(Zawgyi / Unicode)
အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ ရုတ်တရက် အပစ်အခတ် ရပ်စဲပြီးနောက် နှစ်ဖက်စလုံးက သူတို့အနိုင်ရတာပါလို့ အောင်ပွဲခံ ကြွေးကြော်နေပါတယ်။
၁၁ ရက်ကြာ အပြန်အလှန် တိုက်ခိုက်မှုတွေကို နှစ်ဖက် အပစ်အခတ်ရပ် ကြေညာခဲ့ပြီးနောက် အခုလို နှစ်ဖက်လုံးက အနိုင်ရကြောင်း အပြိုင်ကြွေးကြော်နေကြတာပါ။
ပစ်ခတ်သံတွေ ဆူညံခဲ့တဲ့ ဂါဇာဒေသတဝိုက် ချက်ချင်း အေးချမ်းသွားတဲ့အပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေက ကြိုဆိုနေကြသလို ဂါဇာကမ်းခြေမှာလည်း ဒီအပစ်ရပ်ကြေညာလိုက်တဲ့ မနက်လင်းအားကြီး ၂ နာရီအချိန်မှာပဲ ဝမ်းပန်းတသာ အော်ဟစ်မြူးထူး အောင်ပွဲခံသံတွေ ပြည့်လျှံထွက်သွားခဲ့ပါတယ်။
SEE ALSO: အစ္စရေး နဲ့ ဟာမာ့စ် အပစ်ရပ်သဘောတူကြပြီပါလက်စတိုင်းဘက်ရှိ ဒေသခံ ဂါဇာနေ လူငယ်တွေဟာ ပါလက်စတိုင်းနဲ့ ဟားမတ်စ် အလံတွေကို ဝှေ့ယမ်းပြီး သကြားလုံးတွေဝေ၊ ကားဟွန်းတွေတီး၊ မီးရှူးမီးပန်းတွေဖောက်ကာ အကြီးအကျယ်ကို ပျော်ရွှင်မြူးထူးခဲ့ကြပါတယ်။ အစ္စရေးလ်ဘက်ခြမ်း အရှေ့ဂျေရုစလင်နဲ့ အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာလည်း အလားတူ အောင်ပွဲခံမှုတွေ ရုတ်တရက် ခြိမ့်ခြိမ့်သဲသွားခဲ့ပါတယ်။
အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က စစ်ဆင်ရေးအတွင်း ဟားမတ်စ်တွေရဲ့ ဒုံးကျည်ပစ်အားတွေ၊ ဥမင်လိုဏ်ခေါင်းအပိုင်းတွေ ဖျက်ဆီးနိုင်ခဲ့ကာ စစ်သွေးကြွ ၂၀၀ ကျော် သုတ်သင်နိုင်ခဲ့တယ်လို့ ကြွေးကြော် ပြောဆိုပါတယ်။ ဟားမတ်စ်ဘက်ကလည်း သူ့ထက် စစ်ရေး၊ စီးပွားရေး အားကြီးတဲ့ ရန်သူကို အောင်မြင်စွာ ခုခံနိုင်ခဲ့ပြီး အပျက်အစီးတွေကိုလည်း ပြန်ပြင်နေပြီလို့ ကြေညာလိုက်ပါတယ်။
Your browser doesn’t support HTML5
အစ္စရေးလ်-ပါလက်စတိုင်း အပစ်ရပ်မှု တဖက်နဲ့တဖက် အနိုင်ရကြောင်း အပြိုင်ပြောဆို
------------------------
(Unicode)