ဂါဇာစစ်မှာ ကလေးအခွင့်အရေး ချိုးဖောက်ခံရမှု ကုလအကြီးအကဲ လုံခြုံရေးကောင်စီ တင်ပြမည်
Your browser doesn’t support HTML5
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ နှစ်ဘက်စလုံးဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေပြီး လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲအတွင်း ကလေးငယ်တွေကို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရအောင် ဖန်တီးနေကြတယ်ဆိုတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှေ့သီတင်းပတ်အတွင်း လုံခြုံရေးကောင်စီမှာ တင်ပြဖို့ရှိပါတယ်။