ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားစစ်သား ၃၀၀ လောက် ကျဆုံးပြီး ၂,၇၀၀ လောက် ဒဏ်ရာရခဲ့ ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ဒီကနေ့လွှတ်တော်မှာ တံခါးပိတ်အစီရင်ခံ တင်ပြရာမှာပြောလိုက်ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဖမ်းဆီးမိတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းမှုတွေအပါအဝင် ထောက်လှမ်းရေးသတင်းတွေအရသိရှိခဲ့ရကြောင်း တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေး ဌာနက ပြောခဲ့တာပါ။ ရုရှားနိုင်ငံ Kursk ဒေသတိုက်ပွဲအတွင်း မြောက်ကိုရီးယားစစ်သားနှစ်ယောက် ဖမ်းဆီးမိကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy အတည်ပြုပြောဆိုလိုက်ပြီး ရက်ပိုင်း အကြာမှာပဲ တောင်ကိုရီးယားထောက်လှမ်းရေးဌာနက ပြောလိုက်တာဖြစ်ပါတယ်။
ရုရှားကဖမ်းထားတဲ့ယူကရိန်းစစ်သားတွေနဲ့ အပြန်အလှန်လဲလှယ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က စီစဉ်နိုင်မယ်ဆိုရင် ဖမ်းမိတဲ့မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို နေရပ်ပြန်ပို့ မယ်လို့လည်း ယူကရိန်းသမ္မတက ပြောပါတယ်။ နောက်ထပ်လည်း မြောက်ကိုရီးယားစစ်သားတွေကို ယူကရိန်းကဖမ်းဆီးနိုင်မှာဖြစ်ပြီး ရုရှားစစ်တပ်ဟာ မြောက်ကိုရီးယားက စစ်ရေးအကူအညီ ယူနေရတယ်လို့လည်း ယူကရိန်းသမ္မတက ပြောခဲ့ပါတယ်။
Your browser doesn’t support HTML5
ယူကရိန်းစစ်မှာ မြောက်ကိုရီးယားစစ်သား ၃၀၀ လောက် ကျဆုံးကြောင်း တောင်ကိုရီးယားခန့်မှန်း