အိန္ဒိယ မြေပြိုမှု  သေဆုံးသူ ၂၆ ဦး ရှိပြီ

 landfall, in the western state of Gujarat

landfall, in the western state of Gujarat

ပြီးခဲ့တဲ့ရက်က အိန္ဒယနိုင်ငံ Maharashtra မဟာရာရှတြာပြည်နယ်အတွင်း မိုးကြီးမြေပြိုဖြစ်ခဲ့တဲ့အတွက် သေဆုံးဦးရေ ဟာ စနေနေ့အထိ ၂၆ ဦးရှိသွားပြီလို့ ကယ်ဆယ်ရေးတာဝန်ရှိသူတွေကထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် ဒါဇင်နဲ့ချီတဲ့ သူတွေရွှံနွံတွေအောက်ပိနေနိုင်သေးတယ်လို့လည်းပြောဆိုထားပါတယ်။

အိန္ဒိယ မြေပြိုမှု သေဆုံးသူ ၂၆ ဦး ရှိပြီ

ပြီးခဲ့တဲ့ရက်က အိန္ဒယနိုင်ငံ Maharashtra မဟာရာရှတြာပြည်နယ်အတွင်း မိုးကြီးမြေပြိုဖြစ်ခဲ့တဲ့အတွက် သေဆုံးဦးရေ ဟာ စနေနေ့အထိ ၂၆ ဦးရှိသွားပြီလို့ ကယ်ဆယ်ရေးတာဝန်ရှိသူတွေကထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် ဒါဇင်နဲ့ချီတဲ့ သူတွေရွှံနွံတွေအောက်ပိနေနိုင်သေးတယ်လို့လည်းပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က မွန်ဘိုင်းမြို့ကနေ ၃၇ မိုင်လောက်အဝေးမှာရှိတဲ့ Irshalwadi အိုက်ရှယ်ဝဒီ တောင်တန်း ဒေသအတွင်း ညဘက်မိုးကြီးမြေပြိုခဲ့တဲ့အတွက် အိမ်တွေအတော်များများလည်းပျက်စီးသွားခဲ့ပါတယ်။

မဟာရာရှတြာ ပြည်နယ်နယ်ရဲ့အနောက်ဘက် Yavatmal ရာဗတမယ်ဒေသအတွင်း ရေကြီးရေလျံမှုတွေ လည်းဖြစ်ခဲ့တဲ့ အတွက် အိန္ဒိယလေတပ်ကရဟတ်ယဉ်တွေအသုံးပြုပြီး သဘာဝဘေးသင့်သူတွေကို ကယ်ဆယ်ခဲ့ပါတယ်။
Navsari နာဗစရီ မြို့မှာတော့ လမ်းတွေရေမြုပ်နေတဲ့အတွက် ယဉ်ရထားတွေသွားလာရခက်ခဲနေပါတယ်။

အိန္ဒိယမှာ စိုက်ပျိုးရေးအတွက် မိုးရေကိုအားထားနေရပေမယ့်လည်း၊ မိုးအလွန်အကြွံရွာသွန်းမှုကြောင့် ရေကြီးရေလျံမှု၊ မြေပြိုမှုတွေဖြစ်ပွားပြီး၊ ရေကြောင့်ကူးဆက်တဲ့ရောဂါတွေလည်းခံစားကြ ရပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယ မြေပြိုမှု သေဆုံးသူ ၂၆ ဦး ရှိပြီ