မြန်မာနိုင်ငံမှာ ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း ဂျပန်ရပ်ဆိုင်းမည်

ယခင်မှတ်တမ်းရုပ်ပုံ | ရွှေ့လျားနေတဲ့ ရထားတစင်းကို ရန်ကုန်မြို့တွင်းမှာတွေ့ရစဉ် (မတ် ၃၊ ၂၀၂၀)

မြန်မာနိုင်ငံအတွက် ဂျပန်အစိုးရက ပေးနေတဲ့ ရန်ကုန် မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ODA ကို ဂျပန်နိုင်ငံက ဆက်ပေးတော့မှာ မဟုတ်တဲ့အကြောင်း Asahi Shimbun သတင်းစာမှာ ရေးသားပါတယ်။ ဒီရထားလမ်း ဖွံ့ဖြိုးရေး စီမံချက်ဟာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ဂျပန်နဲ့ မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု သင်္ကေတ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာနိုင်ငံအတွက် ပေးအပ်နေတဲ့ အကူအညီတွေကို ဂျပန်ဘက်က ရုပ်သိမ်းလိုက်တာလို့ သတင်းစာမှာ ရေးပါတယ်။ အရပ်သား အစိုးရ ပြန်ပြီး အုပ်ချုပ်တဲ့ အချိန်မှာ ODA အကူအညီတွေ ပြန်ပေးအပ်မယ့်အကြောင်း ဂျပန်ဘက်က ပြောဆိုထားပါတယ်။ ကီလိုမီတာ ၆၂၀ ရှည်တဲ့ ရန်ကုန် မန္တလေး ရထားလမ်း မြှင့်တင်ရေး စီမံချက်ဟာ မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံ မြှင့်တင်ရေးအတွက် ၂၀၁၃ ခုနှစ်ကတည်းက ဂျပန်နိုင်ငံက ကူညီဖို့ စတင်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ရထားလမ်း ပြန်လည်မွန်းမံတာ၊ အသစ်လဲတာ၊ အချက်ပေးစနစ်ပြန်လည်ပြင်ဆင်တာတွေအတွက် ဒေါ်လာ တစ်ဘီလျံ၊ ဂျပန်ယန်းငွေနဲ့ဆို ၁၄၂ ဒသမ ၂ ဘီလျံ ချေးဖို့ ဂျပန်နိုင်ငံဘက်က သဘောတူခဲ့တာပါ။ ၂၀၁၃ ခုနှစ်မှာ ကွင်းဆင်း စစ်ဆေးတာတွေလုပ်ပြီး ၂၀၁၈ ခုနှစ်မှာ လုပ်ငန်း စတင်ခဲ့ပါတယ်။ အခု လုပ်ငန်း လေးပုံတပုံ တပုံလောက်ပဲ ပြီးစီးသေးတယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဆက်စပ်ဖတ်ရှုစရာ

ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos မြန်မာလုပ်ငန်းတွေရပ်တော့မည်Kirin လုပ်ငန်းအားလုံး တပ်ပိုင် စီးပွားရေးလုပ်ငန်းကိုရောင်းချမည်တိုရိုတာကုမ္ပဏီ မြန်မာနိုင်ငံအတွင်း ကားတပ်ဆင်လုပ်ငန်း စမည်ပြန်လွတ်လာတဲ့ ဂျပန် ရုပ်သံမှတ်တမ်းရိုက်ကူးသူ Kubota နေရပ် ပြန်ရောက်NLD ပါတီဖျက်သိမ်းမှုအတွက် နိုင်ငံတကာစိုးရိမ်

စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်မှာပဲ မြန်မာနိုင်ငံကို နောက်ထပ်အကူအညီသစ်တွေပေးဖို့ ဆွေးနွေးနေတာတွေ အားလုံးကို ဂျပန်နိုင်ငံဘက်က ရပ်ဆိုင်းခဲ့ပါတယ်။ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ရှိခဲ့တဲ့ကာလကြောင့် လုပ်ငန်းပြီးပြတ်ဖို့ အချိန်နဲ့ ငွေအင်အားထပ်လိုတာ၊ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာနဲ့ ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းတာတွေကို ဂျပန်အစိုးရဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အကြောင်းပြခဲ့တဲ့အကြောင်း သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး Asahi Shimbun သတင်းစာမှာ ဖေါ်ပြပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း ဂျပန်ရပ်ဆိုင်းမည်