ရန်ကုန်မြို့မှာ ဒီကနေ့ ရုံးချိန်းရှိနေတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကျော်စိုးဦးတို့ကို ချက်ချင်း လွှတ်ပေးဖို့ RSF ခေါ်နယ်စပ်နယ်စည်းမထား သတင်းထောက်များအဖွဲ့ကနေ အသနားခံစာ တစောင် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံ ရိုဟင်ဂျာအခြေအနေသတင်းရေးသားခွင့်ကို စစ်တပ်က ငြင်းဆန်တဲ့အရေးမှာ မှာသူတို့ ၂ ဦး ဓါးစာခံဖြစ်နေရမှုကို ရပ်ဆိုင်းရမယ်လို့လည်း ဖော်ပြထားပါတယ်။
၆ ပတ်ကြာ အဖမ်းခံထားရပြီဖြစ်တဲ့ ဒီသတင်းထောက် ၂ ဦးကို ဒီကနေ့ ရုံးထုတ်တဲ့ နေရာမှာ သူတို့အတွက် အာမခံလျှောက်ထားတာနဲ့ ပတ်သက်ပြီး တရားသူကြီးက ကြားနာ စစ်ဆေးပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက် ရုံးချိန်းတုန်းကတော့ အာမခံ လျှောက်ထားမှုကိုတရားသူကြီးကပယ်ချခဲ့ပြီး သူတို့အပေါ် နိုင်ငံတော် လျှို့ဝှက်ချက် ဖောက်ဖျက်မှုဆိုင်ရာ ဥပဒေအရ စွဲဆိုမယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
ဖမ်းဆီးခံ ရိုက်တာသတင်းထောက် ၂ ဦး ပြန်လွတ်မြောက်ရေး RSF ကြိုးပမ်း