ် အာဖဂနစ္စတန်နိုင်ငံမှာ ပျက်ကျ

Badakhshan province Afghanistan

အာဖဂန်နစ္စတန် ကျေးလက်ဒေသ ဝေးလံခေါင်သီတဲ့ဒေသမှာ လူခြောက်ဦးကို တင်ဆောင်လာတဲ့ ရုရှားကိုယ်ပိုင် ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

စနေနေ့က လေယာဥ်ပျက်ကျတဲ့နေရာဟာ Badakhshan (ဘာဒက်ရှန်) ပြည်နယ် Zebak (ဇီဘတ်) ခရိုင်အနီး တောင်တန်းဒေသမှာဖြစ်တယ်လို့ ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Zabihullah Amiri (ဇာဘီဟူလာ အမာရီ) က ပြောပါတယ်။ အဲဒီနေရာကို ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ထားတယ်လို့လည်း ဆိုပါတယ်။

Badakhshan (ဘာဒက်ရှန်) ရဲချုပ်ရုံးကလည်း ဒီလေယာဉ်ပျက်ကျတဲ့သတင်းကို အတည်ပြုထားပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့ ရုရှားပြည်တွင်းလေကြောင်း အာဏာပိုင်များတွေကလည်း ပျောက်ဆုံးနေတဲ့ Dassault Falcon 10 အမျိုးအစားလေယာဥ်မှာ လေယာဉ်အမှုထမ်း လေးဦးနဲ့ ခရီးသည် နှစ်ဦး စုစုပေါင်း ၆ လိုက်ပါသွားတယ်လို့ ပြောပါတယ်။

ပျက်ကျသွားတဲ့လေယာဥ်ဟာ စင်းလုံးငှား လူနာတင်လေယာဥ်အဖြစ် အိန္ဒိယနိုင်ငံ Gaya ကနေ Uzbekistan နိုင်ငံ Tashkent ကိုဖြတ်သန်းပြီး မော်စကို မြို့တော်က အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်ဖို့ ပျံသန်းမောင်းနှင်းချိန် အာဖဂန်နိုင်ငံထဲ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။