“လက်ခံနိုင်တဲ့ အပစ်ရပ်သတ်မှတ်ချက်မရမချင်း အစ္စရေးကိုတိုက်သွားမယ်” ဟက်ဇ်ဘိုလာခေါင်းဆောင်သစ်

ဟက်ဇဘိုလာခေါင်းဆောင်သစ် Naim Kassem က အေပီသတင်းဌာနကို ဘေရွတ်မြို့မှာ လက်ခံတွေ့ဆုံဖြေကြားစဥ်။ (ဇူလိုင် ၂၊ ၂၀၂၄)

ဟက်ဇဘိုလာခေါင်းဆောင်သစ် Naim Kassem က အေပီသတင်းဌာနကို ဘေရွတ်မြို့မှာ လက်ခံတွေ့ဆုံဖြေကြားစဥ်။ (ဇူလိုင် ၂၊ ၂၀၂၄)

ကျေနပ်လက်ခံလောက်တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရမချင်း လက်ဘနွန်နဲ့ အစ္စရေး မြောက်ပိုင်းမှာအစ္စရေးတပ်တွေကို ဆက်တိုက်သွားမယ်လို့ ဟက်ဇဘိုလာခေါင်းဆောင်သစ် Naim Kassem က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

ထိုက်သင့်ပြီး လက်ခံနိုင်လောက်တဲ့ သတ်မှတ်ချက် အောက်မှာ အစ္စရေးဘက်က ရန်စမှုတွေကို ရပ်တန့်ရပါလိမ့်မယ်လို့ ဟစ်ဇဘိုလာခေါင်းဆောင်သစ်က အသင့်သွင်းထားတဲ့ ရုပ်သံလွှင့်ထုတ်ချက်မှာ ပြောထားတာပါ။

ဘယ်လောက်ပဲ ကြာပါစေ တိုက်ခိုက်မှုတွေ ဆက်လုပ်ပြီး အပစ်အခတ်ရပ်စဲဖို့တော့ တောင်းပန်နေမှာ မဟုတ်ဘူးလို့လည်းသူက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘေရွတ်မြို့ဆင်ခြေဖုံး တခုမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟက်ဇဘိုလာ ခေါင်းဆောင် Hassan Nasrallh သေဆုံးခဲ့ပြီး သူ့နေရာကို အခု ခေါင်းဆောင်သစ်နဲ့ အစားထိုးခန့်အပ်လိုက်တာပါ။ အခုခေါင်းဆောင်သစ် Kassem ဟာ လုပ်ကြံခံရတဲ့ ယခင်ခေါင်းဆောင် Nasrallah ရဲ့ လက်ထောက်အဖြစ် နှစ်သုံးဆယ်ကျော် ကြာ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

လက်ဘနွန်နဲ့ ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေးဖြစ်လာစေဖို့ နိုင်ငံတကာစေ့စပ်ရေးမှူးတွေက ကြားဝင် တွန်းအားပေးနေတဲ့အချိန်မှာပဲ ဟက်ဇ်ဘိုလာခေါင်းဆောင်သစ်ရဲ့ အခု မိန့်ခွန်းထွက်လာတာပါ။

လက်ဘနွန်တောင်ပိုင်းမှာ ဟက်ဇဘိုလာတို့နဲ့ အပစ်အခတ်ရပ်စဲရေးရဖို့ ကြိုတင်သတ်မှတ်ချက်တွေကို အစ္စရေးလုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့က ဆွေးနွေးနေတယ်လို့ အစ္စရေးစွမ်းအင်ဝန်ကြီး Eli Cohen က ပြောပါတယ်။ ဆွေးနွေးမှုတွေရှိနေတယ်။ ဒါပေမယ့် အချိန်ကြာဦးမယ်ထင်တယ်လို့ Cohen က အစ္စရေးရေဒီယိုကို ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

“လက်ခံနိုင်တဲ့ အပစ်ရပ်သတ်မှတ်ချက်မရမချင်း အစ္စရေးကိုတိုက်သွားမယ်” ဟက်ဇ်ဘိုလာခေါင်းဆောင်သစ်