အီရန် ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင် 

အမေရိကန် လေယာဉ်တင်သဘောၤ USS Geroge H. W. Bush Hormuz ရေလက်ကြားမှာ သွားလာနေစဉ်။ ဓာတ်ပုံ - ရိုက်တာ

အမေရိကန် လေယာဉ်တင်သဘောၤ USS Geroge H. W. Bush Hormuz ရေလက်ကြားမှာ သွားလာနေစဉ်။ ဓာတ်ပုံ - ရိုက်တာ

Hormuz ရေလက်ကြားမှာ အီရန်ရေငုတ်သင်္ဘော တစင်းက ဒုံးကျည် ပစ်လွှတ်ဖို့ ကြိုးပမ်းတာ မအောင်မြင်ခဲ့ဘူးလို့ အမေရိကန် စစ်ဘက် အရာရှိတဦးက ဗုဒ္ဓဟူးနေ့မှာ VOA ကို ပြောပါတယ်။

Yono အမျိုးအစား ရေငုပ်သင်္ဘောတစင်က အင်္ဂါနေ့ မနက်အစောပိုင်းမှာ ပဲ့ထိန်းတပ် ဒုံးကျည်တစင်းကို ပစ်လွှတ်ဖို့ ကြိုးစားခဲ့တယ်လို့ စစ်တပ်အရာရှိက ပြောတာပါ။

ပြီးခဲ့တဲ့ လတုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis အဲဒီဒေသတွင်းကို သွားရောက်ခဲ့တာ ဖြစ်ပြီး အီရန်ရဲ့ ဆိုးဝါးတဲ့ လုပ်ဆောင်မှုတွေကို တွန်းလှန်နိုင်အောင်နဲ့ ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်တယ်လို့ သူသတ်မှတ်တဲ့ အီရန်ရဲ့လုပ်ဆောင်မှုတွေကို ချေမှုန်းဖို့ မဟာမိတ်တွေရဲ့ ကြိုးပမ်းမှုကို အကူညီပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ပါရှား ပင်လယ်ကွေ့ထဲက အီရန်စစ်သင်္ဘောကို အမေရိကန်ရေတပ်ရဲ့ ဒုံးခွင်းစနစ် တပ်ဆင်ထားတဲ့ USS Mahan ဆီ ကနေ သတိပေး ပစ်ခတ်ခဲ့ရပါတယ်။အမေရိကန်သင်္ဘောက အီရန်သင်္ဘောကို အကြိမ်များစွာ ဆက်သွယ်ခဲ့ပေမယ့် အီရန် သင်္ဘောက မတုံ့ပြန်ပဲ မီတာ ၁၀၀၀ အတွင်း ချဉ်းကပ်လာပြီးမှာ အဝေးကို ထွက်ခွာသွားခဲ့တယ်လို့ အမေရိကန်အရာရှိ တွေက ပြောပါတယ်။

ဇန်နဝါရီလထဲမှာလည်း Hormuz ရေလက်ကြားနားမှာ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ရဲ့ သင်္ဘောက USS Mahan ဆီကို အရှိန်ပြင်းပြင်းနဲ့ ဦးတည်မောင်းနှင်လာတာမို့ သတိပေးတဲ့အနေနဲ့ ပစ်ခတ် ခဲ့ရတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ဒီလို မောင်းနှင်မှုဟာ အန္တရာယ်ရှိသလို ကျွမ်းကျင်သူတွေရဲ့ နည်းစနစ်နဲ့ တုံ့ပြန်တာမျိုး မဟုတ်ဖူးလို့ ပင်တာဂွန် စစ်ဌာနချုပ် ပြောခွင့်ရ ရေတပ် ဗိုလ်ကြီး Jeff Davis ကပြောပါတယ်။

Your browser doesn’t support HTML5

အီရန် ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်