(Zawgyi/Unicode)
အင်းစိန်အကျဉ်းထောင်မှ လွတ်လာသူတွေကို စောင့်နေတဲ့ မိသားစုဝင်များ (ဧပြီ ၁၇၊ ၂၀၂၀)
မြန်မာနိုင်ငံမှာ နှစ်သစ်ကူးအထိမ်းအမှတ်တဲ့ အကျဉ်းသား ၂၅,၀၀၀ နီးပါးကို သမ္မတဦးဝင်းမြင့်က သတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။ အကျဉ်းသားစုစုပေါင်း ၂၄,၈၉၆ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ထဲမှာ နိုင်ငံခြားသား ၈၇ ယောက်ပါဝင်ပါတယ်။
ဒါ့အပြင် သေဒဏ်ချခံထားရသူတွေကို ထောင်ဒဏ်တသက် (လွတ်ရက်မရှိ) ပြစ်ဒဏ်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်တသက်ကျနေသူတွေကို ထောင်ဒဏ်အနှစ် ၄၀၊ ထောင်ဒဏ်အနှစ် ၄၀ နဲ့ အထက်ကျနေသူတွေကို ထောင်ဒဏ်အနှစ် ၄၀ နဲ့ အနှစ် ၄၀ အောက်ပြစ်ဒဏ်ကျနေသူတွေကို ထောင်ဒဏ်ရဲ့ ၄ ပုံ ၁ ပုံ လျှော့ပေါ့ပေးတယ်လို့ သမ္မတလက်မှတ်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ လောလောဆယ် နိုင်ငံရေးအကျဉ်းသား ၂၀ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေး AAPPB ကပြောပါတယ်။
အင်းစိန်အကျဉ်းထောင်ရှေ့တွင် လုံခြုံရေးယူနေတဲ့ ရဲတချို့ (ဧပြီ ၁၇၊ ၂၀၂၀)
လက်ရှိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ဆက်နွယ်ပြီး ပြစ်ဒဏ်ကျခံနေသူ ၇၆ ယောက် အကျဉ်းထောင်အတွင်းက အမှုရင်ဆိုင်နေရသူ ၁၂၆ လောက်နဲ့ အကျဉ်းထောင်ပြင်ပကနေ အမှုရင်ဆိုင်နေရသူ အယောက် ၄၀၀ လောက်ရှိ တယ်လို့ AAPP ပြောခွင့်ရ ဦးတိတ်နိုင်က VOA မြန်မာပိုင်းကို ပြောပါတယ်။
အခုလွတ်လာတဲ့အထဲ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း လွတ်ရက်နီးသူတွေ ဖြစ်ကြတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အလားတူ မြန်မာနှစ်သစ်ကူးအတွက် အကျဉ်းသား ၂၃,၀၀၀ လောက်ကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။
Your browser doesn’t support HTML5
အကျဉ်းသား ၂၅,၀၀၀ နီးပါး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး
[Unicode Version]
အကဉြျးသား ၂၅,၀၀၀ နီးပါး သမ်မတ လှတျငွိမျးခမြျးသာခှင့ျပေး
အင်းစိန်အကျဉ်းထောင်မှ လွတ်လာသူ အမျိုးသား တဦးကို မိခင်နှင့်အတူ တွေ့ရ (ဧပြီ ၁၇၊ ၂၀၂၀)