Indianapolis အခြေစိုက် BACI လို့ အတိုကောက်ခေါ်တဲ့ မြန်မာ အမေရိကန် Community အဖွဲ့ရဲ့ မကြာမီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ၂၀၀၀ ခုနှစ်ကစလို့ အမေရိကန်ပြည်ထောင်စုမှာ လာရောက် အခြေချတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်ဦးရေဟာ အခုဆိုရင် ၁ သိန်း ၃ သောင်းကျော် ရှိပြီဖြစ်ပါတယ်။ ဒီအထဲ Indiana ပြည်နယ်မှာ အခြေချတဲ့ ဒုက္ခသည်ဦးရေဟာ ၁ သောင်း ၇ ထောင် နဲ့ ၅၀၀ ရှိပြီး အများစုက ချင်းနဲ့ ဇိုမီးတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ အဖွဲ့ရဲ့ လေ့လာချက်အရ အထက်တန်းအောင် ဒုက္ခသည်ကျောင်းသားတွေအကြား ကောလိပ်ပညာ သင်ကြားနိုင်ကြတာ၊ ၂၀၁၂ ခုနှစ်က ၄၃ ရာခိုင်နှုန်းကနေ ၂၀၁၄ ခုနှစ်မှာ ၇၂ ရာခိုင်နှုန်း တိုးလာတယ်လို့ သိရပါတယ်။ Dim Suan Man ဟာ ဇိုမီးတိုင်းရင်းသူတဦး ဖြစ်ပါတယ်။ သူဟာ ဒီနှစ် အင်ဒီးယားနား တက္ကသိုလ် Bloomington မှာ ပထမနှစ် စတက်မှာဖြစ်ပါတယ်။ သူ့ရဲ့ ပညာသင်ကြားမှု အတွေ့အကြုံနဲ့ ပတ်သက်ပြီး Dim Suan Man ကို ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်းထားတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။
ဇိုမီးတိုင်းရင်းသူလေး Dim Suan Man နဲ့မေးမြန်းချက်
အမေရိကန်ပြည်ထောင်စု Indiana တက္ကသိုလ် Bloomington မှာ ပထမနှစ် တက်တော့မယ့် ဇိုမီးတိုင်းရင်းသူလေး Dim Suan Man